Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ပန်းတောင်း ပွေးကျစ်ရဲစခန်း သိမ်းပိုက်စဥ် ရဲ ၂ဦးသေဟု NUG ထုတ်ပြန်

ပွေးကျစ်ရဲစခန်းတိုက်ခိုက်ခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနှင့် Burmese Guerrilla Force တို့ ပူးပေါင်း စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)

▪︎လက်နက်တိုက်ကိုဖောက်ပြီး လက်နက် ၈လက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းခဲ့ဟု ဖော်ပြ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်ပူးပေါင်းတပ်များက ယမန်နေ့တွင် ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ရာ ရဲ၂ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) က ယနေ့ထုတ်ပြန်သည်။

မေလ ၂ရက် နေ့လည်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြင်းခြံခရိုင်၊ တပ်ရင်း (၃) နှင့်ပူးပေါင်းအဖွဲ့များက ပွေးကျစ်ရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိပဲ ရဲ (၂) ဦး သေဆုံးကာ ရဲတပ်ကြပ်ကြီး (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ ရဲစခန်း၌ အင်အား ၁၃ဦးရှိရာ ၈ဦးသည် တရားရုံးချိန်းသွားနေချိန် လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

ရဲစခန်းအတွင်းရှိ ရန်သူ့မိသားစုဝင် အမျိုးသမီးနှင့်ကလေးများကို လွှတ်ပေးခဲ့ကြောင်း ဖော်ပြသည်။

(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)
(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)

တိုက်ပွဲပီးဆုံးချိန်တွင် ပွေးကျစ်ရဲစခန်းကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ရန်သူ့လက်နက်တိုက်ကို ဖွင့်ကာ G-4 (၁) လက်၊ G-3 (၂) လက်၊ အူစီ (၁) လက်၊ ခြောက်လုံးပူး (၄) လက်၊ လက်ပစ်ဗုံး (၈) လုံး၊ ရုံးသုံး Laptop (၁) လုံး၊ ကျင်စက် (၂) ခု၊ လက်ထိတ် (၁) ခုနှင့် ကျည် (၉၃၅) တောင့် သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်သည်။

ပွေးကျစ်ရဲစခန်းတိုက်ခိုက်ခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနှင့် Burmese Guerrilla Force တို့ ပူးပေါင်း စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)
(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)

ပွေးကျစ်ရဲစခန်း တိုက်ခိုက်ခံရမှုအပေါ်ဒေသခံအချို့က ဝမ်းသာကျေနပ်ကြောင်း လူမှုကွန်ရက်၌ရေးသားခဲ့ကြသည်။ တိုက်ပွဲဝင် PDF ရဲဘော်များ ဘေးကင်လုံခြုံစေရန်လည်း အချို့က ဆုတောင်းပေးကြသည်။ ယခင်က တိုက်ပွဲမရှိသည့် ဒေသ၌ စခန်းသိမ်း တိုက်ခိုက်မှု ဖြစ်ပေါ်လာသည့်အပေါ် ဒေသခံ အချို့က စိုးရိမ်ကြောင်းပြောသည်။

ပြည်သူတစ်​ယောက်က”စခန်းမှူးနဲ့ အကြပ်ကြီးက ထွက်ပြေးသွားတာထင်တယ်။ ပြည်သူ့ဖက်တော်သားPDF​တွေဘေးအန္တရာယ်ကင်းပြီးတိုက်ပွဲတိုင်းမှာအောင်မြင်ကြပါစေ”ဟု မှတ်ချက်ပြုသည်။