Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး နှစ်ဦးသေဟုဆို

ဖားကန့်မြို့၊အေးမြသာယာရပ်ကွက်ရှိ ညောင်ပင်ကုန်းအတက်တွင် ယင်းနေ့ ညနေက ၆နာရီခန့် က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဟု ဒေသခံများက ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်မြို့တွင် ဆန္ဒပြသူများအား ဖြိုခွင်းရန် ပြင်ဆင်နေသည့် ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်မြို့တွင် ဆန္ဒပြသူများအား ဖြိုခွင်းရန် ပြင်ဆင်နေသည့် ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယမန်နေ့(မေလ ၉ ရက်) ညနေက စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့၊အေးမြသာယာရပ်ကွက်ရှိ ညောင်ပင်ကုန်းအတက်တွင် ယင်းနေ့ ညနေက ၆နာရီခန့် က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဟု ဒေသခံများက ပြောသည်။

“စစ်တပ်ကကောင်တွေက ပြည်သူတွေကို တားဆီးပြီး စစ်နေတာ။ နေရာတော်‌တော်များများစစ် တယ်။ ညောင်ပင်ကုန်းအတက်မှာတော့ မိုင်းခွဲခံရတယ်။ နှစ်ကောင်သေတာ သေချာတယ်။ မျက်မြင်တွေ့ရတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် မည်သည့်အဖွဲ့က ဖောက်ခွဲတိုက်ခိုက်သည်ကို မသိရသေးပေ။

ယမန်‌နေ့ည ၉ နာရီခန့်ကလည်း ဖားကန့်မြို့ ကျောက်သွေတောင်လမ်းဆုံတွင် ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ည ၁၁နာရီခန့်တွင် ဖားကန့်မြို့ ဆိပ်မူရဲကင်းဘက်မှ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။