Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမြို့နယ်ရှိ ငါးယှန်ရွာကို စစ်တပ်မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀၀ခန့် ပြာကျ

ယမန်နေ့ (မေလ ၁၁ရက်) ညနေပိုင်းက မီးရှို့ခြင်းဖြစ်ပြီး စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုစံလင်းဆိုသူပွဲချင်းပြီးသေဆုံးခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူမှာလည်း ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ငါးယှန်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪︎​ရွာသားတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂၀၀ခန့် ပြာကျပြီး ရွာသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မေလ ၁၁ရက်) ညနေပိုင်းက မီးရှို့ခြင်းဖြစ်ပြီး စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုစံလင်းဆိုသူပွဲချင်းပြီးသေဆုံးခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူမှာလည်း ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ငါးယှန်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ငါးယှန်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

” ရွာတစ်ဝက်လောက်ကမီးထဲပါသွားပါတယ်။ မီးထဲပါသွားတဲ့ ရွာမြောက်ခြမ်းက လက်လုပ် လက်စားတွေများပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ငါးယှန်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ငါးယှန်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ယမန်နေ့ညကပင် စစ်ကောင်စီတပ်သည် ချောင်းဦးမြို့ပေါ်ရှိ ရပ်ကွက် သုံးခုအား မီးဝင်ရှို့ရာ နေအိမ် ငါးလုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ချောင်းဦးမြို့နယ်တွင် မေလ ၉ ရက်က စျေးဝယ်လာသော စစ်သားနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့ကာ မေလ၁၀ ရက်ကလည်း စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။