Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုခါမုန်တိုင်းမြန်မာ့ကမ်းရိုးတန်းဖြတ်သန်းချိန်တွင်​လေတိုက်နှုန်း မိုင် ၁၁၀ ခန့်အထိ့ရှိနိုင်ဟု မုန်တိုင်း​စောင့်ကြည့်​ရေဌာနများခန့်မှန်း

အ​မေရီကန်​ရေတပ်၏ မုန်တိုင်း​စောင့်ကြည့်သတိ​ပေး​သောဌာန ဖြစ်​သောJTWC(Join Typhoon Warning Centre)ကမြန်မာနှင့် ဘင်္ဂလား​ဒေရှ် ကမ်းရိုးတန်းများကိုဖြတ်​ကျော်တိုက်ခတ်ချိန်တွင် တစ်နာရီ​လေတိုက်နှုန်း မိုင် ၁၁၀ ခန့် (၁၀၉. ၂၅)အထိ့ရှိနိုင်​ကြောင်းယ​နေ့ထုတ်ပြန်သည်။

(JTWC ၊ Winderground ၊ IMD တို့၏ မုန်တိုင်းအင်အား၊ဖြတ်သန်းနိုင်​သောလမ်း​ကြောင်းခန့်မှန်းချက်များနှင့် မုန်တိုင်းကို ဂြိုဟ်တုမှ မြင်​တွေရ​သောပုံများဖြစ်ပါသည်)
(JTWC ၊ Winderground ၊ IMD တို့၏ မုန်တိုင်းအင်အား၊ဖြတ်သန်းနိုင်​သောလမ်း​ကြောင်းခန့်မှန်းချက်များနှင့် မုန်တိုင်းကို ဂြိုဟ်တုမှ မြင်​တွေရ​သောပုံများဖြစ်ပါသည်)

မိုခါ(မိုချာ)ဆိုင်ကလုန်းမုန်တိုင်းသည် အားအလွန်​ကောင်​သောမုန်တိုင်းအဖြစ် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်ရှိ​နေပြီး ​မေ ၁၄ ရက်(တနဂါ်​နွေ​နေ့)မြန်မာနှင့် ဘင်္ဂလား​ဒေရှ်ကြားမှ ရခိုင်ကမ်းရိုးတန်း ဖြတ်​ကျော်ချိန်တွင် တစ်နာရီ​လေတိုက်နှုန်း အမြင့်ဆုံး ၁၁၀ ခန့်အထိရှိနိုင်​ကြောင်းနိုင်ငံတကာမုန်တိုင်း​​စောင့်ကြည့်သတိ​ပေး​သောဌာနနှင့်မိုးဇလ တို့ကယ​နေ့ ခန့်မှန်းသည်။

အ​မေရီကန်​ရေတပ်၏ မုန်တိုင်း​စောင့်ကြည့်သတိ​ပေး​သောဌာန ဖြစ်​သောJTWC(Join Typhoon Warning Centre)ကမြန်မာနှင့် ဘင်္ဂလား​ဒေရှ် ကမ်းရိုးတန်းများကိုဖြတ်​ကျော်တိုက်ခတ်ချိန်တွင် တစ်နာရီ​လေတိုက်နှုန်း မိုင် ၁၁၀ ခန့် (၁၀၉. ၂၅)အထိ့ရှိနိုင်​ကြောင်းယ​နေ့ထုတ်ပြန်သည်။

အလားတူ အ​မေရီကန်အ​ခြေစိုက် မိုးဇလ ခန့်မှန်း​ရေးဌာနဖြစ်​သော Wundergroundက လည်း ကမ်းရိုးတန်းကိုဖြတ်​ကျော်တိုက်ခတ်ချိန်တွင် တစ်နာရီလျှင် မိုင် ၁၁၀ နှုန်းဖြင့်တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။

အိန္ဒိယမိုးဇလ(IMD)ကလည်း ​မေ ၁၄ ရက်​နေ့ခင်းပိုင်းတွင် မြန်မာနိုင်ငံ​ကျောက်ဖြူ မြို့နှင့် ဘင်္ဂလား​ဒေရှိနိုင်ငံ ​ကော့ဘဇာတို့ကြားမှ ကုန်းတွင်းပိုင်းဖြတ်သန်းချိန်တွင် တစ်နာရီလျှင် အနိမ့်ဆုံး​လေတိုက်နှုန်း ၉၃ မိုင်မှအမြင့်ဆုံး ၁၀၉ မိုင်ခန့်( ၁၀၈ .၇၄ မိုင်)ဖြင့်တိုက်ခတ်နိုင်​ကြောင်းယ​နေ့ည​နေပိုင်းတွင်ထုတ်ပြန်သည်။

ယခုအခါ မုန်တိုင်းသည် စစ်တွေမြို့၏တောင်-အနောက်တောင်ဘက် ၅၁၅ မိုင်ခန့်အကွာ ၊ ​ကော့ဘဇာ မြို့၏ ​တောင် ၊အ​နောက်​​တောင်ဘက် ၅၆၀ ခန့်အကွာ ဘင်္ဂလားပင်လယ်​အော် တွင်ရှိ​နေပြီး ​မြောက် ၊အ​ရှေ့မြာက်အရပ်သို့​ရွေ့လျား​နေသည်။ ဆိုင်ကလုန်းမုန်းတိုင်းသည် ယ​နေ့ည နှင့်​မေ ၁၃ ရက်တွင် ပို၍ အား​ကောင်းလာမည်ဖြစ်ပြီး ယခုအ​ခြေအ​နေမှာပင် မုန်တိုင်းမျက်စီ ​ဖြစ်​ပေါ်လုနီးပါးအား​ကောင်း​နေသည်ကို အန္ဒိယမိုးဇလ ၏ ဂြိုဟ်တုပုံရိပ်တွင်​တွေ့ရသည်။

(JTWC ၊ Winderground ၊ IMD တို့၏ မုန်တိုင်းအင်အား၊ဖြတ်သန်းနိုင်​သောလမ်း​ကြောင်းခန့်မှန်းချက်များနှင့် မုန်တိုင်းကို ဂြိုဟ်တုမှ မြင်​တွေရ​သောပုံများဖြစ်ပါသည်)
(JTWC ၊ Winderground ၊ IMD တို့၏ မုန်တိုင်းအင်အား၊ဖြတ်သန်းနိုင်​သောလမ်း​ကြောင်းခန့်မှန်းချက်များနှင့် မုန်တိုင်းကို ဂြိုဟ်တုမှ မြင်​တွေရ​သောပုံများဖြစ်ပါသည်)

​မေ ၁၄ ရက်​နေ့ခင်းပိုင်းတွင် ​ကျောက်ဖြူမြို့နှင့် ​ကော့ဘဇာ မြို့ကြားမှ ( ရခိုင်ကမ်းရိုးတန်းကို အဓိကဦးတည်၍) တစ်နာရီလျှင် ​လေတိုက်နှုန်းအနိမ့်ဆုံး ၉၃ မိုင်မှအမြင့်ဆုံး ၁၀၉ မိုင်ခန့်( ၁၀၈ .၇၄ မိုင်)ဖြင့်တိုက်ခတ်နိုင်​ကြောင်း အိန္ဒိယမိုးဇလကခန့်မှန်းထားသည်။မုန်တိုင်းခန့်မှန်းချက်အများစုသည် ဦးတည်ရာ နှင့် ကမ်း​ခြေဖြတ်သန်းချိန် တို့တွင် ယခုအချိန်ထိအ​ပြောင်းအလဲ များစွာမရှိ​​သော်လည်း ​လေတိုက်နှုန်းမှာယခင်ရက်များခန့်မှန်းထားသည်ထက် ပိုများလာသည်ကို​တွေ့ရသည်။

သို့သော်အဆိုပါ​လေတိုက်နှုန်းနှင့်တိုက်ခတ်ခဲ့ပါကလျှင် ၂၀၀၈ ​မေလ ၂ ရက်ကတိုက်ခတ်ခဲ့​သောနာဂစ်မုန်တိုင်းထက် အင်အားများစွာ​လျော့ပြီး နာဂစ်မုန်တိုင်းသည် ​လေတိုက်နှုန်းအမြင့်ဆုံးအချိန်တွင် ၁ နာရီလျှင် မိုင် ၁၃၀ ​ကျော် (၂၁၅ ကီလိုမီတာ​ကျော်) နှုန်းဖြင့်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင်၂၀၁၀ ​အောက်တိုဘာ ၂၂ ရက်ကတိုက်ခတ်ခဲ့​သော ဂီရိမုန်တိုင်းထက်လည်းအားနည်းပြီး ဂီရိမုန်တိုင်းမှာ တစ်နာရီ​လေတိုက်နှုန်း အမြင့်ဆုံအချိန်တွင် မိုင် ၁၂၀( ၁၉၅ ကီလိုမီတာ )နှုန်းရှိခဲ့သည်။

အမျိုးသားညီညွတ်​ရေးအစိုးရ၏ လူသားချင်းစာနာ​ထောက်ထား​ရေူနှင့် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ​ရေးဝန်ကြီးဌာန (MOHADM)ကခန့်မှန်းရာတွင် မုန်တိုင်းသည်မေလ၁၄ရက်နေ့၊ ညသန်ခေါင်းယံအချိန်တွင် ရခိုင်ကမ်းရိုးတန်းကို မောင်တောမြို့နှင့် စစ်တွမြို့ကြား(ကျောက်ပန္ဒူရွာအနီး)မှ ဖြတ်ကျော်ဝင်ရောက်နိုင် ပြီးရခိုင်တောင်တန်းများကြောင့် ကမ်းဖြတ်ခါနီးတွင် မုန်တိုင်းအင်အား(၂)ဆင့်ခန့် လျော့ကျ သွားနိုင်ကာ လေတိုက်နှုန်းမှာ အများဆုံး ၇၀မှ၇၅မိုင်ခန့်နှုန်းဖြင့် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

(JTWC ၊ Winderground ၊ IMD တို့၏ မုန်တိုင်းအင်အား၊ဖြတ်သန်းနိုင်​သောလမ်း​ကြောင်းခန့်မှန်းချက်များနှင့် မုန်တိုင်းကို ဂြိုဟ်တုမှ မြင်​တွေရ​သောပုံများဖြစ်ပါသည်)
(JTWC ၊ Winderground ၊ IMD တို့၏ မုန်တိုင်းအင်အား၊ဖြတ်သန်းနိုင်​သောလမ်း​ကြောင်းခန့်မှန်းချက်များနှင့် မုန်တိုင်းကို ဂြိုဟ်တုမှ မြင်​တွေရ​သောပုံများဖြစ်ပါသည်)

မုန်တိုင်ဒီ​ရေများလည်း တက်နိုင်ပြီး စစ်တွေတွင်မုန်တိုင်းဒီရေ ၁၂ပေ၊စစ်တွေနှင့်ကျောက်ဖြူကြားတွင် မုန်တိုင်းဒီရေအမြင့်၁၄ပေမှ၁၆ပေ ၊ကျောက်ဖြူနှင့်ရမ်းဗြဲကြားတွင်မုန်တိုင်းဒီရေအမြင့် ၆ပေမှ၈ ပေ အထိမြင့်တက်နိုင်သည်ဟုMOHADMကခန့်မှန်းထားသည်။

မုန်တိုင်း​ကြောင့် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းမိုးသည်းထန်စွာရာသွန်းခြင်း ၊ လေပြင်းတိုက်ခတ်ခြင်း များကြုံနိုင်​ကြောင်းမိုး​ဇလ ဌာနများကခနိ့မှန်းထားသည်။မိုးသည်ထန်စွာရွာသွန်းခြင်းနှင့်အတူ ရုတ်တရက်​ရေကြီးခြင် ၊​​မြေပြိုခြင်းစ​သော သဘာဝ​ဘေးအန္တရာယ်များကိုသတိထားရန်လိုသည်။

(JTWC ၊ Winderground ၊ IMD တို့၏ မုန်တိုင်းအင်အား၊ဖြတ်သန်းနိုင်​သောလမ်း​ကြောင်းခန့်မှန်းချက်များနှင့် မုန်တိုင်းကို ဂြိုဟ်တုမှ မြင်​တွေရ​သောပုံများဖြစ်ပါသည်)
(JTWC ၊ Winderground ၊ IMD တို့၏ မုန်တိုင်းအင်အား၊ဖြတ်သန်းနိုင်​သောလမ်း​ကြောင်းခန့်မှန်းချက်များနှင့် မုန်တိုင်းကို ဂြိုဟ်တုမှ မြင်​တွေရ​သောပုံများဖြစ်ပါသည်)

အား​ကောင်းသည့်မုန်တိုင်းအရှိန်​ကြောင့် မကွေး တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ​​နောက် ၂၄ တိုက်ခတ်နိုင်သည်ဟု စစ်​ကောင်စီလက်​အောက်ရှိ မိုးဇလက ခန့်မှန်းထားသည်။

ရခိုင်နှင့် ဧရာဝတီကမ်းရိုးတန်း​ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ​လေပြင်းတိုက်ခတ်ခြင်း ပိုမိုပြင်းထန်မည်ဟု မိုးဇလ ဌာနများကခန့်မှန်းထားသည်။