Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကဆက်သွယ်ရေးဖြတ်ထား၍ မုန်တိုင်းသတင်းကို နီးစပ်ရာရွာများအလိုက် ရသည့်နည်းဖြင့် အမြန်ဆော်ဩရန် မင်းတပ် CDF တိုက်တွန်း

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း ကျေးရွာများသို့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု မကြာခဏ လုပ်ဆောင်ခဲ့ရာ အရပ်သားသေဆုံးထိခိုက်ရှိခဲ့သည်။

(မိုခါမုန်တိုင်းကို ယ​နေ့ ဂြိုဟ်တုမှ​တွေ့ရစဥ်။ဓါတ်ပုံ-JTWC)
(မိုခါမုန်တိုင်းကို ယ​နေ့ ဂြိုဟ်တုမှ​တွေ့ရစဥ်။ဓါတ်ပုံ-JTWC)

▪︎မုန်တိုင်းရှိသော်လည်း စစ်ကောင်စီတိုက်လေယာဉ် ပျံသန်းမှုကြောင့် မင်းတပ်နှင့် ဆောဒေသခံများ စိုးရိမ်နေရ

မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်၍ မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ပြည်သူလူထုသို့ အသိပေးချက်တစ်ရပ် ယနေ့ ထုတ်ပြန်ခဲ့ရာ မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီကဆက်သွယ်ရေးလိုင်း (တယ်လီဖုန်းလိုင်း၊ အင်တာနက်လိုင်း) အားလုံးကို ဖြတ်တောက်ထားဆဲဖြစ်၍ လေပြင်းမုန်တိုင်းသတင်းကို ပြည်သူများ၏ နီးစပ်ရာကျေးရွာ၊ အုပ်စုအလိုက် ရနိုင်သောနည်းလမ်းဖြင့် အမြန်ဆုံး အသိပေးဆော်ဩပေးရန် တိုက်တွန်းလိုက်သည်။

မုန်တိုင်းသည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံအတွင်းက ပြည်သူ ၁ ဒသမ ၇ သန်းကျော်အပေါ် လေပြင်းတိုက်ခိုက်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်း၊ မိုးကြီးခြင်းအန္တရာယ်များ ကျရောက်စေနိုင်သည်ဟု ကြားသိရသောကြောင့် မင်းတပ် CDFက ယခုကဲ့သို့ အသိပေးလိုက်ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

အ​မေရီကန်​ရေတပ်၏ မုန်တိုင်း​စောင့်ကြည့်​သတိ​ပေးရေးစင်တာဖြစ်​သော JTWC ၊အ​မေရီကန်အ​ခြေစိုက် မုန်တိုင်းနှင့် ရာသီဥတု သတင်းများထုတ်ပြန်​ပေး​သော Wunderground နှင့် အိန္ဒိယမိုးဇလ(IMD)တို့က ကမ်းရိုးတန်းဝင်ချိန်တွင် ​လေတိုက်နှုန်းအမြင့်ဆုံး မိုင် ၁၁၀ ခန့်အထိတိုက်ခတ်နိူင်​ကြောင်းသတိ​ပေးထားသည်။

ယခုရက်သတ္တပတ်အတွင်း မင်းတပ်မြို့နယ်နှင့်အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ အနေဖြင့် လေပြင်းမုန်တိုင်းသတင်းကို နားစွင့်ပြီး၊ အကာအကွယ်ပေးနိုင်သောနေရာများတွင် အထူးသတိပြု နေထိုင်ကြရန် မင်းတပ် CDFက တိုက်တွန်းသည်။

မင်းတပ်နှင့် ဆက်စပ်နေသည့် ယောဒေသတွင်လည်း မုန်တိုင်း၏ သက်ရောက်မှု ရှိနိုင်သော်လည်း ယနေ့ညပိုင်းထိ စစ်ကောင်စီက ဆောမြို့နယ်သို့ လေကြောင်း ပျံသန်းလှုပ်ရှားမှုရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ တိုက်လေယာဉ်လာ၍ ခိုအောင်းနေရကြောင်း ဆောဒေသခံက ပြောသည်။ လေကြောင်း တိုက်ခိုက်မှု ပြုမပြုကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မင်းတပ် ဒေသခံတစ်ဦးကလည်း ယနေ့ ညနေ ၆နာရီ ၂၀ခန့်တွင် မင်းတပ်မြို့နယ် ကျေးရွာများသို့ စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီး အနောက်သို့ ဦးတည်ပျံသန်းသွားသည်ဟု ဒေသခံက ပြောသည်။

ယနေ့ ညနေ ၅နာရီခန့်မှပြီး မင်းတပ်မြို့ပေါ်နှင့်ကျေးရွာများ၌ MPT ဖုန်းလိုင်း ပြန်ရကြောင်းလည်း ဒေသခံအချို့ကလူမှုကွန်ရက်၌ ရေးသားထားသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း ကျေးရွာများသို့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု မကြာခဏ လုပ်ဆောင်ခဲ့ရာ အရပ်သားသေဆုံးထိခိုက်ရှိခဲ့သည်။