Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုသိမ်ကြီးနယ်ရှိ နေအိမ်ဖယ်ရှားခံရမည့် မိသားစုများ ရွှေ့ပြောင်းနေထိုင်ရေး ပြည်သူအချင်းချင်း အကူအညီများပေး

စစ်​ကောင်စီက လယ်ယာ​မြေ ဥပ​ဒေပုဒ်မ ၁၉ (ဃ)အရ လယ်ယာ​မြေ ​ပေါ်တွင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထား​သောအ​ဆောက်အအုံများဟု ဆိုထားသည်။

(ဖယ်ရှားပေးရမည့် ကန်ကောက်ရွာနှင့်နန်းဦးလွင် ​ကျေးရွာအုပ်စုရှိ နေအိမ်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ဖယ်ရှားပေးရမည့် ကန်ကောက်ရွာနှင့်နန်းဦးလွင် ​ကျေးရွာအုပ်စုရှိ နေအိမ်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ-CJ)

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ရှိ နန်းဦးလွင် ကျေးရွာအုပ်စုရှိ နေအိမ်ဖယ်ရှားခံရမည့်မိသားစုများအတွက် ရွှေ့ပြောင်းနေထိုင်ရေး ပြည်သူအချင်းချင်း အကူအညီများ ပြန်ပေးနေကြကြောင်းနယ်ခံများက ပြောသည်။

လာမည့် ဇူလိုင် ၆ ရက်တွင် ဖယ်ရှားပေးရန် အာဏာသိမ်းစစ်ကောင်စီ၏ ဖိအားပေးခံထားရသည့် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုရှိ နေအိမ်များနှင့် ၎င်းကျေးရွာအုပ်စုရှိ ကန်ကောက်ရွာမှ နေအိမ် ၉,၀၀၀ ကျော် ရွှေ့ပြောင်းနေထိုင်ရေးကိစ္စများအား ဝိုင်းဝန်းကူညီသူများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ရွှေ့ပြောင်းရန်အတွက် ကားများအခမဲ့ကူညီပေးခြင်း၊ အဲကွန်းများအား အခမဲ့ဖြုတ်ကာပြန်လည် တပ်ဆင်ပေးခြင်း၊ နေစရာအတွက် အခမဲ့ကူညီခြင်းများ ပြုလုပ်ပေးနေကြကြောင်း မြို့ခံများက ပြောသည်။

“အကူအညီပေးတဲ့သူတွေလည်းရှိတယ်။ ကူညီတဲ့သူတွေလည်း တော်တော်သတိထားရမယ်။ ကူညီရင်တောင်ဒုက္ခပေးနိုင်တော့။”ဟု ပုသိမ်းကြီးနယ်ဒေသခံတစ်ဦးက ပြောသည်။

(ဖယ်ရှားပေးရမည့် ကန်ကောက်ရွာနှင့်နန်းဦးလွင် ​ကျေးရွာအုပ်စုရှိ နေအိမ်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ဖယ်ရှားပေးရမည့် ကန်ကောက်ရွာနှင့်နန်းဦးလွင် ​ကျေးရွာအုပ်စုရှိ နေအိမ်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ-CJ)

ကန်ကောက်ရွာအတွင်းလည်း လူစုလူဝေးများဖြစ်ပေါ်နေပြီး စစ်ကောင်စီအဖွဲ့က အရပ်ဝတ်ဖြင့်စောင့်ကြည့်နေကြောင်း မြို့ခံများက ပြောသည်။

နန်းဦးလွင်ကျေးရွာအုပ်စု၊ ကန်ကောက်ရွာမှ စစ်ကောင်စီဖယ်ရှားမည့် နေအိမ် စုစုပေါင်း ၉,၀၀၀ ကျော်ရှိပြီး အိမ်ကြီးအိမ်ကောင်းများ အများအပြားပါဝင်သည်။

ထို့အပြင် သောင်းချီသော မိသားစုဝင်များမှာ နေစရာအတွက် အိမ်ငှားနေထိုင်ရန် အိမ်အမြန်ရှာဖွေနေရပြီး အိမ်ငှားခများလည်း မြင့်တက်နေ၍ အခက်အခဲများတွေ့နေသည်။

၁၀ရက်အတွင်းမဖယ်ရှားပါက အင်အားသုံးဖယ်ရှားမည်ဟု စစ်ကောင်စီက ခြိမ်း​​ခြောက်ထားပြီး ၊ဖယ်ရှားရမည့် နေအိမ်များ၊လမ်းများကို ဇွန် ၂၆ရက်တွင် ဆေးနီဖြင့် သုတ်ထား​သည်။

​ဖယ်ရှားခံ နေအိမ်များ​ဆောက်လုပ်​နေထိုင်သည်မှာ ကာလကြာပြီဖြစ်ပြီး ယခုမှ အာဏာသိမ်းစစ်​ကောင်စီက လယ်ယာ​မြေကိုဝယ်ယူ​နေထိုင်သည်ဆိုကာ ဖယ်ရှားခိုင်းခြင်းမှာ ပြည်သူများဒုက္ခ​ရောက်​အောင် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းသာဖြစ်​ကြောင်း ​ဒေသခံများက​ ပြောသည်။

(ဖယ်ရှားပေးရမည့် ကန်ကောက်ရွာနှင့်နန်းဦးလွင် ​ကျေးရွာအုပ်စုရှိ နေအိမ်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ဖယ်ရှားပေးရမည့် ကန်ကောက်ရွာနှင့်နန်းဦးလွင် ​ကျေးရွာအုပ်စုရှိ နေအိမ်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ-CJ)

စစ်​ကောင်စီက လယ်ယာ​မြေ ဥပ​ဒေပုဒ်မ ၁၉ (ဃ)အရ လယ်ယာ​မြေ ​ပေါ်တွင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထား​သောအ​ဆောက်အအုံများဟု ဆိုထားသည်။

စစ်ကောင်စီတပ်သည် ဇွန်လအတွင်း၌လည်း ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု (၁) ဘက်ရှိ နေအိမ်များကို ဖယ်ရှားခဲ့သည်။ထိုအပြင် စစ်​ကောင်စီသည် မန္တလေးမြို့သစ် ကံကြီးကုန်း ၊ဇီးအုပ်ရပ်ကွက်ရှိနေအိမ်များ အပါအဝင် မန္တလေးမြို့အနှံ့က ​သောင်းနှင့်ချီ​သော ​နေအိမ်များကိုလည်း ကျူး​ကျော်ဆိုကာဖျက်ဆီးခဲ့သည်။

ထို့အပြင် ရန်ကုန်မြို့တွင်လည်း လှိုင်သာယာ၊ မဂ်လာဒုံ ၊မရမ်းကုန်း စ​သဖြင့် မြို့နယ်များစွာတွင် ​နေအိမ်​​ပေါင်းသာင်းနှင့်ချီ၍ ကျူး​ကျော်ဟုဆိုကာ အင်အားသုံးဖျက်ဆီးဖယ်ရှားခဲ့သည်။