Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လေကြောင်းရန်နှင့် လက်နက်ကြီးရန်ကာကွယ်ရေး ဗုံးခိုကျင်း တစ်ထောင်ကျော် ပြည်သူ၏ အလှူငွေဖြင့် တူးဖော်ထားဟု NUG အသိပေး

ယမန်နေ့ (ဇူလိုင် ၁ရက်) ညတွင် သတင်းထုတ်ပြန်ခြင်းခြင်းပြီး ” အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိပါတယ်” ဟု MOHADMက ဖော်ပြထားသည်။

လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဗုံးခိုကျင်း တစ်ထောင်ကျော်ကို ပြည်သူလူထု၏ အလှူငွေဖြင့်တူးဖော်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၁ရက်) ညတွင် သတင်းထုတ်ပြန်ခြင်းခြင်းပြီး ” အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိပါတယ်” ဟု MOHADMက ဖော်ပြထားသည်။

” စစ်ကောင်စီဟာ ကျရှုံးဘက်ကို ရောက်တာတော့ ပြည်သူတွေ၊ အရပ်သားတွေကို ရက်ရက်စက်စက်ကို အကြမ်းဖက်တိုက်ခိုက်နေတယ်။ ဒါကို နည်းမျိုးစုံနဲ့ ကာကွယ်ရာမှာ နိုင်ငံအနှံ့က ပြည်သူလူထုရဲ့အကူအညီတွေလည်းရရှိခဲ့ပါတယ်”ဟု NUG အစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ပြည်သူ့အခြေပြုစာသင်ကျောင်းများနှင့် ကျောင်းများတည်ရှိရာဒေသများတွင်လည်း လေကြောင်းရန်နှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် “CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ” အစီအစဥ်ဖြင့် ရန်ပုံငွေရှာဖွေပြီး ဗုံးခိုကျင်းများစတင်တူးဖော်ပေးခဲ့ခြင်းဟု သိရသည်။ ထို့နောက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အဆမတန်အသုံးပုတိုက်ခိုက်လာရာ မြေပြင်စာသင်ကျောင်းများသာမက စစ်ဘေးရှောင်များအတွက် ယာယီပုန်းခိုစရာနေရာများ၊ ဗုံးခိုကျင်း‌များနှင့် ကတုတ်ကျင်းများအား တူးဖော်ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဗုံးခိုကျင်း၁,၁၇၅ ကျင်းတူးဖော်ခဲ့ပြီးဖြစ်ကြောင်း MOHADMက ထုတ်ပြန်ထားသည်။

သစ်၊ဝါး၊ သဲအိတ်များဖြင့် တူးဖော်တည်ဆောက်သည့် ဗုံးခိုကျင်းတစ်ကျင်းလျှင် ကျပ်သုံးသိန်းခန့်ကုန်ကျပြီး ရပ်ရွာလူထုအားဖြင့် တူးဖော်ခြင်းဟု သတင်းရရှိသည်။