Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆဒုံး – ကန်ပိုက်တီ စစ်ကောင်စီတပ်နှင့် နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်နေဟု KIA ပြော

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးပေ။ KIA အနေဖြင့် တိုက်ပွဲ၌ ထိခိုက်ကျဆုံးအခြေအနေများနှင့်ပတ်သက်ပြီး ပုံမှန်အခြေအနေများ၌ အသိပေးလေ့မရှိပေ။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများ စစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ တပ်သားများ စစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုက်တီလမ်း၌ ဇွန်လနောက်လနောက်ဆုံးပတ်ကစ၍ တိုက်ပွဲများနေစဉ်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ပြောကြားသည်။

ဇွန်လ ၂၆ရက်မှစ၍ နေ့တိုင်းဆိုသလို တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယမန်နေ့ (ဇူလိုင် ၁ရက်) နံနက် ၉နာရီမှ ညနေ ၄နာရီအထိ တစ်နေ့ကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

” ဖြစ်စဉ်ကတော့ စကစက ဆဒုံး-ကန်ပိုက်တီလမ်းတကြောကို သူတို့က နယ်မြေရှင်းလင်းရေးတွေပေါ့ နယ်မြေစိုးမိုးရေးလုပ်ချင်လို့ ကျနော်တို့ KIA တွေမရှိအောင် လမ်းရှင်းဖို့သူတို့ကစစ်ဆင်ရေးလုပ်တယ်ဆိုတဲ့ သတင်းတွေကြားပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့နဲ့ တိုက်ပွဲတွေရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးပေ။ KIA အနေဖြင့် တိုက်ပွဲ၌ ထိခိုက်ကျဆုံးအခြေအနေများနှင့်ပတ်သက်ပြီး ပုံမှန်အခြေအနေများ၌ အသိပေးလေ့မရှိပေ။