Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ အချိန်ကြာပြီး သွေးမြေကျ ပေးဆပ်မှုတွေ ရှိလိမ့်မယ်လို့ အမေရိကန် စစ်ဦးစီး ဗိုလ်ချုပ်ကြီး သတိပေး

ယူကရိန်းဟာ တိုက်လေယာဉ် အစီး ၁၂၀ လောက် တောင်းဆိုနေတာလည်း မဟုတ်ကြောင်း၊ ယူကရိန်းက တစ်ကမ္ဘာလုံးကို ပတ်သိမ်းဖို့ ကြံစည်နေတာ မဟုတ်ကြောင်း၊ အရေအတွက် အကန့်အသတ် တစ်ခုလောက် ပမာဏမျိုးနဲ့ စစ်လက်နက်တွေ ရရင်တောင် လုံလောက်ကြောင်း သူက ပြောကြားသွားပါတယ်။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ အချိန်ကြာပြီး သွေးမြေကျ ပေးဆပ်မှုတွေ ရှိလိမ့်မယ်လို့ အမေရိကန် စစ်ဦးစီး ဗိုလ်ချုပ်ကြီး သတိပေး
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ အချိန်ကြာပြီး သွေးမြေကျ ပေးဆပ်မှုတွေ ရှိလိမ့်မယ်လို့ အမေရိကန် စစ်ဦးစီး ဗိုလ်ချုပ်ကြီး သတိပေး

ကျူးကျော်သူ ရုရှားတပ်တွေအပေါ် ယူကရိန်းက ဆင်နွှဲနေတဲ့ တန်ပြန်ထိုးစစ်ဟာ အချိန်အရမ်း ရှည်ကြာပြီး သွေးမြေကျ ဖြစ်ရပ်တွေ အရမ်းများလိမ့်မယ်လို့ အမေရိကန် လက်နက်ကိုင် တပ်တွေရဲ့ ဦးစီး အရာရှိက သတိပေးခဲ့ပါတယ်။

ရုရှား သိမ်းယူထားတဲ့ နယ်မြေတွေကို ပြန်လည် ရရှိဖို့ အားထုတ်နေတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ အစပိုင်းမှာ ထင်ထားသလောက် တိုးတက်မှုတွေ မရခဲ့တဲ့အပေါ် မအံ့ဩဘူးလို့ ဗိုလ်ချုပ်ကြီး မတ်ခ်မစ်လီက ဆိုပါတယ်။ ဒါပေမဲ့ ယူကရိန်းဟာ တဖြည်းဖြည်းချင်း ရှေ့တိုး ချီတက်နေနိုင်တယ်လို့ သူက အသိအမှတ် ပြုခဲ့ပါတယ်။

တိုးတက်မှု အရှိန်အဟုန် နှေးကွေးနေတာကို နားလည်ကြောင်း၊ ဒါကိုက စစ်ရဲ့ သဘော သဘာဝ တစ်ခုဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။

အနောက်မဟာမိတ် နိုင်ငံတချို့ဟာ ယူကရိန်း လေယာဉ်မှူးတွေကို လေ့ကျင့်ပေးမယ်ဆိုတဲ့ ကတိကို မတည်ကြဘဲ လက်ရှောင်နေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ထုတ်ဖော် စွပ်စွဲခဲ့တဲ့နောက် မစ်လီက အခုလို မှတ်ချက် ပေးလာခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းဆီ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ချိန်မှာ အဆင်သင့် ဖြစ်စေဖို့အတွက် ယူကရိန်း တိုက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးမယ်လို့ အနောက်ဥရောပ နိုင်ငံတချို့က ကတိပြုထားပါတယ်။ ဒါပေမဲ့ အဲဒီထဲက အတိုင်းအတာ တစ်ခုထိ များပြားတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ ကတိကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ဆုတ်ဆိုင်းနေတယ်လို့ ဇီလန်စကီးက စွပ်စွဲထားတာပါ။

အမေရိကန် လက်နက်ကိုင် တပ်တွေ အားလုံးကို ကွပ်ကဲရတဲ့ ဗိုလ်ချုပ်ကြီး မစ်လီက ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် တိုးတက်မှု အရှိန်အဟုန် နှေးကွေးရတဲ့ အဓိက အကြောင်းရင်း တခုကတော့ စိန်ခေါ်မှု ကြီးမားပြီး အပြောကျယ်လှတဲ့ မိုင်းကွင်းတွေကို ဖြတ်သန်းနေရတာကြောင့်လည်း ဖြစ်တယ်လို့ ဝါရှင်တန်မှာ ပြုလုပ်တဲ့ အခမ်းအနား တခုမှာ ပြောကြားသွားပါတယ်။ ဒီအခြေအနေမှာ ယူကရိန်း တပ်တွေဟာ တနေ့ကို မီတာ ၅၀၀ နဲ့ ၂၀၀၀ ကြားလောက်သာ ရှေ့တိုး ချီတက်နိုင်တာ မဆန်းဘူးလို့ သူက သုံးသပ်ခဲ့ပါတယ်။

ယူကရိန်းရဲ့ တန်ပြန် ထိုးစစ်နဲ့ ပတ်သက်လို့ အမျိုးမျိုး သုံးသပ်ထားတာတွေ ရှိခဲ့ကြောင်း၊ ဒါပေမဲ့ စာရွက်ပေါ်မှာ ရေးထားတဲ့ စစ်ပွဲအကြောင်း သုံးသပ်ချက်တွေဟာ တကယ့် စစ်မြေပြင်နဲ့ အရမ်းကွာခြားကြောင်း၊ တကယ့်စစ်ပွဲတွေမှာ လူ့အသက်တွေ သေဆုံးနေရကြောင်း၊ စစ်ပွဲဟာ ရှည်ကြာနိုင်ပြီး သွေးထွက်သံယို အနိဋ္ဌာရုံတွေ ဖုံးလွှမ်းနေနိုင်တယ်ဆိုတဲ့ အရှိတရားကို မေ့မပစ်သင့်ကြောင်းလည်း မစ်လီက ဆိုပါတယ်။

စစ်မြေပြင်မှာ ယူကရိန်း စစ်သည်တွေဟာ မိုင်းကွင်းတွေကို ဖြတ်ပြီး ကတုတ်ကျင်းတွေထဲမှာ ရန်သူနဲ့ အနီးကပ် တိုက်ခိုက်နေရကြောင်း၊ တစ်နည်းအားဖြင့် အသက်လုပွဲတွေမှာ ရုန်းကန်နေရကြောင်း၊ အမေရိကန်ကတော့ ယူကရိန်းအတွက် ဖြစ်နိုင်သမျှ အကူအညီတွေ ပေးအပ်နေဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း သူက ပြောကြားသွားပါတယ်။

မကြာသေးခင်တုန်းက ယူကရိန်းရဲ့ စစ်ဦးစီး အရာရှိ ဗယ်လာရီ ဇာလုဇ်နီက လုံလောက်တဲ့ လက်နက်စွမ်းအား မရှိခြင်းက တန်ပြန်ထိုးစစ်အတွက် အဟန့်အတားတွေ ဖြစ်စေကြောင်း ဖွင့်ဟထားပါတယ်။ သူက အနောက် မဟာမိတ် နိုင်ငံတွေဆီက ခေတ်မီ ဂျက်တိုက်လေယာဉ်တွေ၊ လက်နက်ကြီး စက်အမြောက်တွေနဲ့ တခြား စစ်ယန္တရားတွေကို ကတိပေးထားတဲ့အတိုင်း အချိန်မီ မပို့ဆောင်နိုင်တဲ့အပေါ် စိတ်ပျက်မိတယ်လို့လည်း ဝန်ခံပါတယ်။

ယူကရိန်းဟာ တိုက်လေယာဉ် အစီး ၁၂၀ လောက် တောင်းဆိုနေတာလည်း မဟုတ်ကြောင်း၊ ယူကရိန်းက တစ်ကမ္ဘာလုံးကို ပတ်သိမ်းဖို့ ကြံစည်နေတာ မဟုတ်ကြောင်း၊ အရေအတွက် အကန့်အသတ် တစ်ခုလောက် ပမာဏမျိုးနဲ့ စစ်လက်နက်တွေ ရရင်တောင် လုံလောက်ကြောင်း သူက ပြောကြားသွားပါတယ်။