Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင်တောင် မူဝါဒမပြောင်းဘူးလို့ NUG ဆို

နွေဦးတော်လှန်ရေး ဦးဆောင်ကဏ္ဍ မှာရှိတဲ့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နဲ့ NUG အစိုးရတို့ မနေ့ က ပြုလုပ်တဲ့အထူးအစည်းအဝေးမှာ ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင်တောင် မူဝါဒမပြောင်းဘူးလို့ NUG ဆို
ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင်တောင် မူဝါဒမပြောင်းဘူးလို့ NUG ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ရင်တောင် NUG အစိုးရအနေနဲ့ မူဝါဒ ပြောင်းလဲမှာမဟုတ်ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အတိအလင်းပြောလိုက်ပါတယ်။

နွေဦးတော်လှန်ရေး ဦးဆောင်ကဏ္ဍ မှာရှိတဲ့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နဲ့ NUG အစိုးရတို့ မနေ့ က ပြုလုပ်တဲ့အထူးအစည်းအဝေးမှာ ပြောခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည် ထွက်လာရင် ပြောင်းသွားမလားမေးကြတာ ရှိပါတယ်။ ကျနော်တို့ လုံးဝမပြောင်းပါဘူး”လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုပါတယ်။

မန်းဝင်းခိုင်သန်းဟာ NLD အစိုးရ လက်ထက်မှာအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခံရသူပါ။

” ပြည်သူလူထုဆန္ဒအတိုင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူလူထုဆန္ဒကို အလေးထားပါတယ်” လို့ မန်းဝင်းခိုင်သန်းက ဆိုပါတယ်။

စစ်အုပ်စု ပြုတ်ကျရေးလိုတယ်လို့ မနေ့ကကျင်းပတဲ့ အထူးအစည်းအဝေးကတဆင့် အသိပေးထားပါတယ်။

” ဝိုင်းဝန်းဆောင်ရွက်ကြရင်မဖြစ်နိုင်စရာမရှိပါဘူး”လို့လည်း မန်းဝင်းခိုင်သန်းက ဆိုပါတယ်။

နေပြည်တော်အချုပ်ထောင်မှာ ထောင်သွင်းအကျဉ်းချထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက နေပြည်တော် နေအိမ်တစ်လုံးဆီ ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းထွက်ပေါ်ခဲ့ပါတယ်။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ကြုံတွေ့နေရတဲ့ အကျပ်အတည်းကို လျော့ချဖို့ နိုင်ငံရေးကစားလာနိုင်တယ်လို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ကိုနေရာရွှေ့တယ်ဆိုတဲ့ သတင်းကို ငြင်းဆိုထားပါတယ်။

အဲဒီသတင်းတွေကို” တစုံတရာ ကြားသိရမှုမရှိပါဘူး” လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့သောကြာနေ့ ဇူလိုင် ၂၈ရက် မှာ VOA မြန်မာပိုင်းသတင်းဌာနကို ဖြေကြားထားတာပါ။