Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတကြီးဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်ကြေညာ

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှု စွဲဆိုထားပြီး စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတကြီးဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်ကြေညာ
ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတကြီးဦးဝင်းမြင့်ကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်ကြေညာ

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားသည့် ဒါဇင်နဲ့ချီသောပုဒ်မများအနက် အမှု ၅ မှုအတွက်ချထားသည့် ထောင်ဒဏ်များကို ပြစ်ဒဏ်သက်သာခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှု စွဲဆိုထားပြီး စုစုပေါင်းထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားပြီးဖြစ်သည်။

ယခုအခါ စွဲဆိုထားသည့် အမှုများအနက် ၅ မှုအတွက် ကျခံနေရသည့် ထောင်ဒဏ်များကိုသာ သက်သာခွင့်ပြုလိုက်ခြင်းဖြစ်သည်။

သမ္မတဦးဝင်းမြင့်ကိုလည်း အလားတူ ပြစ်ဒဏ်သက်သာခွင့်ပေးပါသည်။

ဦးဝင်းမြင့်ကို စစ်ကောင်စီသည် အမှု ၈ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ်ချထားသည့်အနက် အမှု ၂ မှုဖြင့် ချထားသည့် ထောင်ဒဏ်ကိုသာ စစ်ကောင်စီကသက်သာခွင့်ပေးခြင်း ဖြစ်သည်။