Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖား​ဆောင်းနှင့်မယ်စဲ့မြို့နယ်ကြား တိုက်ပွဲများပြင်းထန်​

ဇူလိုင် ၂၇ ရက်က ဖားဆောင်းမြို့မြောက်ဘက်ရှိ စစ် ကောင်စီတပ်စွဲထားသည့် နေရာကို ကရင်နီပူးပေါင်း တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုများပြီး လက်နက်နှင့်ခဲယမ်းများစွာကို ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းနိုင်ခဲ့သည်။

(ကျောက်ပန်းညိုကျေးရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကျဲ တိုက်ခိုက်ခဲ့စဥ် နှင့် လုံခြုံ​ရေးယူ​နေ​သောဖားဆောင်း PDF တပ်ဖွဲ့ဝင်တစ်ဦး။ ။ဓါတ်ပုံ-ဖား​ဆောင်းPDF)
(ကျောက်ပန်းညိုကျေးရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကျဲ တိုက်ခိုက်ခဲ့စဥ် နှင့် လုံခြုံ​ရေးယူ​နေ​သောဖားဆောင်း PDF တပ်ဖွဲ့ဝင်တစ်ဦး။ ။ဓါတ်ပုံ-ဖား​ဆောင်းPDF)

ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်ကြားတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက နေ့စဥ် လေကြောင်အသုံးပြုတိုက်ခိုက်နေကြောင်းဖားဆောင်း PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ ဖားဆောင်းမြို့နယ်(ကျောက်ပန်းညိုရွာ)ကိုကျော်ကာမယ်စဲ့မြို့နယ်ရှိ ကျောက်စု ရွာသို့ နေရာယူမည့် ထိုးစစ် ကို ကရင်နီပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်ဟုသိရသည်။

“လေကြောင်းကနေနဲ့တစ်ရက်ကိုလေးခါလောက် နဲ့နေ့စဥ်နီးပါးလာပစ်နေတယ်။မြေပြင်ကနေလည်း မယ်စဲ့ကိုဝင်နိုင်ဖို့စကစဘက်ကစစ်ထိုးနေတာပေါ့။လောလောဆယ်တော့ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မြေပြင် စစ်ကြောင်းသုံးခု အပါအဝင် လက်နက်ကြီး နှင့် လေကြောင်း အများအပြားအသုံးပြု၍ ဇူလိုင် ၂၁ ရက်နေ့ကစ၍ စစ်ကောင်စီက မယ်စဲ့ မြို့နယ်ထဲသို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။

(ကျောက်ပန်းညိုကျေးရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကျဲ တိုက်ခိုက်ခဲ့စဥ် နှင့် လုံခြုံ​ရေးယူ​နေ​သောဖားဆောင်း PDF တပ်ဖွဲ့ဝင်တစ်ဦး။ ။ဓါတ်ပုံ-ဖား​ဆောင်းPDF)
(ကျောက်ပန်းညိုကျေးရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကျဲ တိုက်ခိုက်ခဲ့စဥ် နှင့် လုံခြုံ​ရေးယူ​နေ​သောဖားဆောင်း PDF တပ်ဖွဲ့ဝင်တစ်ဦး။ ။ဓါတ်ပုံ-ဖား​ဆောင်းPDF)

ထိုစစ်ကြောင်းများကို ဖားဆောင်း PDF ၊ ဘောလခဲ PDF ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ် မြောက်ရေးတပ်ဦး ( ကလလတ) ၊ KNDF တပ်ရင်း (၂၀) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တို့ ခုခံတိုက်ခိုက်ခဲ့ပြီး ဖားဆောင်း PDF မှအသက် ၂၂ နှစ်အရွယ်ရဲဘော် စောနိုဗယ် (ခေါ်) အာနိုး မှာ ဇူလိုင်၂၂ ရက်နေ့တိုက်ပွဲတွင်က ကျဆုံးခဲ့သည်။

ဇွန်လ ဒုတိယပတ်က မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်း လိုက်ပြီးနောက် ပြန်လည်ရယူနိုင်ရေး ရွာသစ်မြို့ နှင့် ဖားဆောင်းမြို့တို့တွင်စစ်ကောင်စီက အင်အားအလုံး အရင်း ဖြည့်တင်းပြီးနောက်ဇွန်လတတိယပတ်ကစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

“ဖားဆောင်းမြောက်ဘက်မှာရှိ ပါပုရွာကို မနေ့က နေ့လည်ပိုင်းလောက်က လေယာဥ်နဲ့ဗုံးလာကျဲတယ်။ပြီး တော့ နန်းကစ်ကျေးရွာကို ဖားဆောင်းအထိုက်တပ်တွေကနေ လက်နက်ကြီး နဲ့ပစ်ကူတာရှိ။ခြုံပြောရ ရင် ဖားဆောင်း မြို့မှာ တိုက်ပွဲတွေ က နေရာ တိုင်းနီးပါးပဲ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။