Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့ရှိ စရဖရုံးနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ

တနင်္သာရီမြို့နယ် စရဖရုံး၊ ထွေအုပ်ရုံးနှင့် တနင်္သာရီမြစ်ကူးတံတားဂိတ်စခန်းကို ယမန်နေ့ (ဩဂုတ် ၁ ရက်) ညနေက တိုက်ခိုက်ခဲ့ခြင်းဟု တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

တနင်္သာရီမြို့ရှိ စရဖရုံးနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ
တနင်္သာရီမြို့ရှိ စရဖရုံးနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ

စစ်အုပ်ချုပ်ရေးကြေညာထား‌သော တနင်္သာရီမြို့မှ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် စစ်ကောင်စီတပ်စွဲထားသည့်နေရာသုံးခုကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

တနင်္သာရီမြို့နယ် စရဖရုံး၊ ထွေအုပ်ရုံးနှင့် တနင်္သာရီမြစ်ကူးတံတားဂိတ်စခန်းကို ယမန်နေ့ (ဩဂုတ် ၁ ရက်) ညနေက တိုက်ခိုက်ခဲ့ခြင်းဟု တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

“တနေ့တည်း သုံးနေရာသွားတိုက်ခိုက်တာ။ ပွင့်ပွင့်လင်းလင်းပြောရရင် အမေဒေါ်အောင်ဆန်းစုကြည်တို့၊သမ္မတကြီးဦးဝင်းမြင့်တို့ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တော့ တော်လှန်ရေးအင်အားစုတွေက အာရုံပြောင်းပြီးသွေးအေးသွားမလားဆိုတဲ့ ယူဆချက်တွေ ရှိလာတယ်။ အဲဒီလိုကောလဟာလတွေ ထွက်နေချိန် တော်လှန်ရေးအင်အားစုတွေကလည်း တော်လှန်ရေးအလုပ်ကို ပြတ်ပြတ်သားသားဆက်လုပ်သွားမယ်ဆိုတာကိုပြချင်လို့တိုက်ခိုက်တာပါ”ဟု တနင်္သာရီစစ်ဒေသခွဲတာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၂)တပ်ခွဲ(၁)နှင့် ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းပြီး ညနေ ၃နာရီခန့်မှ ည ၈နာရီအတွင်း လျှပ်တပြက်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

သုံးနေရာစလုံးတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုကိုမသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း တနင်္သာရီစစ်ဒေသခွဲက ဆိုသည်။

ယနေ့(ဩဂုတ်၂ရက်)တွင် မြတ်မြို့နယ်ဘက်မှ စစ်ကောင်စီယာဥ် ၁၀စီးသည် တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာနေ၍ ပြည်သူများအနေဖြင့် လုံခြုံရေးသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။