Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ ထောင်ဒဏ်စေ့ခါနီး နိုင်ကျဉ်း ရာဂဏန်းသာပါဝင်

ထောင်ကျနေသူ ၇၇၄၉ ဦးကို လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုပမာဏကို စာရင်းကောက်ယူရာ ဒီနေ့မနက် ၁၀ နာရီအထိ ၁၂၀ ဦးကျော်သာအတည်ပြုနိုင်ထားတယ်လို့ AAPP ကဆိုပါတယ်။

သြဂုတ်လ ၁ ရက်နေ့ လွတ်ငြိမ်းပေးရာ အင်းစိန်ထောင်ရှေ့မြင်ကွင်း
သြဂုတ်လ ၁ ရက်နေ့ လွတ်ငြိမ်းပေးရာ အင်းစိန်ထောင်ရှေ့မြင်ကွင်း

စစ်ကောင်စီရဲ့လွတ်ငြိမ်း မှာ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်သာ ပါဝင်လာတာကိုအတည်ပြုနိုင်ထားပြီး အများစုဟာ ထောင်ဒဏ်စေ့ခါနီးသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်‌ရေးအသင်း(AAPP)က ဒီနေ့မှာ အသိပေးပါတယ်။

ထောင်ကျနေသူ ၇၇၄၉ ဦးကို လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုပမာဏကို စာရင်းကောက်ယူရာ ဒီနေ့မနက် ၁၀ နာရီအထိ ၁၂၀ ဦးကျော်သာအတည်ပြုနိုင်ထားတယ်လို့ AAPP ကဆိုပါတယ်။

လွတ်မြောက်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသားတွေပါဝင်မှု ရှိမရှိ စိစစ်အတည်ပြုတာကို အဟန့်အတားဖြစ်စေဖို့ လွှတ်ပေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အချက်အလက်ကို စစ်ကောင်စီဘက်ကပွင့်ပွင့်လင်းလင်းထုတ်ပြန်တာမျိုးမရှိဘူးလို့ AAPP က ထောက်ပြပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မတရားဖမ်းခံရသူတွေသာဖြစ်တယ်လို့လည်း AAPPက မှတ်ချက်ပြုထားပါသေးတယ်။

ဒါအပြင် လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာလည်း ချထားတဲ့ထောင်ဒဏ်စေ့ဖို့ လပိုင်းလောက်ပဲ ကျန်တော့တဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။