Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီးတွင် စစ်ကောင်စီစစ်ကြောင်း တစ်ရက်တည်းနှစ်ကြိမ်တိုက်ခို​က်ခံရ

သြဂုတ် ၄ ရက် နံနက် ၁၁နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ဖောင်းကျင်းတောင်ရွာအနီးတွင်အင်အား ၂၀ခန့်ပါ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ စစ်သား နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း နွားထိုးကြီး PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တစ်နေရာ၌တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ (Photo : AFP)
(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တစ်နေရာ၌တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ (Photo : AFP)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်​တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခို​က်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း နွားထိုးကြီး PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ် ၄ ရက် နံနက် ၁၁နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ဖောင်းကျင်းတောင်ရွာအနီးတွင်အင်အား ၂၀ခန့်ပါ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ စစ်သား နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း နွားထိုးကြီး PDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါစစ်ကြောင်းကိုပင် ညနေ ၅နာရီခန့်က ဆူးဖြူကုန်းရွာအနီးအရောက်၌ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

တိုက်ခိုက်မှုနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ဆူးဖြူကုန်းမှာ မွှေနှောက်ပြီးပြန်လာတဲ့အချိန် ထိတွေ့တိုက်ပွဲပုံစံဖြစ်သွားတယ်။ အလောင်းတွေကိုတော့ ည ၇နာရီဝန်းကျင်လောက်မှာ ဝက်လူးရဲစခန်းကထွက်ပြီးလာကောက်သွားတယ်။”ဟု နွားထိုးကြီး PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်းNatogyi People Defence Force၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ Myingyan Drone Strike Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယင်းစစ်ကြောင်းသည် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၅ရွာခန့်အား ဝင်ရောက်ဖျက်ဆီးသွားပြီး ပြည်သူအချို့ကိုလည်း ဖမ်းဆီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်၂၀ ရက်ကလည်း နွားထိုးကြီးမြို့နယ် စင်္ကြာတောင်၏အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား နွားထိုးကြီး PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။