Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်ဒေသ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ CNC(မင်းတပ်) ဖွဲ့စည်း ကြောင်း ကြေညာ

ချင်းအမျိုးသားကောင်စီ(မင်းတပ်)ဖွဲ့စည်းမှုနှင့်ပတ်သက်၍ မေးမြန်းရန် ချင်းဒေသကာကွယ်ရေးတပ်(CDF) တာဝန်ရှိသူအချို့နှင့် ဒေသတွင်း တော်လှန်ရေး၌ ပါဝင်သူ အချို့အား ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရသေးပေ။

မင်းတပ်ဒေသ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ CNC(မင်းတပ်) ဖွဲ့စည်း ကြောင်း ကြေညာ
မင်းတပ်ဒေသ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ CNC(မင်းတပ်) ဖွဲ့စည်း ကြောင်း ကြေညာ

ချင်းအမျိုးသားကောင်စီ(မင်းတပ်)-Chin National Council ကိုဖွဲ့စည်းလိုက်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)က ယနေ့ ထုတ်ပြန်လိုက်သည်။

စစ်အာဏာရှင်အမြစ်ပြတ်တော်လှန်ရေး၊ အတိုင်းအတာတစ်ခုအထိ အောင်အောင်မြင်မြင် ခရီးပေါက်လာသည့်အပြင် အနာဂတ်ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်များ ချမှတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ တန်းတူရေး အခြေခံ လူ့အခွင့်အရေးတို့ကို အာမခံချက်ပေးမည့် မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲချမှတ် အကောင်အထည်ဖော်မည့် နိုင်ငံရေး ဦးဆောင် အဖွဲ့အစည်းတကြီး လိုအပ်လာ၍ CNCမင်းတပ်ကိုဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု အသိပေးသည်။

ထိုသို့ ဖွဲ့စည်းရာ၌ပြည်တွင်း ပြည်ပတော်လှန်ရေးအင်အားစုများ စုပေါင်းဖွဲ့စည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ချင်းအမျိုးသားကောင်စီ(မင်းတပ်)အနေဖြင့် ဒေသတွင်း အမြင့်ဆုံးအာဏာကျင့်သုံးမည့် အဖွဲ့အစည်းဖြစ်သည်ဟု ဖော်ပြသည်။

ချင်းပြည်နယ် မင်းတပ် မြို့နယ်သည် ဖက်ဒရယ်ဒီမိုကရေစီရေးတိုက်ပွဲတွင် တော်လှန်ရေး တပ်ဦးမှ ကိုယ်ကျိုးမငဲ့ ရွပ်ရွပ်ချွံချွံ ပါဝင် တော်လှန်ခဲ့ကြောင်း၊ မင်းတပ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားရေး စသည့်လုပ်ငန်းစဉ်များကို စည်းစည်းလုံးလုံး စနစ်တကျ အကောင်အထည်ဖော်နိုင်ခဲ့သည်မှာ ပြည်တွင်း ပြည်ပရှိ တော်လှန်ရေးအင်အားစုများ၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ချင်းအမျိုးသားကောင်စီ(မင်းတပ်)ဖွဲ့စည်းမှုနှင့်ပတ်သက်၍ မေးမြန်းရန် ချင်းဒေသကာကွယ်ရေးတပ်(CDF) တာဝန်ရှိသူအချို့နှင့် ဒေသတွင်း တော်လှန်ရေး၌ ပါဝင်သူ အချို့အား ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရသေးပေ။