Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

(၁၀၂၇)စစ်ဆင်ရေးအား ထောက်ခံကြိုဆိုသည့်အနေဖြင့် တောင်သမန်စစ်ဆင်ရေးဖြင့် ပူး​ပေါင်းတိုက်ပွဲဝင်သွားမည်ဟု မန္တလေးPDF အသိပေး

မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနေရာအနှံ့၌ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီတပ်အား တပြိုင်နက်စတင်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများပြားနေကာ လားရှိုး၊ နမ့်ခမ်းနှင့် ချင်းရွှေဟော်ရှိ စစ်ကောင်စီ တပ်စခန်းများအား သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။

(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ M-PDF)
(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ M-PDF)

ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့၏ (၁၀၂၇) စစ်ဆင်ရေးအား ထောက်ခံကြိုဆိုသည့်အနေဖြင့် တောင်သမန်စစ်ဆင်ရေးဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ကြေညာသည်။

ယနေ့(အောက်တိုဘာ၂၇ရက်) နံနက်ပိုင်းက ညီနောင်မဟာမိတ်များဖြစ်ကြသော ကိုးကန့် (MNTJP/MNDAA)၊ တအာင်း(PSLF/TNLA)နှင့် ရက္ခိုင်(ULA/AA)တို့ ပူးတွဲထုတ်ပြန်ခဲ့သော (၁၀၂၇)စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အနေဖြင့် လှိုက်လှိုက်လှဲလှဲထောက်ခံကြိုဆိုကြောင်း မန္တလေး PDFက အသိပေးသည်။

(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ M-PDF)
(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ M-PDF)

နောင်တော် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့်ထပ်တူ တသားတည်းတည်ရှိပြီး ညီနောင်မဟာမိတ် သုံးဖွဲ့၏ စစ်ဆင်ရေးအောင်မြင်အထောက်အပံ့ဖြစ်စေရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည်လည်း “တောင်သမန်” စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ကြေညာသည်။