Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော မြန်မာ- အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ဂိတ်စခန်းကို အိန္ဒိယဘက်ကပိတ်

နယ်စပ်ကုန်သွယ်ရေလမ်းကြောင်းက တဆင့်မြန်မာနိုင်ငံဘက်က ကွမ်းသီးခြောက်များ တရားမဝင် ဝင်ရောက်နေခင်းကို စုံစမ်းရန်အတွက် ဇူလိုင် ၂၅ ရက်က ပိတ်ထားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ရိဒ် ခေါ်ဒါရ် မြို့ကို ချင်းကူပေါင်းတပ်များသိမ်းပြီးနောက်တွေ့ရစဥ်။ ။ဓါတ်ပုံ-Chinland Information Centre

စောနွေဦး/People’s Spring

ချင်းတော်လှန်ေရးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ရိဒ်နယ်စပ်ဂိတ်စခန်းကို အိန္ဒိယဘက်က ပိတ်ထားကြောင်း ဒေသခံများထံမှသိရသည်။

နယ်စပ်ကုန်သွယ်ရေလမ်းကြောင်းက တဆင့်မြန်မာနိုင်ငံဘက်က ကွမ်းသီးခြောက်များ တရားမဝင် ဝင်ရောက်နေခင်းကို စုံစမ်းရန်အတွက် ဇူလိုင် ၂၅ ရက်က ပိတ်ထားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“တရားမဝင်ကုန်စည်ပို့တာတွေ စစ်ဆေးဖို့ ယာယီပိတ်တာလို့ ပြောတယ်။ အခုတော့ နှစ်ဖက်လုံးကို ကုန်စည်ပို့လို့မရတော့ဘူး”ဟု ရိဒ်ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်စုများဖြစ်သော CDF-Hualngoram ၊PDA ၊CDF-ထန်တလန်၊ CDF-Zaniatram တို့က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ နှင့် ၁၄ ရက်နေ့များတွင် ဖလမ်းမြို့နယ်အတွင်းရှိ ရိဒ် ခေါ်ဒါရ် မြို့ အနီး ရှိစစ်ကောင်စီတပ် စစ်စခန်း၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကြသော ရိဒ် ခေါ်ဒါရ် မြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သန်း ၁၆၀ကျော်ဖိုးကုန်သွယ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်သွယ်မှုပမာဏကျဆင်းခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်ပြီး တရားဝင်ကုန်သွယ်မှုများရပ်ဆိုင်းနေသည်ဟုလည်း ဒေသခံများကပြောသည်။လက်ရှိတွင် ကလေးနယ်နှင့် ချင်းတောင်မှ ထွက်ကုန်များသာ အိန္ဒိယနှင့်ကုန်သွယ်နေခြင်းဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။

ထိုနယ်စပ်ကုန်သွယ်ရေးစခန်းတဆင့် မြန်မာဘက်က အိန္ဒိယနိုင်ငံဘက်ကို ကွမ်းသီးအပါအဝင် ကုန်စိမ်းများ အိန္ဒိယဘက်ကိုတင်ပို့နေပြီး အိန္ဒိယဘက်က မြန်မာဘက်ကို အဝတ်အထည်အပါအဝင် ဆေးဝါးနှင့် စားနပ်ရိက္ခာများတင်သွင်းနေရခြင်းဖြစ်သည်။

စစ်ကောင်စီက အိန္ဒိယကို နယ်စပ်ဂိတ်ပေါက် ပိတ်ရက် ပြော၍ အိန္ဒိယဘက်မှ ပိတ်ခြင်းဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။

အိန္ဒိယ အစိုးရ သည် ဒီမိုကရေစီ အစိုးရဟု ဆိုသော်လည်း အာဏာသိမ်း စစ်ကောင်စီကို သံတမန် ဆက်ဆံရေး ပုံမှန်ပြုလုပ်နေကာ ၊စစ်ကောင်စီကို ကူညီပေးနေသောနိုင်ငံ အနည်းငယ်ထဲမှ တစ်နိုင်ငံဖြစ်သည်။

( မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်

နှင့် ရိဒ် ခေါ်ဒါရ် မြို့ကို ချင်းကူပေါင်းတပ်များသိမ်းပြီးနောက်တွေ့ရစဥ်။ ။ဓါတ်ပုံ-Chinland Information Centre)

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒါကတော့ ချင်း-မကွေးတိုင်းနယ်စပ်မှာရှိတဲ့ ဆောမြို့လေးရဲ့ လက်ရှိအနေအထားဖြစ်ပါတယ်။စစ်အုပ်စုက နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ အဓမ္မသိမ်းယူထားပြီး နှစ်နှစ်ခွဲကျော်လာတဲ့အခါ မ​ကွေးတိုင်းထဲက မြို့ တစ်မြို့အနေအထား ဖြစ်ပါတယ်။

ဆောင်းပါး

စောနွေဦး/People’s Spring လက်နက်​တွေကိုင်ထားတဲ့ လူငယ်​တွေ စစ်ဆေးနေတဲ့ PDF ဂိတ်တခုကို ကျော်လိုက်တဲ့အခါ မကွေးနဲ့ ချင်းနယ်စပ်မှာရှိတဲ့ မြို့လေးထဲကိုရောက်သွားပါတယ်။ မြို့ငယ်လေးထဲမှာတော့ ဈေးဆိုင်​တွေ၊ ဆိုင်ကယ်​တွေနဲ့ ပုံမှန်လည်ပတ်နေပါတယ်။ ဒါ​ပေမယ့် မြို့လယ်လမ်းမဘေးမှာ ခြုံနွှယ်တွေတက်နေတဲ့ အစိုးရဌာနဆိုင်ရာရုံးတွေကို တွေ့ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး၊ သမဝါယရုံး စတဲ့...

သတင်း

ချင်းလူမျိုးများအတွက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်ချက်မှန်သမျှကို လက်ခံနိုင်ဖွယ်မရှိဟု မှတ်ယူမည်ဖြစ်ပြီး ယင်းအတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟုလည်း သတိပေးထားသည်။

သတင်း

ကန့်ဘလူမြို့နယ် ပဇီကြီးရွာသည် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ၁၆၈ ဦး သေဆုံးမခဲ့သည့် ဒေသဖြစ်သကဲ့သို့ စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့်လည်း နေအိမ်​ပေါင်း​သောင်းချီ ဖျက်ဆီးခံထား​ရ​သော​ဒေသဖြစ်သည်။