Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မဲနှင့် မိုးမိတ်တွင် နေရာ ၅ခုထက်မနည်းတိုက်ပွဲဖြစ်

မိုးကုတ်မြို့တွင်း ထွက်ပြေးသည့် စစ်ကောင်စီ တပ်သားအချို့အား လိုက်လံရှင်းလင်းရာ လက်နက် ၄လက်ရဟု TNLAအသိပေး

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း စစ်ရေးဖော်ဆောင်နေသော TNLAပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းမြောက် ကျောက်မဲနှင့် မိုးမိတ်မြို့နယ်တွင် ယနေ့ (ဇူလိုင် ၂၇ရက်)တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၃၃ရက်မြောက် ဖြစ်သည့် ဇူလိုင် ၂၇ရက် စစ်ရေးအခြေအနေကို TNLA က ယနေ့ညပိုင်း၌ အသိပေးဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့ရှိ စစ်ကောင်စီ​၏ စကခ (၁)၊ ခမရ (၅၀၁၊ ၅၀၂) တပ်စွဲထားသည့် လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်းကုန်းတို့အား ယနေ့ နေ့လယ်ပိုင်းတွင် လိုက်လံရှင်းလင်းရာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

မိုးမိတ်မြို့ ညောင်ပင်ဆောက်၊ ဒိုးပင်နှင့် မိုးမိတ်ဗျူဟာကုန်းစသည့်နေရာများတွင်လည်း ယနေ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယနေ့ နံနက် ၆နာရီတွင် မိုးမိတ်မြို့ ဒိုးပင်နှင့် ညောင်ပင်ဆောက်ရှိ စစ်ကောင်စီတပ် စကခ (၂၁) လက်အောက်ခံ ခလရ (၂၇၆)တပ်စခန်း၌ တိုက်ပွဲဖြစ်ခဲ့ပြီး နံနက် ၁၀နာရီခန့်တွင် ညောင်ပင်ဆောက်၌ရှိသည့် စစ်ကောင်စီတပ်၏ စကခ(၂၁) လက်အောက်ခံ ခလရ (၂၂၃)နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် မိုးမိတ်ဗျူကာကုန်းရှိ စကခ (၂၁) လက်အောက်ခံ ခလရ (၃၄၈)နှင့်လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း အသိပေးသည်။

အဆိုပါတိုက်ပွဲများအတွင်း ထိခိုက်ကျဆုံး အခြေအနေနှင့် လက်နက်ခဲယမ်းရရှိမှု ရှိမရှိ အခြေအနေများ ဖော်ပြမထားပေ။

TNLAက ဇူလိုင် ၂၄ရက်က သိမ်းပိုက်ထားသည့် မိုးကုတ်မြို့တွင်လည်း ထွက်ပြေးသည့် စစ်ကောင်စီတပ်သားအချို့အား လိုက်လံရှင်းလင်းရာ လက်နက် ၄လက်နှင့် အခြားပစ္စည်းများ သိမ်းရခဲ့သည်ဟု ဆိုသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ကလည်း စစ်ရေးသတင်းကို ယနေ့ ထုတ်ပြန်ခဲ့ရာ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် မိုးကုတ်မြို့နယ် နှင့် သပိတ်ကျင်းမြို့နယ် ကြားတွင်လည်း ဖြတ်တောက်ရေးတာဝန်ယူထားကြောင်း အသိပေးသည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) လက်အောက်ခံ ခလရ ၁၄၈ အနီး မိုးကုတ် -မန္တလေး ကားလမ်းမ ပေါ် တွင် PLA အမှတ် (၂)စစ်ဒေသရှိ (၂၂၂)တပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက်ရှိနေကြောင်း ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း မိုးကုတ် မြို့ကို TNLA နှင့် မဟာမိတ်တပ်ပေါင်းစုများ အောင်မြင်စွာ သိမ်းပိုက်နိုင်ရန်အတွက် ကျရာနေရာမှ ပူးပေါင်းတိုက်ပွဲဝင်သည့်အနေဖြင့်

PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် စစ်ဆင်ရေးစတင်သည့် ဇွန်လ၂၅ရက် ရက်မှ ယနေ့ ဇူလိုင်လ ၂၇ရက်အထိ မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းကို အောင်မြင်စွာ ဖြတ်တောက်ထားနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် တိုက်ပွဲများ ဆက်ရှိနေကြောင်း အသိပေးထားပြီး စစ်ကောင်စီ၏ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုများကို တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်မဲမြို့ပေါ်တွင် ဇူလိုင် ၂၃ရက်မှစ၍ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန်များနှင့် လက်ပစ်ဗုံးအချို့သည် လူ‌နေရပ်ကွက်များအတွင်း ကျန်ရှိနေသေးသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သတင်း

ဇူလိုင် ၂၄ ရက် ညနေ ၃နာရီ မိနစ် ၄၀ခန့်က မိုးကုတ်ဗျူဟာကုန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ရသည့်အခြေအနေ မှတ်တမ်းဓာတ်ပုံများအား မိုးကုတ်ဗျူဟာက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

သတင်း

အဆိုပါ မြို့များရှိ စစ်ကောင်စီတပ်စခန်းများကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်သည့် ဇွန်လ ၂၅ရက်ကစ၍ TNLA မဟာမိတ်တပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး စခန်းအများစုကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။

သတင်း

စစ်အာဏာရှင် အပြီးတိုင်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ကြိုးပမ်းနေစဉ် ကြီးမားသည့် ဆုံးရှုံးမှုဟု ဖော်ပြ