Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကူးမြို့ကို စစ်ကောင်စီရေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်သော်လည်း အထိနာ၍ ပြန်ဆုတ်သွား

မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များ တော်လှန်ရေးအသိသတိရှိပေးရန်နှင့် လေးစားလိုက်နာရမည့် ကျင့်ဝတ်စံနှုန်းများနှင့်အညီ ပြုမူနေထိုင်ပေးရန် မန္တလေး PDFတိုက်တွန်း

စဥ့်ကူးမြို့ကိုသိမ်းပိုက်ခဲ့သည့် ဇူလိုင်၁၇ရက်က မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MDY PDF

ဇေအောင်/People’s Spring

စဉ့်ကူးမြို့ကို စစ်ကောင်စီက ရေကြောင်းမှ တန်ပြန်ထိုးစစ်ဆင်ခဲ့သော်လည်း အထိနာ၍ ပြန်ဆုတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ (ဇူလိုင်၂၇ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နယ်မြေလုံခြုံရေးနှင့် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်နေကြောင်း မန္တလေး PDFက အသိပေးသည်။

မန္တလေး PDF ဦးဆောင်သည့် ပူးပေါင်းတပ်သည် ဇူလိုင် ၁၇ ရက်တွင် စဥ့်ကူးမြို့အား အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။သို့သော် ဇူလိုင် ၂၀ ရက်တွင် စစ်ကောင်စီက သင်္ဘော ၅စီးဖြင့်ရေကြောင်းမှတဆင့်တန်ပြန်ထိုးစစ်ဆင်လာ၍ တုံ့ပြန်တိုက်ခိုက်ရာ အထိနာပြီး မြစ်တဘက်ကမ်းသို့ ဆုတ်ခွာသွားကြောင်း မန္တလေး PDFက အသိပေးသည်။

ထို့ကြောင့် စဥ့်ကူးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်မှုများလုပ်ဆောင်နေချိန် ဖြစ်သောကြောင့် ယခုကာလကို ရှုပ်ထွေးသောကာလအဖြစ် သတ်မှတ် နိုင်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိ မပေါ့လျော့ဘဲ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြရန် မန္တလေး PDFက

တိုက်တွန်းသည်။

ထို့အပြင် စစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးတိုက်ခိုက်မှုများ ပြုလုပ်၍ စစ်ရာဇဝတ်မှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခချိန်ဖြစ်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် လုပ်ရပ်များနှင့် ပြည်သူကိုမျက်နှာမူခြင်းမရှိသည့် လုပ်ရပ်များကို ရှောင်ရှားကြပါရန် မန္တလေး PDFက ထပ်မံတိုက်တွန်းသည်။

စဥ့်ကူးမြို့နယ်သည် စစ်ဆင်ရေးလုပ်ငန်းများ ဖော်ဆောင်နေဆဲကာလဖြစ်သောကြောင့် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေးကာလအတွင်း လေးစားလိုက်နာရမည့် ကျင့်ဝတ်စံနှုန်းများနှင့်အညီ ပြုမူနေထိုင်ပေးကြပါရန် လေးလေးနက်နက်တိုက်တွန်းကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။

စဥ့်ကူးမြို့ကို စစ်ကောင်စီက ရေကြောင်းနှင့် ကျောက်မြောင်းတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

“တောတွေထဲရှိမယ်ထင်ပြီး ကျောက်မြောင်းဘက်ကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေတာ။”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စဉ့်ကူးမြို့အပါအဝင် ယင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးအားဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပြီဖြစ် ကြောင်း မန္တလေး PDFက ယမန်နေ့ (ဇူလိုင်၂၀ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့သည်ဟု မန္တလေး PDF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက် ခေါင်းရွာအား စစ်ကောင်စီ​၏ တကရ- ၆၀၀၆ တပ်မှ စစ်သားများနှင့် ပျူစောထီးအင်အား ၁၀၀ကျော်သည် စစ်ကြောင်းထိုးဝင်ရောက်ပြီး တိုက်ခိုက်ခဲ့သည်။

သတင်း

မနေ့ညပိုင်းက ခလရ (၄) နဲ့ ခမရ (၁၁၉) တပ်တွေဘက်ကနေ ပစ်ခတ်သံတွေကြားရတာလို့ ဒေသခံအမျိုးသားတစ်ဦီးက ပြောပါတယ်။

သတင်း

ဇူလိုင် ၂၄ ရက် ညနေ ၃နာရီ မိနစ် ၄၀ခန့်က မိုးကုတ်ဗျူဟာကုန်းစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ရသည့်အခြေအနေ မှတ်တမ်းဓာတ်ပုံများအား မိုးကုတ်ဗျူဟာက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

သတင်း

ရွာသာယာပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရွှေဘိုခရိုင်မှ ရဲဘော် ဗိုလ်ခန့်နှင့် မန္တလေးခရိုင်မှ ရဲဘော်ဇင်ကြီးတို့အား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။