Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုး ရမခ ကာကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားနှစ်ရာခန့် စတင်လက်နက်ချ

လားရှိုးမြို့ရှိ စစ်​ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA က ထိုးစစ်စင်တိုက်ခိုက်နေရာ ယနေ့ (သြဂုတ် ၂ ရက်)မွန်းလွဲပိုင်းတိုက်ပွဲတွင် စစ်ကောင်စီရှေ့တန်းကာကင်းစခန်းမှ အင်အားနှစ်ရာခန့် စတင်လက်နက်ချ​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

လားရှိုးမြို့ ရှိစစ်တပ်စခန်းများကို ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်​နေ​သော MNDAA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MNDAA

မိထက်/People’s Spring

လားရှိုးမြို့ရှိ စစ်​ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAA က ထိုးစစ်စင်တိုက်ခိုက်နေရာ ယနေ့ (သြဂုတ် ၂ ရက်)မွန်းလွဲပိုင်းတိုက်ပွဲတွင် စစ်ကောင်စီရှေ့တန်းကာကင်းစခန်းမှ အင်အားနှစ်ရာခန့် စတင်လက်နက်ချ​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“ဆေးရုံမှာ ခံပစ်နေတဲ့အဖွဲ့တွေ လက်နက်ချပြီ။ ၂၀၀ ဝန်းကျင်ပါမယ်။ MNDAAက ထိန်းထားတယ်။ ဆက်ပြီး ထိုးစစ်ဖော်နေတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ရမခ ထဲမှ အမှတ်(၉) ကုတင်၁၀၀ စစ်ဆေးရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခြင်းဖြစ်​ကြောင်း ကနဦးသတင်းရရှိထားသည်။ စစ်ရှုံးခြင်း​ကို အဆိုပါ ဆေးရုံမှ လူနာများ၊ ဝန်ထမ်းများကို MNDAAက သတ်ဖြတ်သွားကြောင်း စစ်အုပ်စုက သတင်းမှားများဆက်တိုက်ဖြန့်ဝေနေသည်။

ရမခကို စစ်ကောင်စီက အသည်းအသန်ခုခံနေပြီး လေကြောင်းမှအင်အားဖြည့်တင်းမှုများလည်းပြုလုပ်ခဲ့သည်။ သို့သော် MNDAA နှင့်ပူး​ပေါင်းတပ်များက ရမခကို ပတ်ချာလည်ဝိုင်းပတ်ပိတ်ဆို့ထားကာ အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်းသည်။

“ပတ်ချာလည်က ပိတ်ထားတာ။ ရမခ ဒီရက်ပိုင်းမှာပဲ ကျလိမ့်မယ်” ဟု လားရှိုးမြို့ခံတဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ "၀"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဆက်ဆံရေးရုံးအနီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦးထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက အတည်ပြုသည်။

သတင်း

ကိုးကန့်တပ်ဖွဲ့(MNDAA)က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် လားရှိုးမြို့သို့ တန့်ယန်းမြို့ဘက်မှ စစ်ကူပို့လာသည့် စစ်ကောင်စီယာဉ်တန်းကို MNDAAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်များထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့တွင် ရုပ်သံမှတ်တမ်း ဖော်ပြသည်။

သတင်း

တိုက်ပွဲများပြင်းထန်နေသော လားရှိုးမြို့တွင် စစ်ဘေးရှောင် ကျောင်းဆရာမတစ်ဦး လမ်းခုလပ်၌ နှလုံးဖောက်ပြီး သေဆုံးသွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။