Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မှော်ဘီတွင် ရဟတ်ယာဉ်တစ်စီးပျက်ကျ၊ တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်သေဆုံးဟုဆို

ပျက်ကျသည့်ရဟတ်ယာဉ်သည် Eurocopter ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ် ပေါ်၌ ဗိုလ်ချုပ်စိုးတင်လတ်အတူ လေးဦးပါဝင်သည်ဟု မှော်ဘီလေတပ်နှင့်နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က ပြောသည်။

​ကော်ဘရာစစ်​ကြောင်းက စစ်တပ်၏ Eurocopter ရဟတ်ယာဉ်ကို ၂၀၂၄ ဇန်နဝါရီ ၂၉ရက်က ပစ်ချခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ-မြေပြင်သတင်းရင်းမြစ်

ယောနသံ/People’s Spring

ရန်ကုန်မြို့၊ မှော်ဘီမြို့တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီးပျက်ကျပြီး တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နှင့် တွဲဘက်လေယာဥ်မှူး သေဆုံးပြီးအမျိုးသမီးလေယာဥ်မှူးနှင့် စက်မှူအကြပ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း People’s Spring ၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပျက်ကျသည့်ရဟတ်ယာဉ်သည် Eurocopter ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ် ပေါ်၌ ဗိုလ်ချုပ်စိုးတင်လတ်အတူ လေးဦးပါဝင်သည်ဟု မှော်ဘီလေတပ်နှင့်နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ်မှာ ဗိုလ်ချုပ်စိုးတင်လတ်ဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျသည့်ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးပေ။

မှော်ဘီလေတပ်​၏ ရဟတ်ယာဉ်ကွင်းအတွင်း ပျက်ကျခြင်းဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုက သတင်းကို ဖုံးကွယ်ရန်ကြိုးပမ်းနေသည်ဟု မှော်ဘီမြို့ခံချို့က ပြောသည်။

အာဏာသိန်းအုပ်စုလက်အောက်ခံတယ်လီဂရမ်ချန်နယ်အချို့က မှော်ဘီမြို့၌ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီးပျက်ကျပြီး ဗိုလ်ချုပ်တစ်ဦးသေဆုံးကြောင်း ရေးသားနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ လှုပ်ရှားမှု သတင်းပေးခြင်း၊ တော်လှန်ရေးတပ်များအား ထောက်ပံ့ခြင်း ပြုလုပ်ပေးရန် CDM အရာရှိများ တိုက်တွန်း

နိုင်ငံတကာ

အီရန် မီဒီယာတွေကလည်း ရိုင်ဆီ သေဆုံးသွားပြီလို့ ဖော်ပြကြပေမယ့် အစိုးရဆီက တရားဝင် ကြေညာချက်တော့ ထွက်ပေါ်မလာသေးပါဘူး။

နိုင်ငံတကာ

အီရန်မှာ နိုင်ငံတော် အဓိပတိ အယာတိုလာ အလီ ခါမေနီကတော့ ခြွင်းချက်မရှိ အကြီးမားဆုံး ဩဇာကို ပိုင်ဆိုင်ထားပြီး သမ္မတ နေရာရဲ့ အထက်ကနေ ကွပ်ကဲနေပါတယ်။

သတင်း

တိုက်လေယာဥ်မှူးဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတပ်ပေါင်းစုက ဖမ်းမိထားပြီး ဥပဒေကြောင်းအရ အရေးယူနေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အသိပေးထားသည်။