Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုတွင် တိုက်ပွဲဆက်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ရှေ့တန်းတစ်​နေရာမှ ၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်းထိုးစစ်ဆင်နွှဲ​နေ​သော ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ- TNLA

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ၄၄ရက်မြောက် ဩဂုတ် ၇ရက် စစ်ရေးအခြေအနေကို အသိပေးရာ နောင်ချိုမြို့နယ် ရေဖြူကျေးရွာ၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းမှာ TNLA တည်ရှိရာသို့ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ဟု အသိပေးသည်။

TNLA သိမ်းထားသည့် နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်လာ၍ ပြီးခဲ့သည့် ရက်များအတွင်း တိုက်ပွဲများ ဖြစ်ခဲ့သည်။

စစ်ကောင်စီတပ်သည် TNLA သိမ်းထားသည့် ကွတ်ခိုင်မြို့ကိုလည်း ယနေ့ နေ့လယ်တွင် လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သည်။ ယနေ့ ဗုံးကြဲမှုအတွင်း ထိခိုက်ပျက်စီးမှုမရှိသော်လည်း သြဂုတ် ၆ရက်တွင် ကွတ်ခိုင်မြို့ ဈေးအတွင်း စစ်ကောင်စီတပ်မှ ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချခြင်းကြောင့် အရပ်သား ခြောက်ဦးထပ်မနည်းသေဆုံးပြီး ၁၀ထိခိုက်ဒဏ်ရာရကာ ဈေးနှင့် အခြားလူနေအိမ် မီးလောင်ပြာကျခဲ့ရဟု အသိပေးထားသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ဇွန်လ ၂၅ရက် စတင်ခဲ့ရာတစ်လခွဲနီးပါးအတွင်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့များကို အလုံးစုံ သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ