Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တကောင်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၆၄ ဦး သေ၊ ၂ဝ အရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ ၈၃ လက် သိမ်းဆည်းရရှိ

မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

တ​ကောင်းမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ- အမှတ် (၁)စစ်​ဒေသ

မိထက်/People’s Spring

တကောင်းမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၆၄ဦး သေဆုံးပြီး ၂၀ဦး ဖမ်းမိကာ လက်နက်မျိုးစုံ ၈၃ လက်နှင့် ကျည်ဆန်သောင်းချီ၍ သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည်။

ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံး ကွပ်ကဲမှုဖြင့် အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တို့ကဩဂုတ်လ (၁၁) ရက် နံနက်ပိုင်းမှ စတင်တိုက်ခိုက်ကာ ဩဂုတ်လ (၁၂) ရက် ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

တကောင်းမြို့ပေါ်တွင် ဒုဗိုလ်မှူးကြီး ရဲခေါင်နှင့် ဗိုလ်မှူး မိုးသွင် ဦးစီး တတက-၁၃၊ ဗိုလ်မှူး မိုးဝင်း ဦးစီး စခတ-၂၊ ရဲအုပ် အောင်ကိုဝင်း ဦးစီး ရဲတပ်ဖွဲ့၊ ဇော်လင်းနိုင် (ဒု-မြို့နယ်မှူး) တို့တပ်စွဲထားသော ထွေအုပ်ရုံး၊ ဆေးရုံနှင့် ရဲစခန်းအား ဩဂုတ်လ (၁၁) ရက်တွင် ရရှိခဲ့ပြီး လေးမျက်နှာဘုရားအား ဩဂုတ်လ ၁၂ရက်တွင် သိမ်းပိုက်ရရှိခြင်းဟု သတင်းထုတ်ပြန်ထားသည့်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ ၆၄ဦး သေဆုံးပြီး ၂၀ဦး ဖမ်းဆီးရမိခဲ့၍ လက်နက်မျိုးစုံ (၈၃) လက်၊ ကျည်မျိုးစုံ (၁၄၀၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) ခန့် သိမ်းဆည်းနိုင်ခဲ့သည်ဟု အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်သည်။

မြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့​ကြောင်းလည်းအသိ​ပေးထားသည်။

မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြသည်ရုပ်သံမှတ်တမ်းအား သပိတ်ကျင်းမြို့နယ် ပကဖက ယနေ့ထုတ်ပြန်ထားသည်။

“အဲဒီလိုမြို့သိမ်းတိုက်ပွဲသတင်းကြားရတာ အရမ်းအားရှိတယ်။ အိမ်ပြန်ချိန်တွေနီးလာပြီလို့ ယုံကြည်လာတယ်” ဟု ထီးချိုင့်မြို့မှ စစ်ဘေးတိမ်းရှောင်လာသူတစ်ဦးကပြောသည်။

တကောင်းမြို့သည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် မန္တလေးတိုင်းသပိတ်ကျင်မြို့ကြား၌တည်ရှိသည်။ ထီးချိုင့်မြို့မှ တရုတ်အစိုးရရင်းနှီးမြှုပ်နှံထားသည့် နီကယ်စက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသလို မြို့ပတ်ချာလည်ကိုလည်း ထိန်းချုပ်ထားသည်။ သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီစခန်းများကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်။

ဆက်စပ်သတင်းများ