Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်လာဈေးအလှုပ်တွင် ရန်ကုန်ရှိ ဆီဆိုင်အချို့ပိတ်ထား၍ တန်းစီစနစ် ပြန်ဖြစ်

ဒေါ်လာဈေးစံချိန်တင်မြင့်တတ်လာ၍ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့ အရောင်းပိတ် ထား‌သောကြောင့် တန်းစီစနစ်ဖြင့် ပြန်လည်ဝယ်ယူနေရကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။

(ရန်ကုန်မြို့တွင် စက်သုံးဆီတန်းစီနေသည့် ယာဉ်များ။ ဓာတ်ပုံ - PS)

ရောင်နီ/People’s Spring

ဒေါ်လာဈေးစံချိန်တင်မြင့်တတ်လာ၍ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့ အရောင်းပိတ် ထား‌သောကြောင့် တန်းစီစနစ်ဖြင့် ပြန်လည်ဝယ်ယူနေရကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။

“Denko ဆိုင်ရှေ့မှာ သီလဝါကို စက်သုံးဆီသွားယူနေပြီဆိုပြီး စာတော့ကပ်ထားတယ်။ တခြားဆိုင်တွေရောပဲ ။တော်တော်များများပိတ်ထားကြတာ”ဟု အင်းစိန်မြို့နယ်မှ ယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင် စက်သုံးဆီဆိုင်အချို့ ပိတ်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – P

ဒေါ်လာဈေးမငြိမ်သက်မှုများကြောင့် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ပြီးခဲ့သည့် လကုန်ကလည်း ဆီလိုသလောက်မရောင်းချနိုင်သည့် ဖြစ်စဉ်ရှိခဲ့ပြီး ယနေ့ (ဩဂုတ် ၁၃)တွင်လည်း ထပ်မံ၍ တန်းစီဝယ်ယူနေရခြင်း ဖြစ်သည်။

“ဆီတွေက ခွဲတမ်းနဲ့ပေးတာ။ မဲနှိုက်ရတယ်လို့ပြောတယ်။ ကျွန်တော်တို့ဆိုင်ကမဲမပေါက်လို့ ဒီနေ့ရော မနက်ဖြန်ရောရဖို့မသေချာဘူး”ဟု Denko ဆီဆိုင်မှဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့အပြင် တန်းစီနေသည့်ကားများကို ဆီဆိုင်ဝန်ထမ်းများကဆီမရကြောင်း ပြောကြားခဲ့သော်လည်း အချို့ကားများသည်ဆီဆိုင်များရှေ့၌ ဆက်လက်တန်းစီနေသည်ကို တွေ့ခဲ့ရသည်။

“နေ့လည် ကတည်းကစောင့်တာ။ သုံးနာရီလောက်တော့ရှိပြီ။ ဆီကတော့မရဘူး ပြောတယ်။ ဒါပေမယ့်ကားလည်းမောင်းလို့မရတော့လို့ ဒီမှာပဲတန်းစီရင်းထားလိုက်တော့တာ”ဟု ကုမ္ပဏီကားမောင်းသည့် အမျိုးသားတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင် စက်သုံးဆီဆိုင်အချို့ ပိတ်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – P

ဩဂုတ် ၁၃ရက်တွင် Max ၊ New Day ၊ YP စသည့်ဆိုင်များ၌ ဆီထည့်၍ရကြောင်း ဆီအခက်အခဲ နှင့်ပတ်သက်၍ အကူအညီပေးသည့် Group များ၌ ယာဉ်မောင်းများက ရေးသားထားသည်။

အချို့ယာဉ်ပိုင်ရှင်များက ဆီကိုအမှန်တကယ်မလိုအပ်ပဲ ဖြည့်ခြင်းမပြုလုပ်ရန် အကြံပြုထားပြီး အချို့ကလည်း ဆီဆိုင်များဘက်မှ ဈေးတတ်ချင်သောကြောင့် တန်းစီရအောင်ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သည်။

ပြီးခဲ့သည့်လကုန်ပိုင်းက တန်းစီဝယ်ယူရသည့် ဖြစ်စဉ်တွင်လည်း ဆီတစ်လီတာ တစ်ရာကျပ်ခန့် ဈေးတတ်ချိန်တွင် ဆီကိုလိုသလောက်ဝယ်ယူ၍ရခဲ့သည်။

ဩဂုတ်‌ ၁၃ရက်တွင် ဈေးကွက်အတွင်း ကျပ် ငွေတန်ဖိုး အနိမ့်ဆုံးစံချိန်သို့ကျခဲ့ပြီး တစ်ဒေါ်လာ ငွေကျပ် ၇,၀၀၀ ကျော်အထိရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ် ၃ရက်တွင် စက်သုံးဆီအရောင်းဆိုင် များ၌ ၉၂ တစ်လီတာ ၂,၇၇၀ ကျပ် ၊ ၉၅ တစ်လီတာ ၂,၈၉၅ ကျပ် ၊ ဒီဇယ်တစ်လီတာ ၂,၄၅၀ ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာ ၂,၉၂၀ကျပ် နှုန်းရောင်းချလျက်ရှိသည်။

သတင်း

မန္တလေးမှာ ဆီဆိုင်တွေက မနက်(၆)နာရီဝန်းကျင်မှာ စတင်ရောင်းချပေးတတ်ကြတယ်။ ဒါပေမယ့် ဆီဝယ်ယူလိုသူတွေဟာ ညတစ်ချက်(တစ်နာရီ)လောက်ကတည်းက ညအိပ်တန်းစီကာ ဝယ်ယူနေကြရပါတယ်။

သတင်း

စက်သုံးဆီပြတ်လပ်မှု ကြုံ့တွေ့နေရတဲ့ မန္တလေးမြို့မှာ စက်သုံးဆီ တစ်လီတာကို ပြင်ပစျေးကွက်မှာ ကျပ် ရှစ်ထောင်ထိ ပေါက်စျေး ရှိနေတယ်လို့ ဝယ်ယူခဲ့တဲ့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

ဩဂုတ် ၁ ရက် ညနေတွင် ရန်ကုန်မြို့ရှိ ကမာရွတ် ၊ ကြည့်မြင်တိုင် ၊ လှိုင် နှင့် မရမ်းကုန်း စသည့် မြို့နယ်များရှိ စက်သုံးဆီဆိုင်အများစုသည် ဆီရောင်းချပေးခြင်းမရှိသော်လည်း ကားများက ဆီဝယ်ရန် တန်းစီစောင့်ဆိုင်းနေကြသည်။