Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် စစ်ကောင်စီ ဗျူဟာကုန်း လုံခြုံရေး အရေးပါသည့် လမောင်နှင့် တောမှော် စခန်း ၂ခုစလုံး KIA သိမ်းပိုက်

လမောင် စစ်ကောင်စီစခန်း (Google Earth)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သြဂုတ်၁၅ ရက် ညနေပိုင်း၌ထပ်မံ သိမ်းပိုက်နိုင်ခဲ့၍ ယနေ့တွင် ဖားကန့်အနီးရှိ စခန်း ၂ ခုကို သိမ်းပိုက်ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ (ဩဂုတ် ၁၄ရက်)မနက်အစောက ဖားကန့်မြို့ စစ်ကောင်စီ ဗျူဟာကုန်းအတွက် အရေးပါသည့် တောမှော် နှင့် လမောင် စစ်စခန်း ၂ခုကို KIA/KPDF ပူးပေါင်းတပ်က ထိုးစစ်ဆင်ခဲ့ရာ ယနေ့ (ဩဂုတ် ၁၅ရက်) မနက် ၉နာရီခွဲတွင် လမောင်စခန်း၊ ယနေ့ ညနေ ၄နာရီ ၄၀ မိနစ်တွင် တောမော်စခန်း တို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်ရေးအရ တော်တော်အရေးပါတဲ့ စခန်းတွေပါ။ ဖားကန့် စကစ ဗျူဟာကုန်းကို Cover လုပ်ထားတဲ့ စခန်းတွေဖြစ်တယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စစ်ကောင်စီစခန်း သိမ်းပိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၁ ဦး ဖမ်းမိထားကြောင်း ၎င်းက ဆိုသည်။ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု၊ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIAအနေဖြင့်ဖားကန့်မြို့နယ်အတွင်းရှိစစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ထားပြီး မြို့နယ်အတွင်း နေရာအများစုကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့အနီးရှိစစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KPDF ပူးပေါင်းတပ်က ယနေ့မနက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

တကောင်းမြို့သိမ်းတိုက်ပွဲအပါအဝင် သပိတ်ကျင်းနယ် စစ်ဆင်ရေးအတွင်း KIA/KPDFများ ပါဝင်ဟုဆို

သတင်း

ပြည်သူ့စစ်နှင့် BGFများ စစ်ကောင်စီ လက်အောက်ခံမလုပ်ဘဲ အချင်းချင်းစည်းရုံးရန် ပြော