Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စက်သုံးဆီရှားပါးပြတ်လပ်မှု​ကြောင့်အငှားယာဥ်အချို့ ရပ်နား ၊​ ဆီမှော​င်ခို​ဈေးကွက်ပြန်​ပေါ်လာ

စက်သုံးဆီ ပြတ်လပ်မှုနှင့်အတူ အငှားယာဥ်အချို့ ရပ်နားထားရပြီး ပြင်ပဆီမှောင်ခိုစျေးကွက် ပြန်လည်ဖြစ်ပေါ်နေကြောင်း စက်သုံးဆီ အသုံးပြုနေသူများထံမှ သိရသည်။

ရန်ကုန်မြို့တွင် စက်သုံးဆီ ဝယ်ယူရန် တန်းစီ​နေ​သောကားများကို သြဂုတ် လဆန်းပိုင်းက​​တွေ့ရစဥ်။ ဓါတ်ပုံ-People's Spring

ရဲခေါင်/People’s Spring

စက်သုံးဆီ ပြတ်လပ်မှုနှင့်အတူ အငှားယာဥ်အချို့ ရပ်နားထားရပြီး ပြင်ပဆီမှောင်ခိုစျေးကွက် ပြန်လည်ဖြစ်ပေါ်နေကြောင်း စက်သုံးဆီ အသုံးပြုနေသူများထံမှ သိရသည်။

“အနည်းဆုံးတစ်ရက် တန်းစီရတယ်။ပြီးရင် ထည့်ပေးတာ အကန့်အသတ်နဲ့ ဆိုတော့ ဘာမှ မထူးဘူး ဖြစ်နေတယ်။အဲဒါကြောင့် ကားမဆွဲတော့ဘူး။ရပ်ထားတယ်”ဟု အငှားယာဥ်မောင်းတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတူ မြို့နယ်ရပ်ကွက်များအတွင်း ပြေးဆွဲနေသည့် သုံးဘီယာဥ်များမှာ နီးစပ်ရာ ဆီမှောင်ခို စျေးကွက်မှ ဝယ်ယူသုံးစွဲနေရပြီး တစ်လီတာ တဘူးလျှင် ၇၀၀၀ ကျပ်မှ ၈၅၀၀ ကျပ်အထိ စျေးကွက် ဖြစ်နေသည်။

“အရင်က စျေးထဲ နဲ့ လမ်းထိပ်ဆို တထောင်ပဲ။အခုကတော့ သုံးထောင်လောက်တောင်းမှ ဆီဖိုးရတယ်။ ဒါနဲ့ပဲ ထမင်းစားနေရတာဆိုတော့ မထည့်ရင် ငတ်မှာဆိုတော့ ရသလောက် ဆီ ထည့်ပြီး ဆွဲနေရတယ်”ဟု မြေက်ဥက္ကလာပ မြို့နယ်မှ သုံးဘီးယာဥ်မောင်း တစ်ဦးက ပြောသည်။

ပြည်ပမှ ဝယ်ယူတင်သွင်းရသည့် စက်သုံးစီကို ပုံမှန် ဝယ်ယူနိုင်ရန်လုပ်ငန်းရှင်များတွင် ဒေါ်လာငွေလိုအပ်ချက်ရှိနေသည်။ထို​ကြောင့်လုပ်ငန်းရှင်များသည်စက်သုံး ​ဆီဝယ်သွင်းရန်ဒေါ်လာကို စစ်ကောင်စီ​ရောင်း​ပေးမှ ရ​သောစနစ်ဖြစ်​သော စစ်​ကောင်စီ၏ ဗဟိုချုပ်ကိုင်မှုစနစ်​ကြောင် အ​ခြေအ​နေများပို ဆိုးရွားနေခြင်းဖြစ်သည်ဟု စီးပွား ရေးလုပ်ငန်းရှင်အချို့က​ပြောသည်။

“စျေးကွက်ကို အာဏာနဲ့ထိန်းမရဘူး။နောက်ပြီး အခုလို ခဏ ခဏ ဆီပြတ်နေတာက ဆီလုပ်ငန်းရှင်တွေကိုယ်တိုင် ဆေးမြီးတိုနဲ့ သူတို့ဘာသူတို့

ကုနေရတာမျိုးလို့တောင် ပြောရမယ်။ဒေါ်လာကို စကစ ချုပ်ထားတော့ လုပ်ရကိုင်ရ စီးပွားရေးမှန်သမျှ ကမောက်ကမ ဖြစ်နေတော့တာပဲ”ဟု ပို့ကုန်လုပ်ငန်းရှင်တဦးက ရှင်းပြသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီ မလောက်ငှမှုသည် ငါးကြိမ်ထက်မနည်းရှိလာပြီး ယခု အကြိမ်သည် အဆိုးဝါးဆုံး ဖြစ် ကြောင်း ယာဥ်ပိုင်ရှင်အချို့က ​ပြောသည်။

“တက္ကသိုလ်ရိပ်သာ လမ်းက New Day ဆိုရင် သူ့ဆိုင် အကျော်ကနေ အင်လျား တစ်ပတ် ကားတန်းဆီနေရတယ်။ဗထူးလမ်းမပေါ်က Max ဆီဆိုင်ဆိုလည်း မြောက်ဒဂုံ တစ်ပတ်ပြည့်တော့မယ်။နောက်ပြီး ပထမဆုံး အစီးရေအလိုက် အကန့်အသတ်နဲ့ ဆီပေးတယ်။များသွားတယ်မရှိဘူး။ဥပမာ ရှေ့ ၁၀ စီးက ၅၀၀၀၀ ဖိုးဆိုရင် နောက် အစီးတွေက သုံးသောင်းဖိုးပဲ။ဘာထူးလဲ တန်းစီနေရတာနဲ့ “ဟု ယာဥ်ပိုင်ရှင်တဦးက ​ပြောသည်။

ထိုအပြင် စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ ထုတ်ရောင်းပေးမည်ဟု စစ်ကောင်စီဗဟိုဘဏ် သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသော်လည်း စက်သုံးဆီမလောက်ငှမှုကြောင့် ယနေ့အထိ တန်းစီစနစ်ဖြင့် ယာဥ်များဆီဆိုင်သို့ တိုးနေရဆဲ ဖြစ်သည်။

​ရွေး​ကောက်ခံအစိုးရ လက်ထက်က တရားဝင်ထုတ်ပြန်ထားသည့် ပြည်ပသွင်းကုန်စာရင်းများအနက် စက်သုံးဆီ အတွက်တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ အနည်းဆုံးဒေါ်လာ ၂ ဘီလီယံ နှင့် သုံးဘီလီယံ ဖိုး ကြား ပုံမှန်တင်သွင်းရသည်။ထို

စဥ်ကတစ်လီတာလျင် အနိမ့်ဆုံး ကျပ် သုံးရာ​ကျော်အထိ​ဈေးကျခဲ့ဖူးပြီး စက်သုံးဆီကို လိုသ​လောက် တန်းစီစရာမလိုဘဲ လွတ်လပ်စွာဝယ်ယူနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့တွင် စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး ရောင်းချပေးသောဆိုင် အချို့တွင်လည်း တန်းစီဝယ်ယူသူ အလွန်များပြားနေကြောင်း မြို့ခံများက ပြောသည်။

သတင်း

ဒေါ်လာဈေးစံချိန်တင်မြင့်တတ်လာ၍ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့ အရောင်းပိတ် ထား‌သောကြောင့် တန်းစီစနစ်ဖြင့် ပြန်လည်ဝယ်ယူနေရကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။

သတင်း

ဩဂုတ် ၃ရက်တွင် စက်သုံးဆီအရောင်းဆိုင် များ၌ ၉၂ တစ်လီတာ ၂,၇၇၀ ကျပ် ၊ ၉၅ တစ်လီတာ ၂,၈၉၅ ကျပ် ၊ ဒီဇယ်တစ်လီတာ ၂,၄၅၀ ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာ ၂,၉၂၀ကျပ် နှုန်းရောင်းချလျက်ရှိသည်။

သတင်း

မန္တလေးမှာ ဆီဆိုင်တွေက မနက်(၆)နာရီဝန်းကျင်မှာ စတင်ရောင်းချပေးတတ်ကြတယ်။ ဒါပေမယ့် ဆီဝယ်ယူလိုသူတွေဟာ ညတစ်ချက်(တစ်နာရီ)လောက်ကတည်းက ညအိပ်တန်းစီကာ ဝယ်ယူနေကြရပါတယ်။