Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းပြည်ကောင်စီနှင့် ချင်းညီ​နောင် မကြာမီ တွေ့ဆုံဆွေးနွေးမည်

တိုက်ပွဲဖြစ်ပွားခဲ့သည့် ချင်းပြည်ကောင်စီ နှင့် ချင်းညီနောင်တို့အကြား လာမည့်အပတ်တွင် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ချင်းညီနောင်တာဝန်ရှိသူ ကိုရောဘတ်က ဩဂုတ် ၁၅ရက်ညပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အသိပေး ပြောသည်။

ချင်းပြည်ကောင်စီ နှင့် ချင်းညီနောင်ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ချင်းညီနောင်တပ်ဖွဲ့၊ CIC

“နှစ်ဖက်ပြေလည်ချင်တယ်”

– ချင်းညီနောင်အဖွဲ့တာဝန်ရှိသူ ကိုရောဘတ်

ဟန်နွေ/People’s Spring

တိုက်ပွဲဖြစ်ပွားခဲ့သည့် ချင်းပြည်ကောင်စီ နှင့် ချင်းညီနောင်တို့အကြား လာမည့်အပတ်တွင် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ချင်းညီနောင်တာဝန်ရှိသူ ကိုရောဘတ်က ဩဂုတ် ၁၅ရက်ညပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အသိပေး ပြောသည်။

ချင်းအမျိုးသားတပ်မတော်(CNF/CNA)၊ချင်းဒေသကာကွယ်ရေးတပ်(CDF)တပ်များ စုပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီတပ်များနှင့် CDF တပ်ဖွဲ့များ စုဖွဲ့ထားသည့် ချင်းညီနောင်တို့သည်

Public Service Announcement

Public Service Announcement

၂၀၂၄ အစောပိုင်းမှစ၍ ပဋိပက္ခများ၊ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဇွန်လအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။

ထို့ပြင် ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတပ်များအကြား အပြန်အလှန် ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

ထိုသို့ ပဋိပက္ခဖြစ်ပွားနေမှုကိုပြေလည်မှု ရရှိရေးအတွင် ချင်းလဲန်းကောင်စီနှင့် အွန်လိုင်းမှ စကားပြောဆိုမှု အချို့ရှိသကဲ့သို့ လာမည့်အပတ်တွင်လည်း Crisis Management Initiative(CMI) ၏ ကမကထ ဦးဆောင်စီစဉ်မှုဖြင့် အိန္ဒိယနိုင်ငံ ဒေလီမြို့၌တွေ့ဆုံရန် ပြင်ဆင်ထားသည်ဟု ချင်းညီနောင်တာဝန်ရှိသူ ကိုရောဘတ်က ပြောသည်။

ချင်းပြည်ကောင်စီ နှင့် ချင်းညီနောင်ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – ချင်းညီနောင်တပ်ဖွဲ့၊ CIC

နိုင်ငံရေးအရ မဖြစ်မနေ အချင်းချင်းအကြား စကားပြောဆိုရန်လိုအပ်၍ ဆွေးနွေးမှုပြုလုပ်ရန် ပြင်ဆင်နေသည်ဟု ၎င်းက ဆိုသည်။

“နှစ်ဖက်ပြေလည်ချင်တယ်။ ကျနော်တို့ ပြောချင်တာကတော့ ဘယ်တော့မှ အချင်းချင်းကို လက်နက်ကိုင်စွဲပြီး ဖြေရှင်းတာမျိုး မလုပ်ဘဲ နိုင်ငံရေး စကားဝိုင်းပေါ်မှာ အချင်းချင်း အဖြေရှာဖို့ ဆိုတဲ့ မူဝါဒမျိုးရှိသလို ကျနော်တို့ အဲဒီအတွက် ကြိုးစားနေတယ်။ အဲဒီအတွက်လည်း ပြင်ဆင်နေတယ်”ဟု ကိုရောဘတ်က ပြောပြီး ပြေလည်မှုရရှိရေး အစွမ်းကုန် ကြိုးစားသွားမည်ဟု အသိပေးသည်။

ချင်းညီနောင်နှင့် တွေ့ဆုံမည့်အခြေအနေနှင့်ပတ်သက်ပြီး ချင်းပြည်ကောင်စီအဖွဲ့ဝင် CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ချင်းညီနောင်အနေဖြင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး ICNCCကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့နှင့်ချိတ်ဆက်ဆောင်ရွက်မှု ဆွေးနွေးမှုများ ရှိခဲ့သည်ဟု ကိုရောဘတ်က ပြောသည်။

မကြာသေးမီကပင် မတူပီစစ်ရှောင်ကိစ္စနှင့်ပတ်သက်ပြီး NUG လူကယ်ပြန်ဝန်ကြီးနှင့် ဆွေးနွေးခဲ့ကြောင်း ပြောပြသည်။ အမျိုးသမီး ၊ ကလေးအပါအဝင် စစ်ရှောင်များ၏ စားဝတ်နေရေး ပြန်လည်ပြုစုပျိုးထောင်ရေးကိစ္စ ပဏာမ ဆွေးနွေးထားပြီး ဆက်လက်ဆောင်ရွက်ရန်စီစဉ်ထားသည်ဟု ဆိုသည်။

ချင်းညီနောင်အဖွဲ့ဝင်များသည် မတူပီ မြို့သိမ်းတိုက်ပွဲကို ဇွန်လအတွင်းက ရက္ခိုင့်တပ်တော်(AA)နှင့်အတူ ပူးပေါင်းဆင်နွှဲခဲ့ရာ သုံးပတ်အကြာတွင် မတူပီမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ ၁၀ဦးထက်မနည်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကို ဖမ်းဆီးရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် ထန်တလန်မြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်များက ဝိုင်းထားပြီး လက်ကျန် စစ်ကောင်စီတပ်ဖွဲ့များ ကင်းစင်အောင် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

သတင်း

ချင်းပြည်နယ် ဟားခါး - ထန်တလန်မြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ် ဟားခါးမြို့အနီး စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် (CNA)၊ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ဟု ချင်းဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်လေကြောင်းပျံသန်းမှုများ ဆက်တိုက်ပြုလုပ် နေ၍ လေကြောင်းသတိထားရန် ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ်က ယနေ့ (ဩဂုတ် ၁၁ရက်)ထုတ်ပြန်သည်။