Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတွင် ဆိုင်ကယ်ဆီတန်းစီနေသူ အမျိုးသမီးတစ်ဦး လဲကျသေဆုံး

မန္တလေးမြို့တွင် အပူချိန်အောက်တွင် အချိန်ကြာမြင့်စွာ ဆိုင်ကယ်ဆီတန်းစီနေသူ အမျိုးသမီးကြီးတစ်ဦး လဲကျသေဆုံးခဲ့သည်။

ယခုလဆန်းပိုင်းက မန္တလေးမြို့တွင် စက်သုံးဆီတန်းစီနေသူများအား တွေ့ရစဥ်။ဓာတ်ပုံ-CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် အပူချိန်အောက်တွင် အချိန်ကြာမြင့်စွာ ဆိုင်ကယ်ဆီတန်းစီနေသူ အမျိုးသမီးကြီးတစ်ဦး လဲကျသေဆုံးခဲ့သည်။

ယမန်နေ့ (သြဂုတ် ၁၇ရက်) နေ့လယ်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း – မန္တလေးလမ်း၊ တမ္ပဝတီရပ်ရှိ New Day ဆီဆိုင်၌ ဆိုင်ကယ်ဖြင့် ဆီတန်းစီနေသူများအနက် (၅၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး မူးမေ့လဲကျကာ သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောသည်။

Public Service Announcement

Public Service Announcement

“မနေ့ကတအားလည်းပူတယ်။ အတန်းကြီးကလည်း တအားများတယ်။ အဲဒီအန်တီကြီးက မူးတယ်မူးတယ်ဆိုပြီး လဲကျသွားတာ။ အရေးပေါ်ကားတွေလာခေါ်ပေမယ့်ဆုံးသွားတယ်။”ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ နန်းတော်ရာရပ်၌ နေထိုင်သူဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့အပါအဝင် ဒေသအသီးသီး၌ စက်သုံးဆီဝယ်ယူရန်ခက်ခဲနေပြီး နာရီပေါင်းများစွာ တန်းစီဝယ်ယူနေရ၍ ပြည်သူများ အခက်အခဲကြုံတွေ့နေရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပမှဝယ်ယူတင်သွင်းရသည့်စက်သုံးဆီမှာ မကြာခဏ ကမောက်ကမဖြစ်ကာ ဆီပြတ်လပ်လေ့ရှိပြီး ယခုအခါအဆိုးရွားဆုံး ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ထဲမှာ ဆိုင်ကယ်စီးအမျိုးသမီး ၂ ဦးကို သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြီး ဖုန်းနဲ့ဆိုင်ကယ် လုယက်မှု ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

သတင်း

နှစ်ရက်အတွင်း ပြည်တွင်းစက်သုံးဆီစျေး ထပ်မံမြင့်တက်လာကြောင်း စက်သုံးဆီသုံးစွဲနေသူများက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းက လယ်မြေတွေဆီ ရေလွှတ်မပေးတဲ့အတွက် တောင်သူတွေစပါးမစိုက်ပျိုးနိုင်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးမြို့တွင် စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေး သွေးတိုးလှုံ့ဆော်မှုများပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် သတိထားရန် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH)နှင့် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-Mdy)တို့က အသိပေးချက် ထုတ်ပြန်သည်။