ထိုင်းနိုင်ငံမှာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေကို မြန်မာအလုပ်သမား ရာနဲ့ချီ စုဝေးပြီး သောကြာ်နေ့ညမှာ ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။
ဩဂုတ် ၁၆ ရက်နေ့ ညပိုင်းက ပရာချင်ဘူရီ ဒေသမှာရှိတဲ့ ဆီမာဟာဖော့ ခရိုင်ထဲက ရိုဂျာနာ စက်မှုဇုန်ထဲမှာ မြန်မာအလုပ်သမား ၇၀၀ လောက် စုဝေး ဆန္ဒပြခဲ့တာလို့ ထိုင်းမီဒီယာက ဖော်ပြခဲ့ပါတယ်။
မြန်မာ အလုပ်သမားတွေက ထိုင်းရင်းနှီးမြှုပ်နှံသူတွေဟာ လုပ်ခလစာတွေ ရှင်းမပေးတာ နှစ်လလောက် ရှိခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။ တရုတ် လုပ်ငန်းရှင်တွေ ရှင်းပေးရမယ့် လုပ်ခလစာ ပမာဏဟာ ဘတ် ၁၀ သန်းဖိုးလောက်ထိရှိတယ်လို့လည်း ဆိုပါတယ်။
အဲဒီပျက်ကွက်မှုဟာ အလုပ်သမားတွေအတွက အကြီးအကျယ် အခက်တွေ့စေပြီး တချို့ဆိုရင် စားရေးသောက်ရေး အတွက်ပါ ရုန်းကန်နေရတယ်လို့ သိရပါတယ်။ ကနဦး ညှိနှိုင်းမှုတွေအဖြစ် တရုတ် လုပ်ငန်းရှင်တွေဖက်က ကနဦးအဖြစ် မြန်မာလုပ်သား တစ်ဦးချင်းစီကို ဘတ် ၅၀၀ စီ ငွေရှင်းပေးထားဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒပြတဲ့ မြန်မာ အလုပ်သမားတွေဟာ စက်မှုဇုန်မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် နေရာကို ဝန်းရံ ပိတ်ဆို့ပြီး တရုတ် ရင်းနှီးမြှုပ်နှံသူတွေ၊ ကြီးကြပ်ရေး အရာရှိတွေကို ဝင်ထွက်ခွင့် မပေးဘဲ တားမြစ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံသားတွေကိုတော့ ဖြတ်သန်းသွားလာဖို့ ဆန္ဒပြသူတွေက ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ကိုးကား- Khaosod