Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကလေကြောင်းဖြင့် ဆက်တိုက် တိုက်ခိုက်နေ၍ လူစုလူဝေး မလုပ်ရန် အပါအဝင် လိုက်နာရန် အချက်များ CDF ထုတ်ပြန်

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်လျက်ရှိသည့်အတွက် ပြည်သူလူထုများ လိုက်နာရမည့်အချက်များကို ချင်းဒေသကာကွယ်ရေးတပ်(CDF)က သြဂုတ် ၁၉ ရက်တွင်ထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်လျက်ရှိသည့်အတွက် ပြည်သူလူထုများ လိုက်နာရမည့်အချက်များကို ချင်းဒေသကာကွယ်ရေးတပ်(CDF)က သြဂုတ် ၁၉ ရက်တွင်ထုတ်ပြန်သည်။

အဆိုပါ အချက်များမှာ လူစုလူဝေး မပြုလုပ်ရန်၊ နေအိမ်များအနီးအိမ်အောက်မဟုတ်သည့်နေရာ၌ပုန်းခိုစရာ နေရာများသေချာတူးပေးကြရန်၊ မိမိအန္တရယ်ကင်းဖို့ သတင်းများကို အုပ်ချုပ်ရေးမှူး(သို့)တာဝန်ရှိသူများကိုသာ မေးမြန်းရန်၊ပြည်သူများစိတ်သောက ရောက်စေသည့်သတင်းမှားဖြန့်ဝေခြင်းများမပြုလုပ်ကြရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဩဂုတ် ၁၉ ရက်မနက် အစောတွင် မင်းတပ်မြို့ အမှတ်(၄) တစ်နေရာသို့ ပေါင် ၅၀၀ ဗုံးနှင့် ဗုံးအသေး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မှ ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

“မကွဲသေးသည့် ဗုံးများရှိနေသည့်အပြင် ထိခိုက်ပျက်ဆီးမှုများလည်း ရှိတယ်လို့ကြားသိရပါတယ်” ဟုလည်း မင်းတပ်ဒေသခံက လူမှုကွန်ရက်၌ရေးသားသတိ​ပေးထားသည်။

လေကြောင်းရန်ကို ပြည်သူများ နှင့် ရဲဘော်များ အထူးဂရုစိုက်ကြရန်လည်း ဒေသခံက တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မင်းတပ်မြို့နယ်ကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိရာ အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဇော်ရမ်း/People’s Spring စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်ကို စစ်ကောင်စီက ယနေ့ (ဩဂုတ်လ ၂၀ရက်) နံနက်ပိုင်းမှစ၍ ဂျက်ဖိုက်တာဖြင့်ရော Y12 လေယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှသတင်းရရှိသည်။ စံပြနှင့်ကုက္ကိုကုန်းရွာအပါအဝင် ဧရာဝတီမြစ်ကမ်းဘေးနေရာများကို ဗုံးကြဲတိုက်ခိုက်ခြင်းဟု သိရသည်။ Public Service Announcement ယ​နေ့ (သြဂုတ် ၂၀)...

သတင်း

ရှမ်းမြောက်ဖြစ်စဉ်များကို အတုမယူဘဲ အသေခံတိုက်ခိုက်ခြင်းမှာ မိုက်မဲမှုသာဖြစ်ဟု CDM အရာရှိသုံးသပ်

သတင်း

စစ်​ကောင်စီကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူးဗိုလ်ချုပ် အောင်ခိုင်ဝင်းကို တိုင်းမှူးရာထူးပေးပြီး တစ်လခန့်တွင် ထပ်မံထုတ်ပယ်လိုက်ပြီး ဗိုလ်ချုပ်ကျော်ကိုထိုက်ကို တိုင်းမှူးအသစ်အဖြစ်ခန့်အပ်လိုက်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး(လယ်ဒို)မြို့နယ်နှင့် မုန်း(မူး)မြို့နယ်တို့တွင် စစ်ကောင်စီက ​ဒေသခံပြည်သူများကို ပစ်ခတ်တိုက်ခိုက်​​နေသည့်အပြင် ရေဘေးပါကြုံ​နေ၍ အ​ရေး​ပေါ်အကူအညီများလိုအပ်​နေ​ကြောင်း လယ်ဒိုနှင့်မူး မြို့နယ်ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ တို့က ထုတ်ပြန်သည်။