Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

MNDAA၏ ကျန်းမာရေးဌာနတွင် CDMအများစုပါဝင်ပြီး ဝန်ထမ်း ၅၀၀ခန့်ဖြင့်လည်ပတ်နေ

ကိုးကန့်တပ်မတော်(MNDAA)၏ အထူးဒေသ(၁) ကျန်းမာရေးဌာနအနေဖြင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDMကျန်းမာရေးဝန်ထမ်းအများစု အပါအဝင် ဝန်ထမ်း ၅၀၀ခန့်ဖြင့် လည်ပတ်နေကြောင်း အထူးဒေသ(၁) ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဘသက်က ပြောသည်။

ကိုးကန့်တပ်မတော်(MNDAA)၏ အထူးဒေသ(၁) ကျန်းမာရေးဌာနတွင် ဆေးကုသမှုပေးနေစဉ်။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)၏ အထူးဒေသ(၁) ကျန်းမာရေးဌာနအနေဖြင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDMကျန်းမာရေးဝန်ထမ်းအများစု အပါအဝင် ဝန်ထမ်း ၅၀၀ခန့်ဖြင့် လည်ပတ်နေကြောင်း အထူးဒေသ(၁) ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဘသက်က ပြောသည်။

ဒေါက်တာဘသက်က အထူးဒေသ(၁) ကျန်းမာရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာများ ရှင်းလင်းအသိပေးသည့် ရုပ်သံကို ယနေ့ ဩဂုတ် ၁၉ရက်တွင် MNDAAက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အထူးဒေသ(၁) ကျန်းမာရေးဌာနကို ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ၂၀၂၄ ဇန်နဝါရီတွင် စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ကျန်းမာရေးဝန်ထမ်းပေါင်း ၅၀၀နီးပါးခန့်နဲ့ကျနော်တို့ လည်ပတ်နေပါတယ်။ ကုသရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပြီးတော့ CDM ဝန်ထမ်းအများစုနဲ့ လည်ပတ်နေတာပေါ့” ဟု ဒေါက်တာဘသက်က ပြောသည်။

အထူးဒေသ(၁)ကျန်းမာရေးဌာနကိုရည်ရွယ်ချက်သုံးရပ်ဖြင့် စတင် အကောင် အထည်ဖော်လျက်ရှိရာ အထူးဒေသ(၁)အတွင်းရှိ တိုင်းရင်းသားအားလုံး လူမျိုးဘာသာမရွေး တန်းတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်၊ အဖက်ဖက်မှ ယိုယွင်းနေသည့် ကျန်းမာရေးစနစ်အဆင့်မြှင့်တင်ရန်နှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစနစ်အသစ်တစ်ခုတည်ဆောက်ရန်၊ ကျန်းမာရေး CDM ဝန်ထမ်းအားလုံးအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် အတွက်ဖြစ်ကြောင်း ဒေါက်တာဘသက်က ရှင်းပြသည်။

လားရှိုးပြည်သူ့ဆေးရုံကို ဩဂုတ် ၁၁ရက်က စတင်လည်ပတ်လျက်ရှိရာ လူနာများ တစ်ရက်ထက် တစ်ရက် များလာကြောင်းလည်း ၎င်းက အသိပေးသည်။ လူနာဦးရေမှာ ဩဂုတ် ၁၈ရက် ၁ရက်တည်း၌ ပြင်ပလူနာဌာန၌ ၁၆၈ ဦး၊ အတွင်းလူနာ ၃၈ဦး ရှိသည်ဟု ဆိုသည်။

“ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ လူမျိုးဘာသာမရွေးအားလုံး လာရောက်ပြီးတော့ ကုသမှု ခံယူနိုင်ပါတယ်”ဟု ဒေါက်တာဘသက်က လားရှိုးဆေးရုံ၌ လာရောက်ကုသမှု ခံယူနိုင်ကြောင်း အသိပေးသည်။

လားရှိုးဆေးရုံ၌ တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပမ်းအချို့ကိုလည်း ကုသမှုပေးနေကြောင်းပြောပြသည်။

လားရှိုးပြည်သူ့ဆေးရုံကြီးကို ခေတ်မီ ဆေးဝါး၊ ခေတ်မီ စက်ပစ္စည်းကိရိယာများထပ်မံ ဖြည့်စွက်ပြီး နိုင်ငံတကာ အဆင့်မီဆေးရုံ ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာဘသက်က ပြောကြားသည်။

MNDAAသည် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် လောက်ကိုင်မြို့ အပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး စစ်ဆင်ရေးဒုတိယပိုင်း တွင် စစ်ကောင်စီ ၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် စစ်သုံ့ပမ်း ၂၉၆ဦးကို ထပ်မံလွှတ်ပေးလိုက်ကြောင်း MNDAA က ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအနက် စစ်သုံ့ပန်းနှင့်မိသားစုဝင်များကို ကိုးကန့်တပ်မတော်(MNDAA)က ပြန်လွှတ်ပေးလျက်ရှိရာ ဩဂုတ် ၁၃ရက်အထိ လူဦးရေ ၂,၀၀၀ကျော် ပြန်လွှတ်ပေးပြီးဖြစ်သည်ဟု MNDAAက ထုတ်ပြန်သည်။

သတင်း

ကျန်နေသည့် စစ်ကောင်စီတပ်သားများ အလင်းဝင်လာရေး လက်ဆင့်ကမ်းပြောပေးရန် MNDAA တပ်မှူးပြော

သတင်း

ကိုးကန့်တပ်ဖွဲ့(MNTJP/MNDAA)၏ နိုင်ငံရေး လမ်းကြောင်းဆိုင်ရာများကို စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများကို ရှင်းပြခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။