Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မောင်းမကန်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သြဂုတ် ၁၅ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်စစ်ကောင်စီတပ်က မိုးတောင်နှင့် ခလရ(၁၀၄)တပ်ရင်းများမှနေ၍ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်မှာ သုံးရက်ရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်မှ အင်အား ၅၀ခန့်ဖြင့် မောင်မကန်ကျေးရွာအတွင်း ဝင်ရောက်စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

မောင်းမကန်ကျေးရွာအတွင်း ဝင်ရောက်လာစဥ် သက်ကြီးပိုင်းဒေသခံတစ်ဦးမှ ကြောက်လန့်တကြားထွက်ပြေးရာ စစ်တပ်က လိုက်လံပစ်ခတ်သဖြင့် သေဆုံးခဲ့ပြီး နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက်မှုကြောင့် တစ်ဦးထိခိုက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“အခုက ရွာထဲမှာကျန်ခဲ့တဲ့ သက်ကြီးပိုင်းတချို့က စစ်ကြောင်းရောက်လာချိန်မှာ ကြောက်ပြီးတော့ ထွက်ပြေးတာပေါ့။ အဲမှာ လမ်းပေါ်ဖြတ်ပြေးတာကို သေနတ်နဲ့ပစ် လိုက်တာ သက်ကြီးပိုင်းတစ်ဦးသေသွားတယ်။ နောက်တစ်ယောက်ကတော့ အိမ်ပေါ်လက်နက်ကြီးကျပြီး ဒဏ်ရာရထားတယ်”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေခြင်းကြောင့် မောင်းမကန်၊ ကျောက်ဆင်၊ သပွတ်ဆိပ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာပြေးနေကြရပြီး စစ်ကြောင်းမှာ မောင်းမကန်ရွာအတွင်း ဆက်ရှိနေကြောင်း စုံစမ်းသိရသည်။

အထက်ပါ မောင်းမကန်ရဲစခန်းသို့ ဝင်ရောက်တိုက်ခိုက်သည့် သြဂုတ် ၁၅ရက်က မောင်းမကန်နှင့် (၁၀)မိုင်ခန့်သာဝေးသည့် ထားဝယ်မြို့ပေါ် ဆင်ဆိပ်ရပ်ကွက်ရှိလမ်းဆုံးအနီး စစ်ကောင်စီနယ်လုံဝန်ကြီးယာဥ်တန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ပြည်သူအချို့ထိခိုက်၍ စိတ်မကောင်းဖြစ်ရဟု မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း ဆို

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကွမ်းအုံကျေးရွာဘုန်းကြီးကျောင်းကို စစ်တ​ပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူသုံးဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ဆီပြတ်လပ်မှုပိုမိုဆိုးရွားလာပြီး ဆီဝယ်ရန် တနေကုန်တန်းစီနေရ

သတင်း

တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအား စိတ်ရောကိုယ်ပါ အမျိုးမျိုး၊ အဖုံဖုံအခါမလပ် ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းရေးအတွက် မွန်ပြည်သူများအပါအဝင် မွန်အင်အားစုအားလုံး တက်ညီလက်ညီ တိုက်ပွဲဝင်ကြရန် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)တို့က ယနေ့ ပူးတွဲထုတ်ပြန် တိုက်တွန်းလိုက်သည်။