Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့ပေါ်ပစ်ခတ်မှု ပြည်သူအချို့သေဆုံး

စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ပြည်သူအချို့ထိခိုက်၍ စိတ်မကောင်းဖြစ်ရဟု မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း ဆို

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ‌ခြောက်ဦးနှင့် သံဃာများအပါအဝင် ပြည်သူ ငါးဦးသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၂၀ရက်)နံနက် ၉နာရီခန့်က ရေစကြိုမြို့ အထက (၁)ကျောင်းအနီး၌ ကင်းစောင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်း Myingyan Black Tiger (MBT)၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

“မိနစ်နှစ်ဆယ်ဝန်းကျင်လောက် ကြာခဲ့ပါတယ်။ ဘယ်လောက်မှ မကွာဘူး။ အနီးကပ်တိုက်ခိုက်ခဲ့တာပါ။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement

Public Service Announcement

လမ်းမပေါ်ရှိ စစ်ကောင်စီ၏ လက်နက်များအား ကောက်ယူရန် ကြိုးပမ်းစဥ် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုများကြောင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆိုသည်။

ထို့အပြင် ပစ်ခတ်မှုအတွင်း သံဃာတော်တစ်ပါး၊ ကိုရင်တစ်ပါး၊ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း ရေစကြိုဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ပြည်သူများပါ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး မည်သည့်ဘက်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သို့သော် Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းကမူ စစ်ကောင်စီ၏ လက်နက်ကြီး၊ငယ်များပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက်၍ စိတ်မကောင်းဖြစ်ရကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်း၊ Southern YSO PDF၊People’s Security Force-Yesagyo၊TPGမြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အလားတူ သြဂုတ် ၁၉ ရက်ကလည်း ပခုက္ကူနည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ၆၀မမ၊၈ဝမမ၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကင်းဘန်ကာနှင့် အဆောက်အဦးရှေ့ တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး ရဲ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Southern YSO PDFတာဝန်ခံ ကို အောင်မောင်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၀) ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ပြီး ကျေးရွာများသို့ စစ်ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကွမ်းအုံကျေးရွာဘုန်းကြီးကျောင်းကို စစ်တ​ပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူသုံးဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မှာ မိန်းကလေးငယ် တစ်ဦးကို ပစ်သတ်သွားခဲ့တဲ့ သေနတ်သမားကို ရဲတွေက ဖြန့်ကျက် ရှာဖွေနေပါတယ်။