Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝိုင်းမော်မြို့ခမရ(၃၂၁)တပ်ရင်းကို KIA ပူး‌ပေါင်းတပ် ဖြိုချဖျက်ဆီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ခြေမြန်တပ်ရင်း ခမရ(၃၂၁)တစ်ခုလုံးကို ဖြိုချဖျက်ဆီးလိုက်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။

KIA ပူးပေါင်းတပ်သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် ခမရ(၃၂၁) တပ်ရင်း အုတ်ခုံရှေ့၌ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေသော ရဲဘော်တစ်ဦး။ ဓာတ်ပုံ - The Kachin Net၊Padang Nesn

ယောနသံ/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ခြေမြန်တပ်ရင်း ခမရ(၃၂၁)တစ်ခုလုံးကို ဖြိုချဖျက်ဆီးလိုက်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။

ဝိုင်းမော် – ‌ဗန်းမော်လမ်းပိုင်းရှိ ခမရ(၃၂၁)ကို ပြီးခဲ့သည့် မေလ ၂၁ရက်တွင် KIAနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်ရင်းအတွင်းရှိ အဆောက်အုံများအား ဇူလိုင်အတွင်းက အပြီးသတ်ဖျက်ဆီးလိုက်ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” ဓမ္နာရုံပဲချန်တာ။ အကုန် ဘူဒိုဇာနဲ့ ထိုးပစ်တာ။ ခြံစည်းရိုးပါ ဖြိုပစ်တာ” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါနေရာ၌ တပ်စွဲပါက စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နိုင်ခြေရှိ၍ တပ်မစွဲဘဲ ဖျက်ဆီးပစ်လိုက်ခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ခမရ (၃၂၁)သိမ်းပိုက်သည့်တိုက်ပွဲအတွင်း တပ်ရင်းမှ အရာခံဗိုလ်တစ်ဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် KIA ထံ ပူးပေါင်းခဲ့သည်။ စစ်‌ကောင်စီဘက်မှထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ထွက်ပြေးသွားသူများမှာ ခလရ(၅၈)တပ်ရင်းသို့ သွားရောက်ပူးပေါင်းခဲ့ကြသည်။

ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီအခိုင်အမာတပ်ရင်းအဖြစ် ခမရ (၃၂၁)နှင့် ခလရ(၅၈)ရှိပြီး ယခုအခါ စစ်ကောင်စီသည် ခလရ(၅၈)တပ်ရင်း ၌ ခံစစ်အခိုင်အမာပြင်ဆင်ထားကြောင်း ဒေသခံများက ပြောသည်။

KIAနှင့် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့်ဩဂုတ်၂ရက်က မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီစခန်းနှင့် ရှေ့တန်းစခန်းငယ်များကို တိုက်ခိုက်သိမ်းယူခဲ့သည့် တိုက်ပွဲ၌ ခလရ(၅၈) မှ တပ်ရင်းမှူးတစ်ဦးကျဆုံးခဲ့ကြောင်း စစ်ရေးသတင်းမြစ်များက ပြောသည်။

KIAသည် ကချင်ပြည်နယ်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လ ၇ရက်မှစ၍ စစ်ရှိန်မြှင့်ပြီး စစ်ကောင်စီတပ်စခန်းများအား တပြိုင်တည်း ထိုးစစ်ဆင်သည့် စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့သည်။

မိုးမောက်၊ မံစီ၊ ဝိုင်းမော်၊ လိုင်ဇာ၊ တနိုင်း၊ ဖားကန့်၊ ဆွမ်ပရာဘွမ်၊ ဗန်းမော်၊ ဆော့လော်၊ ချီဖွေစသည့် မြို့နယ်များမှ စစ်ကောင်စီတပ်ရင်းဌာနချုပ်များနှင့် ဗျူဟာကုန်းများအပါအဝင် စခန်းကြီးငယ် ၁၀၀ကျော်သိမ်းပိုက်ခဲ့သည်။

ဇူလိုင်တွင် ကချင်ပြည်နယ်အတွင်း ရေဘေးကြုံတွေ့ခဲ့ရာ KIA က စစ်ဆင်ရေးများရပ်နားခဲ့သည်။ဩဂုတ် ၁ရက်မှစ၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်ပြန်လည်စတင်ခဲ့ပြီး မြစ်ကြီးနား၊ ဗန်းမော်မြို့အနီးမှ စစ်ကောင်စီစခန်းများနှင့် မိုးမောက်မြို့မှ ခလရ(၄၃၇)ကို တိုက်ခိုက်ခဲ့သည်။ ခလရ(၄၃၇)ကိုဩဂုတ် ၁၉ရက်တွင် KIAက သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က မိုးမောက်မြို့ ခမရ(၄၃၇) တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စခန်းမှ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း ထီးချိုင်မြို့နယ် မြတောင်စစ်ကောင်စီ ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ဗျူဟာစခန်း၏ ကားကင်းအချို့ သိမ်းပိုက်ရရှိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

သားကြီး/People’s Spring စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြားမှ စစ်ကောင်စီကာကင်းစခန်းသုံးခုကို KIA၊PDFပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိသည်။ ထီးချိုင့်မြို့အနီး မြတောင်ရွာမှ စစ်ကောင်စီတပ်၏ရှေ့တန်းကာကင်းစခန်းသုံးခုကို ယနေ့(ဩဂုတ်လ ၂၁ရက်) နံနက်ပိုင်းတွင် သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ Public Service Announcement ထီးချိုင့်မြို့မှ စစ်ကောင်စီစခန်းအချို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက...

သတင်း

သံချပ်ကာယာဥ်တစ်စီးသိမ်းပိုက်နိုင်ပြီး စစ်ကူတပ်မှ သံချက်ကာယာဉ်တစ်စီးနှင့် စစ်သုံးယာဉ်များဖျက်ဆီးနိုင်ခဲ့ဟုဆို