Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တွင် တစ်ရက်တည်း ယာဉ်တိုက်မှုကြောင့် နှစ်ဦးသေဆုံး

ရန်ကုန်မြို့တွင် ယမန်​နေ့ (ဩဂုတ် ၂၂ ရက်)က ယာဉ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးရှိကြောင်း လူမှူကူညီရေး အသင်းများထံမှသိရသည်။

သတိုး / People’s Spring

ရန်ကုန်မြို့တွင် ယမန်​နေ့ (ဩဂုတ် ၂၂ ရက်)က ယာဉ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးရှိကြောင်း လူမှူကူညီရေး အသင်းများထံမှသိရသည်။

ဩဂုတ် ၂၂ ရက် နံနက် ၁ နာရီခန့်တွင် ဒဂုံမြို့နယ် ပြည်လမ်းမပေါ်၌ အဘိုးအိုတစ်ဦး ကားတိုက်ခံရပြီး နေရာ၌ ပွဲချင်းပြီးသေဆုံးသွားကြောင်း စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ရဲသူရိန်က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယင်းယာဉ်တိုက်မှုဖြစ်တွင် ယာဉ်မောင်းထွက်ပြေးသွားပြီး သေဆုံးသွားသူနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်နိုင်ရန် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်ဟု ယင်းအဖွဲ့ကဆိုသည်။

ထိုအပြင် တ​နေ့တည်းမှာပင် သာကေတမြို့နယ် ၈ ရပ်ကွက် ဧရာဝဏ်လမ်းမပေါ်တွင် လမ်းဖြတ်ကူးသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး ကားတိုက်ခံရကာသေဆုံးသွားကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ထံမှသိရ သည်။

ဩဂုတ် ၂၁ ရက်ညကလည်း သာကေတမြို့နယ် ၈ရပ်ကွက် ကမာကြည်လမ်းမ‌ပေါ်၌ လမ်းဖြတ်ကူးသည့် အသက် ၂၀ အရွယ် အမျိုးသားနှစ်ဦးကို ယာဉ်တစ်စီးကတိုက်ပြေးခဲ့သောကြောင့် ဒဏ်ရာရရှိသူများကို မြေပြင်ကုသမှုပေးကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ကဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ပြည်တွင်းခရီးစဉ် ပျံသန်းတဲ့ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တဲ့နောက် လိုက်ပါသွားသူ ၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးများတင်းကြပ်နေသည့်ကြားမှ ရန်ကုန်မြို့တနေရာရှိ အုတ်နံရံများပေါ်တွင် သပိတ်အင်အားစုလူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားများ ရေးသား၍ ယနေ့ (သြဂုတ် ၂၂) လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

သတင်း

စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ပြည်သူအချို့ထိခိုက်၍ စိတ်မကောင်းဖြစ်ရဟု မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း ဆို

သတင်း

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများတွင် ပဲဆီအပါအဝင် စားသုံးဆီများ အရောင်းပြတ်နေကြောင်း စျေးဝယ်သူများက ပြောသည်။