Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“လက်ရှိမှာ သိရတာက (ဘီးလူးစစ်​ကြောင်းမှာ)၄၀ ကျော်ကျော်လောက်ကျန်သေးတယ်။ အဲဒါကလည်း သပိတ်ကျင်း၇ မိုင်ဘက်မှာ ပုန်းခိုနေတယ်လို့ သတင်းကြားတယ်”

PLA ပြောရေးဆိုခွင့်ရှိသူနဲ့​မေးမြန်းခန်း

ဘီးလူးစစ်​ကြောင်းက ပြည်သူအိုးအိမ်များကိုဖျက်ဆီးပြီး ပြည်သူများကိုစိန်​ခေါ်​ရေးသားခဲ့​သောစာ။ဓါတ်ပုံ- CJ

ပြည်သူ့လွတ်မြောက်ရေတပ်မတော်(PLA)၏ ရဲဘော်များက သြဂုတ် ၁၄ ရက်တွင် နာမည်ဆိုးဖြင့်​ကျော်ကြားလှသည့် ဘီးလူးစစ်​ကြောင်းမှူးကိုဖမ်းဆီးနိုင်ခဲ့သည်။ အာဏာလုစစ်​ကောင်စီ၏ အစီအစဥ်တစ်ခုအဖြစ်​ပြည်သူလူထုကို ​ကြောက်စိတ်သွင်းရန် ၂၀၂၃က စစ်ကိုင်းတိုင်းအတွင်း နယ်လှည့်ပြီး ပြည်သူများကို အစုလိုက်၊အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်​ခဲ့သောဘီလူးစစ်​ကြောင်းမှူးအပါအဝင် ငါးဦးကို မန္တလေးတိုင်း၊ မိုးကုတ်နှင့် သပိတ်ကျင်းမြို့နယ်ကြားတွင် အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဘီလူးစစ်ကြောင်းသည် ပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုး ရက်စက်​သောနည်းဖြင့် လူသတ်၊ မုဒိန်းကျင့်၊လုယက်၊ မီးရှို့ စ​​သော စစ်ရာဇဝတ်မှုများ​တောထ​အောင်ကျူးလွန်ခဲ့ပြီး ၂၀၂၄တွင် မန္တလေးတိုင်းအတွင်း ရောက်ရှိလာခြင်း ဖြစ်သည်။ မန္တလေးတိုင်းအတွင်း မိုးကုတ်မြို့သိမ်းတိုက်ပွဲနှင့် မတ္တရာ၊ သပိတ်ကျင်းမြို့နယ်တို့လည်း တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်ပြီး ပိတ်ဆို့ဖြတ်တောက်ထားရာမှ ဘီလူးစစ်ကြောင်းမှာ ခြေချစရာမရှိတော့ဘဲ နောက်ဆုံးတွင် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။ ထိုသို့ ဖမ်းမိထားသော ဘီလူးစစ်ကြောင်းမှူးနှင့်ပတ်သက်ပြီး ပြည်သူ့လွတ်မြောက်ရေတပ်မတော်(PLA)၏ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းမှုအချို့ကို ဖော်ပြလိုက်ပါသည်။

— ဒီးဒီ၊ အင်ကြင်း/People’s Spring

​​မေး- ပြည်သူ့လွတ်မြောက်ရေတပ်မတော်(PLA)ရဲဘော်တွေက ဘီလူးစစ်ကြောင်းမှူးအပါအဝင် ငါးဦးကို ဖမ်းမိထားတဘ်လို့ သိရပါတယ်။ ဘီလူးစစ်ကြောင်းမှူးကို ဖမ်းမိတဲ့ဖြစ်စဥ်လေး ပြောပြပေးပါအုံး။

​ဖြေ-သူတို့စစ်ကြောင်းက ပထမတုန်းက မိုးမိတ်ဘက်ကို တက်သွားတာ။ ၁၀၂၇အပိုင်း(၂) အတောအတွင်း လောက်ဖြစ်မယ်။ အဲဒီမှာ လူသတ်တာတွေ၊ မုဒိမ်းကျင့်တာတွေ၊ ခေါင်းဖြတ်တာတွေ သတ်တာတွေလုပ်တယ်။ အဲဒါပြီးတော့ အဲဒီမှာ တိုက်ပွဲတွေဖြစ်တော့ ပြန်ဆုတ်လာပြီးတော့ မိုးကုတ်ဘက်ကိုထပ်တက်တယ်။ မိုးကုတ်ဘက်မှာ ရွာတွေကို ဝင်ပြီးသောင်းကျန်းတာတွေ ကြားတယ်။နောက်ပိုင်းကျ မိုးကုတ်ဘက်မှာလည်း မြို့သိမ်းတိုက်ပွဲ‌ တွေပြင်းထန်‌ လာတော့ သူတို့ အဲဒီမှာနေလို့မရတော့ ပြန်ဆုတ်ပြေးတာ။ပြန်ဆုတ်တော့ မိုးကုတ်နဲ့ သပိတ်ကျင်း လမ်း‌ ကြောဘက်ကို ဆုတ်တာ။ သပိတ်ကျင်းမှာရှိတဲ့ ခလရ(၁၄၈)က ကျွန်မတို့ PLA ရဲဘော်တွေ ဝိုင်းထားတာကြာပြီ။ လနဲ့ချီနေပြီ။ ၁၀၂၇ အစလောက်ကတည်းက ဝိုင်းထားတာ။ ဖြတ်တောက်ရေးယူ ထားတာပေါ့။ အဲဒီ့အထဲကကောင်တွေနဲ့ အပြန်အလှန်ပစ်ကြခတ်ကြ အဲဒီလိုတွေဖြစ် ။ အဲဒီ့ထဲကကောင်တွေကလည်း ရိက္ခာတွေပြတ် ။တပ်ထဲကကောင်တွေကလည်း ရိက္ခာတွေပြတ်။ စစ်ကြောင်းကလည်း ဟိုဘက်တွေက အခြေအနေမကောင်းတော့ဘူး ။ ပြတ်ဆုတ်ပြေးလာပြီးတော့ ကျွန်မတို့ရဲဘော်တွေကို ညှပ်တိုက်ချင်တာ။ ဟိုဘက်က ၁၄၈ ကလည်းတိုက်။ ဒီဘက်က ဘီလူးစစ်ကြောင်းကလည်း ကျွန်မတို့ ရဲဘော်တွေကို ညှပ်တိုက်ပြီး အသေသတ်ဖို့လုပ်တာ။ ဒါပေမယ့် မိုးကုတ်ကတိုက်ပွဲက အောင်သွားတဲ့အခါကျတော့ အဲဒီ့ဘက်က TNLAတို့ မိုးကုတ်ဗျူဟာတို့ မန္တလေး PDFတို့ က ထပ်ပေါင်းတိုက်လိုက်တော့ ၁၄၈က ဒီကောင်တွေ လက်လွှတ် သွားလိုက်ရတာ။ စစ်ခွေးတွေက ရှုံးသွားတာပေါ့။ ရှုံးသွားတဲ့အခါကျတော့ ဘီလူးစစ်ကြောင်းက ၁၄၈ ကိုလည်း သွားပေါင်းလို့ မရတော့ဘူးပေါ့နော်။ သူတို့ကလည်း နဂိုကမှ တပ်ပျက်ပြီးပြေးလာတာဆိုတော့ ရိက္ခာတွေပြတ်လတ်ပြီး ရွာတွေလာရင်း ရိက္ခာ‌တွေ ထွက်ရှာရင်းနဲ့ ကျွန်မတို့ ရဲဘော်တွေနဲ့ ဖမ်းမိသွားတာ။

Public Service Announcement

Public Service Announcement

​မေး-ဘီလူးစစ်ကြောင်းမှူးပါတဲ့အဖွဲ့ပဲ ထမ်းမိထားတယ်ဆိုတော့ အဲဒီစစ်ကြောင်းမှာ အင်အားဘယ်လောက် ကျန်သေးတယ်လို့ သိထားလဲ။

​ဖြေ-သူတို့ ပင်ကိုယ်စစ်ကြောင်းက သိရသလောက် ၁၅၀ကျော် ၊ ၂၀၀ကျော်ကျော်လောက်ရှိတယ်။ ဒါပေမယ့် လက်ရှိမှာ သိရတာက ၄၀ ကျော်ကျော်လောက်ကျန်သေးတယ်။ အဲဒါကလည်း သပိတ်ကျင်း(၇)မိုင်ဘက်မှာ ပုန်းခိုနေတယ်လို့ သတင်းကြားတယ်။

​မေး-PLA ရဲဘော်တွေက ဘီလူးစစ်ကြောင်းမှူးကို စစ်ဆေးနေတယ်ဆိုတော့ ဘယ်လိုချက်အလက်တွေ ရထားပြီးလဲ။ ပြောပြလို့ရတဲ့အချက်တွေရှိရင် ပြောပြပေးပါအုံး။

​​ဖြေ- စစ်ရသလောက်ကလည်း တပ်မ(၉၉)ကလို့ ပြောတယ်။ သူတို့ ဘတ်တံဆိပ်ကလည်း အဲဒီစစ်ကြောင်းမှူးကလည်း တပ်မ (၉၉)ရဲ့ဘတ်တံဆိပ်ကို တပ်ထားတယ်။ ဒါပေမယ့် သူတို့စစ်ကြောင်းတစ်ခုလုံးက တပ်မ(၉၉) ဘတ်တံဆိပ်တပ်၊ မတပ်တော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘီလူးစစ်ကြောင်းက တပ်မတွေ၊ တပ်ရင်းတွေထဲက လူတွေကို ဆွဲထုတ်လိုက်တာ။ အနည်းငယ်စီ။ ဟိုဘက်တပ်မက နည်းနည်း။ ဒီဘက်တပ်မက နည်းနည်း ၊ ဟိုတပ်ရင်းက နည်းနည်း ၊တပ်ထဲမှာလည်း ပြစ်ဒဏ်ကျတဲ့ နည်းနည်းဆိုးတဲ့ မိုက်တဲ့သူတွေ။ တပ်ထဲက ပြစ်ဒဏ်ကျတဲ့သူတွေ သူတို့စိတ်ကြိုက် လက်မရွံ့တွေ ပေါ့။ပြောရရင်တော့။ အဲဒီ့က အနည်းငယ်ဆွဲထုတ်ပြီး ဒီအရပ်ထဲက ထောင်ထွက်တို့ ဆေးသမားတို့ လူရမ်းကားတွေ လူသတ် မုဒိမ်းလုပ်တဲ့ကောင်တွေ စွမ်းအားရှင်လိုကောင်မျိုးတွေ။ ပြောရမယ်ဆိုရင် အဲဒါတွေနဲ့ စစ်တပ်ကလူတွေ ပေါင်းလိုက်ပြီးတော့ ဘီလူးစစ်ကြောင်းဆိုဖွဲ့ပြီးတော့ သီးသန့် အဲဒီကိစ္စတွေလုပ်တာ။ လူသတ် ၊မုဒိမ်းကျင့် ၊ အခြားဘာညာ ၊အဲဒါတွေပေါ့။ ဒီစစ်ကြောင်းမှူးက ကြည့်ရတာ တပ်ကလာတဲ့သူ မဟုတ်ဘူး။ အရပ်သားတွေဆိုတော့ စစ်သားတွေလို ဗိုလ်မှူးဘာညာပေးမထားပဲ စစ်ကြောင်းမှူးဆိုပြီး ပေးထားတာ။ သိရသလောက်ကတော့ စစ်ကြောင်းမှူးလို ခေါင်းဆောင်လုပ်တဲ့သူတွေက တော်တော်ကို သူများထက်ပိုမိုက် သူများထက် ပိုရမ်းကား၊ သူများထက် ယုတ်မာတာ၊ ကမ်းကုန်တဲ့သူတွေ မိုက်ရဲတဲ့သူတွေ လက်ရဲ၊ ဇက်ရဲတွေကို ပေးထားတာ။ သူတို့က ဘယ်လိုလုပ်လဲဆိုတာ စစ်တဲ့သူတွေ ပြောပြတာက မြို့တွေဘာတွေ စစ်ကြောင်းတွေထိုးတော့မယ်ဆိုရင် ရှေ့ပြေးစစ်ကြောင်း အနေနဲ့ အရင်ဆုံးသွားပြီး ရပ်ရွာတွေကို ကြောက်လန့်သွားအောင် သူတို့ကို လုံးဝမလှန်ရဲအောင် ယုတ်မာမှုတွေအကုန်လုပ်တယ် ။ရက်ရက်စက်စက်သတ်ပြတာတို့ မီးရှို့တာတို့ မုဒိမ်းကျင့်တာတို့လုပ်တယ်။ ရှေ့ကနေတပ်ကို ဘယ်သူမှ လှန်မတိုက်ရဲအောင် အကြောက်တရားသွင်းတာပေါ့။ သူတို့ကရှေ့ပြေး အဲဒီလိုတွေလုပ်လုပ်ပြီးတော့ ။နောက်က ထိုးစစ်ထိုးတဲ့ စစ်ကြောင်းတွေကဝင်လာတာ။ သူတို့ကရှေ့ကနေသွားသွားပြီး သီးသန့်လုပ်တဲ့အဖွဲ့။

​မေး-တော်လှန်ရေးရဲဘော်တွေအပြင် ပြည်သူတွေကိုလည်း ခေါင်းဖြတ်လူသတ်နေတဲ့ ဘီလူးစစ်ကြောင်းမှူးကို ဘယ်လိုတရားစီရင်မလဲဆိုပြီးပြည်သူတွေက စိတ်ဝင်စားနေကြပါတယ်။ သူ့ကို ဘယ်လိုတရားစီရင်မယ်လို့ PLAက စီစဥ်ဆုံးဖြတ်ထားလဲ။

​ဖြေ-ကျွန်မတို့စစ်ဆေးနေတဲ့ ရဲဘော်တွေ ကျွန်မတို့ တပ်ဖွဲ့တွေနဲ့ လိုင်းအဆက်အသွယ်အခက်အခဲဖြစ်နေတယ်။ သူတို့ကလည်း တိုက်ပွဲတွေဆက်တိုက်နေရတယ်။ ပြင်ဆင်နေရတယ်။ တိုက်နေရတော့ သူတို့ဓာတ်ပုံ မှတ်တမ်း မှတ်ရာတွေ ဘယ်လောက်ရှိလဲမသိသေးဘူး။ စစ်ချက်တွေဘယ်လောက်ရှိလဲ။ ဘာတွေစစ်လို့ရလဲ ကောင်းကောင်းမရသေးဘူး။ သူတို့လည်းအလုပ်တွေ များနေတော့လေ။ အဲဒါကြောင့် ကျွန်မတို့ကပြောလို့ မရသေးဘူး။ စစ်နေတာပဲရှိသေးတယ်။ နောက်ပိုင်းတော့ ဘယ်လိုလုပ်မယ်ဆိုတာ အခြေအနေတွေကြည့်ရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ယုတ်မာမှုတွေက အရမ်းကမ်းကုန်နေပြီး ရိုင်းဆိုင်းတဲ့ကောင်တွေဆိုတော့ တရားရုံးတွေဘာတွေတင်တဲ့ အဆင့်လည်းရောက်ချင်မှရောက်မှာပေါ့။ ဘာလို့လည်းဆိုတော့ လူထုဥပဒေနဲ့စီရင်လိုက်တာမျိုးလည်း ဖြစ်လာနိုင်တယ်။ အသေးစိတ်အခြေအနေက မသိသေးဘူး။ ကျွန်မတို့တိုင်ပင်ရဦးမယ်။ ဘယ်လိုလုပ်မလဲဆိုတာတွေ။ သိပ်ပြီးတော့ကောင်းကောင်းတော့ မရသေးလို့ ။ နောက်ပြီး အကုန်လုံးကလည်း သိချင်နေကြတော့ အခုသတင်းတွေတင်ထားတာတွေလည်း တွေ့တယ်လေ။ အားလုံးကလည်း စိတ်ဝင်စားကြတယ်။ သူတို့ကရက်စက်ထားတာ‌ တွေက‌ လည်း တအားများတော့ လူထုက Comment မျိုးစုံရေးထားတာတွေ့တယ်။ စစ်တဲ့ ရဲဘော်တွေနဲ့လည်း ကျွန်မတို့က အဆက်အသွယ် ပြတ်တောက်တာတွေရှိတဲ့ အခါကျတော့ အသေးစိတ်တွေ ပြည့်ပြည့်စုံစုံ တွေကတော့ ထုတ်လို့မရသေးဘူး။ အခု ဒါ သိသလောက် ပြောပြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့လို ရက်စက်ယုတ်မာမှု သရဖူဆောင်းထားတဲ့ သူတွေကိုတော့ ကျွန်မတို့တော်လှန်ရေးတပ်ဖွဲ့တွေက သက်သက်ညှာညှာတော့ လုပ်မှာမဟုတ်တာတော့ ကျိန်းသေတယ်။ သူတို့ကိုတော့ လွှတ်ထားမှာမဟုတ်ဘူး။ အဲဒီလိုအကြမ်းဖျဉ်းပေါ့။ ဘယ်လိုဖြစ်မလဲဆိုတာတော့ ခဏလေး အခြေအနေ ကြည့်ပြီးတော့မှ ကျွန်မတို့ စဉ်းစားဆုံးဖြတ်ပြီးလုပ်ပါမယ်။

​မေး-ဘီလူးစစ်ကြောင်းမှူး ဖမ်းမိတာနဲ့ပတ်သက်ပြီး NUG ရဲ့ တရားစီရင်ရေးအဖွဲ့နဲ့ရော ဆက်သွယ်လုပ်ဆောင်နေတာရှိလား။

​ဖြေ-အဲဒါတော့ မရှိဘူး။ သူတို့လည်း လာမဆက်သွယ်ဘူး။ သူတို့လည်းသူတို့ဟာသူတို့ အလုပ်တွေများနေတယ် ထင်ပါတယ်။ ကျွန်မတို့ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဆက်သွယ်ထားတာတော့မရှိဘူး။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

တော်လှန်ရေးအဖွဲ့များ အလိုချင်ဆုံး စစ်ရာဇဝတ်​သားကောင်းများစွာထဲမှ တစ်ဦးကို ပြီးခဲ့သည့် သြဂုတ် ၁၄ရက်က ​တော်လှန်​ရေးတပ်များက အရှင်ဖမ်းမိခဲ့ပါသည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက)-၁၃ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိပြီး ယနေ့နံနက်တွင် အဆိုပါ တပ်ကိုသိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

သတင်း

ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် ငါးဦးဖမ်းမိဟု PLAပြော

သတင်း

သိန္နီ၊ လားရှိုးနှင့် မိုးမိတ် မြို့သိမ်းတိုက်ပွဲများဖြင့် ဗကပမွေးနေ့အခါသမယကို ဂုဏ်ပြုကြောင်း ဖော်ပြ