close
Connect with us

Hi, what are you looking for?

သတင်း

နန်းမယ်ခုံမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပြည်သူတစ်ဦးသေဆုံး၊ ၁၀ဦးဒဏ်ရာရ

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အား စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ယနေ့ ထုတ်ပြန်သည်။

နန်းမယ်ခုံမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - KnHRG

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အား စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ယနေ့ ထုတ်ပြန်သည်။

စက်တင်ဘာ ၄ရက် နေ့လည် ၃နာရီခန့်နှင့် စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် နန်းမယ်ခုံမြို့အနီးကို နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နန်းမယ်ခုံမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – KnHRG

နှစ်ရက်ဆက် တိုက်လေယာဉ် ဗုံး (၈)လုံးနှင့် ပွိုင့်(၅)လက်နက်များအသုံးပြုပစ်ခတ်မှုကြောင့် ကျေးရွာသုံးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတစ်ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ အရပ်သားပြည်သူ ၁၀ဦးရှိခဲ့သည်။

“စစ်ကောင်စီရဲ့ လေကြောင်းကနေ အပြစ်မဲ့အရပ်သားတွေအပေါ် တိုက်ခိုက်မှုက ရပ်တန့်လိမ့်မယ်လို့ မထင်ဘူး။မနေ့က ညနေပိုင်းကလည်း လွိုင်လင်လေးဘက်ခြမ်းကို လေကြောင်းကနေ ဗုံးကြဲမှုရှိခဲ့တယ်။ စိုးရိမ်မှုနဲ့အတူ ပြည်သူတစ်ယောက်ချင်းစီရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့လုပ်နေရတယ်။ သေဆုံးထိခိုက်ဒဏ်ရာရသွားတဲ့ ပြည်သူတွေရဲ့ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုတွေ လူမှုဘဝတွေ ပကတိအခြေအနေပြန်လည်ရရှိဖို့အတွက် ကြိုးစားနေတယ်”ဟု KnHRG ဦးဆောင်သူ ဦးဗညားက လူထုနွေဦးသို့ ပြောသည်။

နန်းမယ်ခုံမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – KnHRG

နန်းမယ်ခုံမြို့ကို လေကြောင်းတိုက်ခိုက်ခံရမှုတွင် ထိခိုက်ပျက်စီးမှုအနေဖြင့် နေအိမ် (၇)လုံး၊ အ များပြည်သူပိုင်ဌာနဆိုင်ရာ ရုံးတစ်ရုံး နှင့် ကျောင်းဆောင်တစ်ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး အခြားထိခိုက် ပျက်စီးများစွာရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စက်တင်ဘာ ၄ ရက်က အာဏာသိမ်း​စစ်ခေါင်း​ဆောင်မင်း​အောင်လှိုင်၏ ကရင်နီပြည် ၊လွိုင်​ကော်မြို့ခရီးစဥ်အတွင်း ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF)က ၁၂၀ မမဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ အရပ်သားပစ်မှတ်များကို ယခုရက်ပိုင်းတွင် နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

စက်တင်ဘာ ၅ ရက်ကလည်း ဖယ်ခုံမြို့နယ်အနောက်ခြမ်း လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီက ပေါင်(၅၀၀)ဗုံးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အသက် (၂) နှစ်နှင့်အထက်ရှိ ကျောင်းနေကလေးများအပါအဝင် အမျိုးသမီးများ အပြစ်မဲ့ပြည်သူ စုစုပေါင်း ၉ သေဆုံးခဲ့ရပြီး စုစုပေါင်း ၂၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်သည်။

နန်းမယ်ခုံမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – KnHRG

စစ်ကောင်စီသည် စက်တင်ဘာ ၅ရက်ညပိုင်းတွင် ဖယ်ခုံမြို့အပါအဝင် မြို့နယ်လေးခုတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နန့်ခမ်းမြို့နှင့် နောင်ချိုမြို့နယ်တို့ကို ယမန်နေ့ည ၁နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နံနက် ၂နာရီ ၄၀မိနစ်တွင် ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)အတွင်းရှိ ကျေးရွာတစ်ရွာကို ထပ်မံလေကြာင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နမ့်ခမ်းမြို့ရှိ ညစျေးအနီးကို စစ်ကောင်စီက ပေါင်(၅၀၀)ဗုံး နှစ်လုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် မြို့ခံ ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

နန်းမယ်ခုံမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – KnHRG

ထို့အပြင် စက်တင်ဘာ ၆ရက်​ နေ့လယ် ၁၂နာရီ ၄၈မိနစ်ခန့်ကလည်း စစ်ကောင်စီက မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ လက်ယက်မကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ရာ ၆ ဦးသေဆုံးပြီး ပြီး ဒဏ်ရာရသူ သုံးဦးမှာလည်း အသက်အန္တရာယ် စိုးရိမ်နေရကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေကြေကြရသည့် အပြစ်မဲ့ပြည်သူများအပေါ် ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့ ဆက်လက်လွယ်လင့်တကူမျက်ကွယ်မပြုဘဲ လက်တွေ့ကျပြီး ထိရောက်သော အရေးယူဆောင်ရွက်မှုများ ဖော်ဆောင်ပေးကြရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (UN member states )၊ ဥရောပအဖွဲ့ဝင်နိုင်ငံများ(EU)နှင့် အရှေ့တောင်အာရှ အဖွဲ့ဝင် နိုင်ငံများ(ASEAN)အား ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူစိတ်ပျောက်နေသော စစ်ကောင်စီအား ထောက်ခံလက်တွဲဆောင်ရွက်နေသည့် လုပ်ရပ် များရပ်တန်းကရပ်ရန် NUG ကျန်းမာရေး သတိပေး

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ရုံးပင်ကျေးရွာအား စစ်ကောင်စီအဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့နယ်ခွဲတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

မန္တလေးနန်းတွင်းက တိုင်းစစ်ဌာနချုပ်ဆီ ရှော့တိုက်ဒုံးနဲ့ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်ကြောင်းတလျှောက် ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးရာမှာ ဒေသခံတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ စုံစမ်းသိရပါတယ်။

Facebook