close
Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မှာ မိုးတွင်းကာလအတွင်းစစ်ရှောင်တွေစားနပ်ရိက္ခာ ခက်ခဲနေ

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာ ဖာပွန်ဒေသမှာ မိုးတွင်းကာလအတွင်း စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာရရှိဖို့ ခက်ခဲနေတယ်လို့ KNU ဆီက သိရပါတယ်။

ဖာပွန်ဒေသစစ်ရှောင်ပြည်သူတွေကို တွေ့ရစဉ်( ပုံဟောင်း) ဓာတ်ပုံ - KNU

နိုင်ပကောင်း/People’s Spring

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၅ စစ်ရေးလှုပ်ရှားရာ ဖာပွန်ဒေသမှာ မိုးတွင်းကာလအတွင်း စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာရရှိဖို့ ခက်ခဲနေတယ်လို့ KNU ဆီက သိရပါတယ်။

မိုးတွင်းကာလအတွင်း ဖာပွန်ခရိုင်ထဲမှာ မိုးကြီးတာကြောင့် ရေကြီးရေလျှံ ပြီး လမ်း ၊တံတားတွေ ပျက်စီးတာ ၊ သွားလာရေးခက်ခဲတာတွေကြောင့် စစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာ ရဖို့ ခက်ခဲနေတာလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

လမ်းပန်းဆက်သွယ်ရေးကြောင့် ရိက္ခာပို့ဖို့ ခက်ခဲသလို ထောက်ပံ့မှုမလုံလောက်တာတွေကြောင့် စစ်ရှောင်တွေ အခက်ကြုံနေရတာလို့သိရပါတယ်။

တိုက်ပွဲတွေကြောင့် တောတောင်ထဲ ထွက်ပြေးလာတဲ့ စစ်ရှောင်တွေ အများအပြားရှိနေဆဲ ဖြစ်ပြီး အများစုဟာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

KNU တပ်မဟာ (၅) နယ်မြေ ဖာပွန်ဒေသဟာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားနှုန်းများတဲ့ဒေသဖြစ်ပြီး အခုနှစ် ၆ လတာအတွင်းမှာ တိုက်ပွဲ ၄၅၀ ကျော်ဖြစ်ထားတယ်လို့ KNUရဲ့စာရင်းအရသိရပါတယ်။

စစ်ရှောင်ဦးရေဟာလည်း ဖာပွန်ဒေသမှာ ကိုးသောင်းနီးပါးရှိလာပါပြီ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ခံများအပါအဝင် မြို့နယ်ရှိ ကျေးရွာ ၁၀ရွာခန့်မှ ပြ​ည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ကို အပြီး သတ်သိမ်းနိုင်ဖို့အတွက် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ် ဗျုဟာနဲ့ တပ်ရင်း ၂ ရင်း ကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားဆဲဖြစ်တယ်လို့ တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

သတင်း

ဖာပွန်မြို့အခြေချစစ်ဗျုဟာနဲ့ မိုင် ၃၀ ခန့်အကွာမှာရှိပြီး အင်အား ရာဂဏန်း ရှိတဲ့ ခေါပုတ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတာလို့သိရပါတယ် ။

သတင်း

မြန်မာနိုင်ငံတဝန်းလုံး စစ်မီးများပိုမိုတောက်လောင်လာ၍ စားဝတ်နေရေး ကုန်စျေးနှုန်းများ ကြီးလာခြင်း၊ ကုန်စျေးနှုန်းတက်ခြင်းနှင့်အတူ စစ်အာဏာရှင်များ၏ ဖိနှိပ်ကန့်သတ်မှုကြောင့် ဝယ်ယူရန်ပင် ခက်ခဲနေခြင်းတို့ကို TNLA ခေါင်းဆောင်က ပြောသည်။

Facebook