close
Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတွင် မိသားစုအားလာခေါ်သည့် အင်ဂျင်နီယာတပ်မှ တပ်ကြပ်ကြီးအား PDF ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် မိသားစုအား လာခေါ်သည့် စစ်ကောင်စီ၏ ခိုလမ် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ တပ်ကြပ်ကြီးတစ်ဦးအား PDFများက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိသော တပ်ကြပ်အား တွေ့ရစဥ်။ဓာတ်ပုံ-Royal Defence Force

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် မိသားစုအား လာခေါ်သည့် စစ်ကောင်စီ၏ ခိုလမ် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ တပ်ကြပ်ကြီးတစ်ဦးအား PDFများက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၇ ရက်)က စစ်ကောင်စီတပ်စွဲထားသည့် ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာအနီးတွင် မိသားစုကို လာခေါ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့၊ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်(ဆလအ ခွဲ ၉၄၉တပ်)မှ တပ်ကြပ်တစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ပခုက္ကူခရိုင်အခြေစိုက် Royal Defence Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီဘက်မှာရှိတဲ့ သူ့မိသားစုကိုလာခေါ်တာဗျ။ အဲဒါကျွန်တော်တို့က သတင်းရပြီး သွားစောင့်ဖမ်းတာ။ အရပ်သားပုံဖမ်းပြီးလာတော့ သူကလက်နက်တွေ ယူမလာခဲ့ဘူး။ဖမ်းဆီးရမိတဲ့အထဲ မိသားစုတော့ မပါဘူး။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်ကြပ်သည် လုပ်သက် (၂၆)နှစ်ရှိသူဖြစ်ပြီး အခြား အသေးစိတ်အချက်များ ဆက်လက်စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းကလည်း ပခုက္ကူမြို့တွင် KTV မှ ပြန်လာသည့် နေပြည်တော်အခြေစိုက် အမှတ်(၂၃) တပ်မတော် ဆေးရုံ(ကုတင်၂၅)မှ တပ်ရေးတပ်ထောက် ဗိုလ်ကြီးဇော်ဝင်းကိုဆိုသူအား Southern YSO PDF ဖမ်းဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီစခန်းမှပြန်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း ၅ရင်းစုပေါင်း တိုက်ခိုက်ခဲ့ကြောင်း ယောတော်လှန်ရေးတပ်(YRA)-ထီးလင်း တာဝန်ရှိသူ သခင်ဇော်က ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဂိတ်အား ဒေသတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ သေနတ် ၃လက် သိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ရှင်မတောင် ပေါ်မှဆင်းလာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေး စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးကြောင်း သတင်းရရှိသည်။

Facebook