close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ပန်းဝင်ခါနီး အားကုန်ရုန်း၊ အားကုန်စိုက်တဲ့ ပုံစံမျိုးနဲ့ အချိန်မြန်မြန်နဲ့ တိုတိုနဲ့ ရောက်နိုင်အောင် အားကုန်စိုက် တွန်းရင် အချိန်တိုတိုအတွင်းအမြန်ဆုံးနည်းနဲ့ ပြည်သူတွေရဲ့ ဆန္ဒပြည့်မယ်လို့ ကျွန်တော်တို့ အပြည့်အဝယုံကြည်တယ်”

ဦး​ကျော်မိုးထွန်းနဲ့ ​မေးမြန်းခန်း (အပိုင်း-၂)

နိုင်ငံတကာမျက်နှာစာတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ မြန်မာပြည်သူလူထု တွေ့ကြုံခံစားနေရသည့်အဖြစ်အပျက်များကို အရှိအတိုင်း ရှင်းလင်းအစီရင်ခံနေသည့် သံတမန်တစ်ဦးသာ ရှိပါသည်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ရုံးထိုင်သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းဖြစ်ပါသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာ့အရေးတွင် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများက ထိရောက်စွာ လုပ်ဆောင်ကူညီခြင်းမရှိသည့်တိုင် မြန်မာပြည်သူများ နေ့စဥ်ခံစားရင်ဆိုင်နေရသော စစ်တပ်၏ အကြမ်းဖက်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများ၊ စစ်ရာဇဝတ်မှုများကို နိုင်ငံတကာသိရှိစေရန် ကုလသမဂ္ဂစင်မြင့်မှတဆင့် အသံလွှင့်ထုတ် တင်ပြနေလျှက်ရှိသည်။ မကြာမီစတင်မည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း မြန်မာပြည်သူများအား ဆက်လက်ကိုယ်စားခွင့်အခြေအနေ၊ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးဆောင်ရွက်မှု ပျက်ကွက်နေမှုအပိုင်း၊ လက်ရှိနှင့် ဆက်လက်လျှောက်လှမ်းရမည့် တော်လှန်ရေး အခြေအနေ စသည်တို့နှင့်ပတ်သက်၍ သံအမတ်ကြီး၏ သဘောထားအမြင်များကို People’s Spring-လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါသည်။

အီယိုရီ/People’s Spring

မေး – ကုလသမဂ္ဂနဲ့ နိုင်ငံတကာက မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်တာ မရှိဘူးလို့ မြန်မာပြည်သူလူထုက ခံစားယူဆနေကြတယ်။ ဘာကြောင့် ကုလသမဂ္ဂက မြန်မာပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ ဒုက္ခတွေကို လျော့ပါးသက်သာအောင် မလုပ်ပေးနိုင်တာလဲ။ ဒီအပိုင်းကို သံအမတ်ကြီး ရှင်းပြလို့ ရသလောက် ရှင်းပြပေးပါလား။

Public Service Announcement

Public Service Announcement

ဖြေ – UN လို့ ပြောရင် UN က inter governmental organisation တစ်ခုဖြစ်တယ်ပေါ့။ နိုင်ငံပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ဒါ့ကြောင့် အချို့ကိစ္စတွေမှာ UN လို့ ပြောလိုက်ရင် UN secretariat ရှိမယ်။ အဖွဲ့ဝင်နိုင်ငံတွေ ရှိမယ်။ UN secretariat ဆိုတဲ့ ဥစ္စာက အဖွဲ့ဝင်နိုင်ငံတွေက mandate ပေးတဲ့အပေါ်မှာပဲ ဆောင်ရွက်နိုင်တဲ့အနေအထားမျိုးရှိတယ်။ mandate မပေးရင် လုပ်ဖို့ အခက်အခဲရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကိစ္စဆိုရင် အဲဒီကိစ္စတစ်ခုကတော့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုလို့ ပြောလို့ရတယ်။ ဒါ့ကြောင့် ဥပမာ လုံခြုံရေးကောင်စီမှာ ၂၀၂၂ ဒီဇင်ဘာလတုန်းက 2669 ဆိုတဲ့ resolution တစ်ခုချခဲ့တယ်။ အဲဒီ resolution နဲ့ပတ်သက်ရင် ကျွန်တော်တို့ အားမလို အားမရ ဖြစ်တယ်။ resolution ချတဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမဲ့ resolution မှာ ပါတဲ့ အချက်တွေက အရမ်းကို enforcer တွေ မပါတဲ့အတွက်ကြောင့် ဒီ resolution ကို စစ်တပ်က မလိုက်နာဘူး၊ ဖောက်ဖျက်တယ်။ ဘာဆက်လုပ်မလဲဆိုတဲ့ အချက်အလက်တွေ မပါလာတဲ့အတွက် စစ်တပ်က သူတို့ လုပ်နေကြအတိုင်း အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်တယ်။ ဒီ culture of impunity ကိုဆက်လက်ပြီးတော့သူတို့ ရင်ခွင်ပိုက်ပြီးဆောင်ရွက်နေတယ်ဆိုတဲ့ အနေအထားမျိုး။ ဒါတွေကို နိုင်ငံတကာကလည်းသိတယ်။ ဒါတွေရပ်အောင််ဘယ်လိုလုပ်မလဲဆိုတဲ့ ဥစ္စာမှာ အချင်းချင်းကြားထဲမှာ ညှိနှိုင်းဆောင်ရွက်လို့ မရတဲ့အတွက်ကြောင့် ဒီ resolution က ပျော့တဲ့ ဥစ္စာမျိုးဖြစ်တယ်။ ဆိုတော့ အခုလည်း UK ကနေ နောက် resolution တင်ဖို့ စကြိုးစားနေပြီ။ ဒါပေမဲ့ resolution မှာပါတဲ့ အချက်အလက်တွေက ကျွန်တော်တို့ အမြဲထောက်ပြတာကတော့ ဒီ enforceable ဖြစ်တဲ့ resolution ဖြစ်ဖို့လိုတယ်။ စကစအနေနဲ့ မလိုက်နာရင် သူ့ကို ဘာလုပ်မလဲ ဆိုတဲ့ အချက်အလက်တွေ ပါဖို့။ နောက်တစ်ခုက စစ်တပ်က လက်နက်တွေ အသုံးပြုပြီး ပြည်သူတွေကို သတ်ဖြတ်နေတာ ဖြစ်တဲ့အတွက်ကြောင့် စစ်တပ်ကို လက်နက်စီးဆင်းမှုမရှိအောင် ရပ်တန့်မယ့် စကားလုံးတွေ ပါဖို့ လိုတယ်။ နောက်ပြီးတော့ စစ်တပ်အသက်ရှင်နေလို့ ပြည်သူတွေ အသတ်ခံနေရတာဖြစ်တဲ့အတွက် ဒါတွေရပ်တန့်ဖို့ ငွေကြေးစီးဆင်းမှုကိုလည်း ရပ်တန့်ဖို့၊ စစ်တပ်ဆီ ငွေကြေးစီးဆင်းနေတာ ရပ်တန့်ဖို့ လိုတယ်ဆိုတာ ကျွန်တော်တို့ အမြဲတမ်းပြောတာ အထူးသဖြင့် အရေးကြီးတာ အခုဆိုရင် အားလုံးသိတဲ့အတိုင်း စစ်တပ်က လေကြောင်းကို အထူးအသုံးပြုပြီး ပြည်သူတွေကို သတ်ဖြတ်နေတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ Jet fuel နဲ့ပတ်သက်လို့ စစ်တပ်ကို မရောက်စေဖို့ ၊ အားလုံး ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ စာသားတွေ ပါဖို့၊ Jet fuel နဲ့ပတ်သက်လို့ United States က အဲဒါကို push လုပ်နေတာ ရှိတယ်။ သူတို့ ကိုယ်တိုင်လည်း Jet fuel နဲ့ပတ်သက်လို့ Targeted sanction ချထားပြီးသား။ အဲဒီချထားပြီး ဥစ္စာတွေ အဲဒီလိုမျိုး ကျွန်တော်တို့ ပြည်သူတွေ အသက်ကို ကယ်တင်နိုင်မယ့် စာသားတွေ ပါဖို့။ အဲဒီလို နေရာမှာ ကျွန်တော် ပြန်ပြောချင်တာက ပြီးခဲ့တဲ့ ရက်ပိုင်းက မိန့်ခွန်းမှာ ထည့်ပြောခဲ့တာရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကိစ္စ၊ အထူးသဖြင့် လူသားချင်းစာနာမှု အကူအညီကိစ္စသော်လည်းကောင်း၊ လူတွေကို အသက်ကယ်တင်ဖို့ကိစ္စသော်လည်းကောင်း နိုင်ငံတကာအနေနဲ့ coordinated ဖြစ်ဖြစ်၊ coherent ဖြစ်ဖြစ် ပူးပေါင်းညှိနှိုင်းပြီး ဟန်ချက်ညီညီဖြစ်ဖို့ လုပ်ဖို့ လိုတယ်ဆိုတဲ့ကိစ္စမျိုး ထောက်ပြတာရှိတယ်။ အဲဒီမှာ ဆိုရင်လည်း နိုင်ငံတကာအဆင့်မှာရော၊ ဒေသတွင်းအဆင့်မှာရောဒီဥစ္စာက ဟန်ချက်ညီညီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ပုံစံမျိုးနဲ့ သွားဖို့လိုတယ်ဆိုတာ ထောက်ပြထားတာ ဖြစ်တယ်။ ဒါ့ကြောင့်အခုလိုမျိုးမှာ ဘာကြောင့် ကုလသမဂ္ဂအနေနဲ့ မဆောင်ရွက်နိုင်ဘူးလဲဆိုတာ ရှင်းတယ်။ အချင်းချင်းပေါ့နော်။ တကယ် တာဝန်ယူဆောင်ရွက်နိုင်တဲ့သူတွေ ကြားထဲမှာ တသံတည်းမထွက်နေတာကြောင့်လို့ ပြောလို့ရတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မက်ဆေ့ချ်က ကျွန်တော်တို့ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာာအသိုင်းအဝိုင်းအနေနဲ့ coordinated ရှိရှိ၊ coherent ရှိရှိနဲ့ ဆောင်ရွက်ပေးဖို့။ အဲဒီ coordinated ရှိရှိ၊ coherent ရှိရှိ ဆောင်ရွက်ပေးတဲ့အခါ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီသာ ဖြစ်ဖို့လိုတယ်ဆိုတာကို ကျွန်တော်တို့ အမြဲတမ်းတောင်းဆိုနေတာ ဖြစ်တယ်။ ဒါကြောင့် စစ်တပ် အသက်ရှင်ဖို့အတွက်၊ ဒီအာဏာရှင်စစ်တပ် ဆက်ပြီး သက်ဆိုးရှည်ဖို့အတွက် မည်သည့်ကိစ္စမျိုးကိုမှ အားလုံးဝိုင်းဝန်းပြီး ရပ်တန့်အောင်လုပ်ဖို့လိုတယ်။ အားလုံး ဝိုင်းဝန်းဆန့်ကျင်လုပ်ဖို့လိုတယ်။ ဆက်ပြီး ပြောရရင် စစ်တပ်ကနေပြီးတော့ စီစဥ်နေတဲ့ ရွေးကောက်ပွဲလုပ်ဖို့ဆိုတဲ့ အစီအစဥ်နဲ့ပတ်သက်ရင် ကျွန်တော်တို့ ဘယ်လိုမှ စစ်တပ်လုပ်တဲ့ ဘယ်ရွေးကောက်ပွဲကိုမျှ ဘယ်လိုမျှ Free and Fair ဖြစ်စရာ အကြောင်းမရှိဘူး။ ဘယ်လိုမျှ Inclusive ဖြစ်စရာ အကြောင်းမရှိဘူး။ ဒါတွေကို မလုပ်အောင် ဦးစွာ တားမြစ်ရမယ်။ သူတို့ အဖြေကို ကျွန်တော်တို့က သိပြီးသား။ နောက်ပြီးတော့ မကြာခင်တုန်းကလည်း NUG ကာကွယ်ရေးဝန်ကြီးလည်း ပြောသွားပြီးသားဖြစ်တယ်။ ၂၀၂၀ တုန်းက ရွေးကောက်ပွဲ လုပ်ပြီးပြီ။ နိုင်ငံတကာလေ့လာသူတွေရဲ့ သူတို့ရဲ့ သုံးသပ်ချက်စာတမ်းတွေထဲမှာ (အဲဒီကာလတွေမှာ) ကမ္ဘာမှာ လုပ်သွားတဲ့ ရွေးကောက်ပွဲတွေထဲမှာ အမျှတ Free and Fair အဖြစ်ဆုံးရွေးကောက်ပွဲတစ်ခုက မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုတဲ့ ဥစ္စာကို လေ့လာတဲ့သူတွေက ထုတ်ပြောသွားပြီးသားဖြစ်တယ်။ ဒီလိုမျိုးအနေအထားကို စစ်တပ်ကနေ အာဏာသိမ်းခဲ့တယ်။ အခု သူတို့လုပ်မယ့် ရွေးကောက်ပွဲ။ သူတို့မကြိုက်တဲ့သူတစ်ယောက် တက်လာပြန် သူတို့ အာဏာသိမ်း။ အဲဒါကို ကျွန်တော်တို့ လက်ခံပေးလို့ မရဘူး။ ကျွန်တော်တို့ အချိန်တွေ၊ ကျွန်တော်တို့ သားသမီးတွေရဲ့ အချိန်တွေ၊ အနာဂတ်တွေ မဖျက်ဆီးကြပါနဲ့လို့ ကျွန်တော်က ပြောလိုတယ်။ ကျွန်တော်တို့တတွေ အခု ဆောင်ရွက်နေတဲ့ ဥစ္စာက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ထောင်ဖို့ဆိုတဲ့ ဆောင်ရွက်နေတာက လက်ရှိ ရှိနေတဲ့ ကျွန်တော်တို့ generation ကိုရော၊ ကျွန်တော်တို့ရဲ့ အနာဂတ် generation ကိုရော အဲဒီအတွက်ဆောင်ရွက်နေခြင်းဖြစ်တယ်။

ဒါကြောင့် ကျွန်တော်တို့ကလေးတွေ၊ ကျွန်တော်တို့ ကလေးတွေရဲ့ အနာဂတ်ကို မဖျက်ဆီးကြပါနဲ့။ တောက်ပတဲ့ အနာဂတ်ဖြစ်ဖို့အတွက် အားလုံးဝိုင်းဝန်းကူညီပေးကြပါလို့ ကျွန်တော် ပြောလိုပါတယ်။

မေး – ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြောသွားတာပေါ့နော်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစ်ခါတည်းပဲ ဆက်မေးချင်တာက ပြည်သူလူထုကရော၊ တော်လှန်ရေးအင်အားစုကရောက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက အတုအယောင်ရွေးကောက်ပွဲဖြစ်ပါတယ်လို့ ပြတ်ပြတ်သားသားပြောကြတယ်။ ရွေးကောက်ပွဲမဖြစ်ဖို့ ကြိုးစားကြတယ်။ ဒီနေရာမှာ တကယ်လို့များ စစ်တပ်က၊ စစ်ကောင်စီက ရွေးကောက်ပွဲကို ပြုလုပ်ကျင်းပနိုင်တယ်ဆိုရင် အာဆီယံအပါအဝင် ဘယ်လိုနိုင်ငံမျိုးတွေက စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အသိအမှန်ပြုလာနိုင်မယ်လို့ တွေ့ရလဲပေါ့။ ဘယ်လိုခန့်မှန်းမိလဲ။

ဖြေ – အဲဒါက ပြောဖို့ ခက်တယ်။ သက်ဆိုင်ရာနိုင်ငံတွေက သူတို့ ဆုံးဖြတ်တဲ့အနေအထားမျိုးရှိမှာဖြစ်တယ်။ ကျွန်တော်တို့ တောက်လျှောက်ပြောလိုတာက တရားမျှတမှုမရှိတဲ့၊ တရားဝင်မှုမရှိတဲ့ စစ်တပ်က လုပ်တဲ့ ဘယ်ရွေးကောက်ပွဲမဆို ကျွန်တော်တို့ ပြည်သူတွေက လက်မခံဘူးဆိုတာ ဒါပြတ်ပြတ်သားသားရှိတယ်။​ ဒါ့ကြောင့် ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို လေးစားကြဖို့ ဆိုတာ ဒီအချက်တွေ ရည်စူးပြီးတော့ ပြောခြင်းဖြစ်တယ်။ ဒါကြောင့် စကစလုပ်တဲ့ မည်သည့်ရွေးကောက်ပွဲကိုမဆို ကျွန်တော်တို့ ပြည်သူတွေက ဆန့်ကျင်တယ်။ ဘာကြောင့်လဲဆိုတော့ Free and Fair နဲ့ Inclusive မဖြစ်နိုင်တဲ့အတွက်ကြောင့်၊ ဒါကြောင့်မို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း လုံးဝလက်မခံဘဲ ဒီအသံကို ဆက်ဆက်ပြီးတော့ ကျယ်ကျယ်လောင်လောင်ဖြစ်အောင် လုပ်သွားဖို့၊ ဒီထက် ပိုအရေးကြီးတာက ဒီလိုမျိုး စကစက ရွေးကောက်ပွဲလုပ်တယ်။ မည်ကာမတ္တ ရွေးကောက်ပွဲလုပ်တယ်။ သူတို့ သက်ဆိုးရှည်အောင်လုပ်တယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ခံစားနေရမှု၊ ပြည်သူတွေရဲ့ ဒုက္ခက ပိုပိုပြီး သက်ဆိုးရှည်လာလိမ့်မယ်။ ပိုပိုပြီးတော့ ခံစားရတဲ့ ဒုက္ခတွေ ပိုပိုပြီးတော့ နက်နဲလာလိမ့်မယ်။ ဒါကြောင့်မို့ ဒါတွေကို မဖြစ်စေဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက သိဖို့လိုတယ်။ အဲဒီလို သိအောင်ကျွန်တော်တို့တတွေက ဝိုင်းပြီး လုပ်ဆောင်နေတာဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို လေးစားဖို့၊ လိုက်နာပေးဖို့ ဆိုတာကိုတော့ တသွင်သွင်ပြောဆိုနေရမှာပဲ ဖြစ်ပါတယ်။

မေး – နိုင်ငံတကာက မြန်မာပြည်သူ​တွေကို ထိထိ​ရောက်​ရောက်မကူ​ပေမယ့် သံတမန်​တွေအပါအဝင် နိုင်ငံ​ရေးအကဲခတ်​တွေက စစ်တပ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာ စစ်တပ်ကအ​ခြေအ​နေ​တွေထိန်းချုပ်နိုင်မယ်​ပြောတယ်။ သူတို့ခန့်မှန်းချက်​တွေလွဲ​ပေမယ့် အကူအညီ​တော့မ​ပေး​ပဲ စစ်တပ်မရှိ​တော့ရင် တိုင်းပြည်အစိတ်စိတ်အမွှားမွှားဖြစ်သွားနိုင်တယ်ဆိုပြီး ​လေသံလွှင့်လာပြန်တယ် ။ ဒီအ​ပေါ်သံအမတ်ကြီးဘယ်လိုမြင်ပါသလဲ။

ဖြေ – ဒါကတော့ အင်တာဗျူးတွေမှာ တော်လှန်ရေးအင်အားစုတွေက ပြောနေတာက ပြတ်သားပါတယ်။ ရှင်းလင်းပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံ တည်ငြိမ်ဖို့၊ ကျွန်တော်တို့ နိုင်ငံ သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့ဆိုရင် ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဖြစ်ဖို့၊ ဒါကြောင့် ကျွန်တော်တို့ အမြဲတမ်းပြောနေတာရှိတယ်။ အခုပြည်သူတွေ ဒုက္ခရောက်မှု နိုင်ငံမတည်မငြိမ်ဖြစ်မှု၊ စီးပွားရေး ချွတ်ခြုံကျမှုရဲ့ အဓိက root cause က ဘယ်သူလဲ ။ အဓိက root cause က စစ်တပ်ဖြစ်တယ်။ စစ်အာဏာသိမ်းမှုဖြစ်တယ်။ စစ်အာဏာရှင်စနစ်ဖြစ်တယ်။ နောက်ပြီး စစ်တပ်က မတရား ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေမှုတွေ၊ ဒါတွေက အခုကျွန်တော်တို့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ root cause တွေ ဖြစ်တယ်။ အဲဒီ root cause တွေကို ကျွန်တော်တို့ ဖြေရှင်းနိုင်ဖို့ လိုတယ်။ root cause တွေကို ကျော်လွှားနိုင်ဖို့လိုတယ်။ ဒါကြောင့် ရှင်းတယ်။ စစ်တပ်က စစ်အာဏာရှင်စနစ် ရှိနေသမျှ ကျွန်တော်တို့ ပြည်သူတွေက ငြိမ်းချမ်းမှာမဟုတ်ဘူး။ နိုင်ငံတိုးတက်မှုမှာလည်း ခလုတ်တသင်းတွေ တောက်လျှောက် ဖြစ်နေမှာ။ အဓိက အရင်းအမြစ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းရမယ်။ ချုပ်သိမ်းရမယ်ဆိုတာကို ဆောင်ရွက်နေတာဖြစ်တယ်။ ဒါတွေကိုလည်း နိုင်ငံတကာက မသိဘူးလားဆိုရင် အတိုင်းအတာတစ်ခုအထိ သိတယ်ပေါ့။ ဒါ့ကြောင့် စစ်တပ်ကို အခြေပြုပြီး စဥ်းစားတဲ့လုပ်ဆောင်တာ ဘယ်အရာမဆို လုံးဝမှားနေတယ်ဆိုတာ ပိုပိုသိလာကြပြီဖြစ်တယ်။ ဒါကိုလည်း ဒီထက်ပိုသိဖို့လိုတယ်။ တချို့တွေ အနေနဲ့ အဲဒီရဲ့ ချဥ်းကပ်မှုနဲ့ ရပ်တည်ဆောင်ရွက်နေတာတွေ ရှိတယ်။ ဒါက အဖြေမဟုတ်ဘူး။ ဒါက နည်းလမ်းအမှန်မဟုတ်ဘူးဆိုတာလည်း သိဖို့လိုတယ်။ အခုက ကျွန်တော်တို့ ပြည်သူတွေတင် ပြောတာမဟုတ်ဘူး။ မြန်မာနိုင်ငံအကြောင်းကို လေ့လာနေတဲ့သူတွေကလည်း ဒါကို ထောက်ပြနေတာဖြစ်တယ်။ ဒါကြောင့် ပြည်သူကိုအခြေပြုပြီး စဥ်းစားတဲ့၊ ပြည်သူကို အခြေပြုတဲ့ နည်းလမ်းမျိုးကသာ မြန်မာနိုင်ငံရဲဲ့ အနာဂတ်၊​မြန်မာပြည်သူတွေရဲ့ အနာဂတ် တည်ငြိမ်သော၊ အေးချမ်းသော၊ သာယာဝပြောသော နိုင်ငံ ဖြစ်စေမှာ ဖြစ်တယ်။ ပြည်သူတွေကို အခြေပြုပြီးတော့ စဥ်းစားတဲ့ ၊ ပြည်သူတွေကို အခြေပြုပြီး လုပ်ဆောင်တဲ့ လုပ်ဆောင်ပုံတွေကသာ နိုင်ငံကိုတည်ငြိမ်အေးချမ်းစေနိုင်တယ်လို့ ကျွန်တော်ပြောလိုပါတယ်။

မေး – အခုဆိုရင် ​တော်လှန်​ရေးတပ်​တွေက မြို့​​ပေါင်း ၈၀ ​လောက်ကိုသိမ်းပိုက်ထိန်းချုပ်ထားတယ်။ မသိမ်း​​သေးပေမယ့် စစ်​ကောင်စီကို ဖြတ်​တောက်ပိတ်ဆို့ ဝန်းရံထားတဲ့မြို့​တွေလည်းအများကြီးရှိတယ် ။ ပြည်သူ​တွေ ​​နွေဦး​တော်လှန်​ရေး​အောင်ပွဲ နီးလာပြီလို့ ​ပြော​နေကြပြီ။ သံအမတ်ကြီးအ​နေနဲ့ ရော ပြည်သူ့​အောင်ပွဲ ဘယ်​လောက်နီးလာပြီလို့ ထင်ပါသလဲ ။ နိုင်ငံတကာက ​လေးစားအတူယူရတဲ့ ပြည်သူ့​အောင်ပွဲဖြစ်လာဖို့ ဘယ်လိုစိတ်ဓါတ်၊ သတ္တိ ၊ ခံယူချက် ၊အပြုအမူတွေနဲ့ ပန်းတိုင်ကိုသွားသင့်တယ်လို့ အကြံပြုလိုပါသလဲ။

ဖြေ – ကျွန်တော်ကတော့ တော်လှန်ရေးက အခြားနိုင်ငံတွေမှာ မတူတဲ့ တော်လှန်ရေးနဲ့ လုပ်ဆောင်နေတာဖြစ်တယ်။ ဒီလောက်ရက်စက်ကြမ်းတမ်းတဲ့ စစ်တပ်ကို၊ စစ်အာဏာရှင်ကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လုံးဝမလျှာ့သော ဇွဲနဲ့ တစိုက်မတ်မတ် ဆောင်ရွက်နေတာဖြစ်တယ်။ ကျွန်တော်တို့တတွေ ပြည်သူတွေက resilience ဖြစ်မှုကတော့ အားလုံး အတုယူရမယ့်အနေအထား၊အားလုံးချီးကျူးရမယ့် အနေအထားဆိုတာကတော့ ပြတ်ပြတ်သားသားပြောလို့ရပါတယ်။ ဒါကြောင့် အဓိကက ကျွန်တော်တို့တွေ အနေနဲ့ အခုဆောင်ရွက်နေတဲ့ ဥစ္စာမှာ စိတ်ဓာတ်ခပ်ပြင်းပြင်း၊ စိတ်ဓာတ် ခပ်မာမာနဲဲ့ ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒီအတိုင်း ဆက်ဆောင်ရွက်သွားနိုင်မယ်။ နောက်ပြီး ဒီထက်ပိုပြီး ကျွန်တော်တို့ အမြဲတမ်းပြောတယ်။ ပန်းတိုင်နားဝင်လာခါနီးဖြစ်တဲ့ အချိန်ဖြစ်တဲ့ အတွက်ကြောင့် အနှောင့်အယှက်တွေ ရှိနိုင်တယ်။​ အဲဒီအနှောင့်အယှက်တွေကို လက်ရှိ ကြံ့ကြံ့ခိုင်မှု၊​ ပြတ်သားမှုနဲ့ အားလုံးကို ဖယ်ရှားပစ်နိုင်ပါတယ်။ ကျွန်တော်တို့တွေ အနေနဲ့၊ ပြည်သူတရပ်လုံးအနေနဲ့ ကျွန်တော်တို့ တစုတစည်းတည်းအား၊ လက်ချင်းယှက်ပြီးတော့၊ တော်လှန်ရေးအင်အားစုတွေ ကြားမှာ၊ မြန်မာနိုင်ငံ တနံတလျားမှာ ရှိတဲ့ တော်လှန်ရေး အင်အားစုတွေ ကြား၊ ဒီထက်ပိုအားကောင်းတဲ့ စုစည်းမှု၊ ဒီထက်ပိုအားကောင်းတဲ့ လက်တွဲမှုတွေနဲ့ ကျွန်တော်တို့ ဆောင်ရွက်သွားနိုင်ရင် ကျွန်တော်တို့တော်လှန်ရေးဟာ မကြာမီအချိန်မှာ အောင်မြင်မယ်လို့ အပြည့်ယုံကြည်တယ်။ ဒါ့ကြောင့်မို့ ပြည်တွင်းမှာ ရှိတဲ့သူတွေရော၊ ပြည်ပမှာ ရှိတဲ့ သူတွေရော၊ ကျွန်တော်တို့တတွေ လုပ်နေတဲ့ ကျရာတာဝန်တွေကနေ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားပေးကြပါ။ ဒီထက်တိုးပြီး ပြောရရင် ကိုယ်လုပ်နိုင်တဲ့ တစ်လှမ်းဆက်တိုးနိုင်တယ်၊ နှစ်လှမ်းဆက်တိုးနိုင်တဲ့ သူတွေလည်း ထပ်ထပ်တိုးပြီး ပန်းဝင်ခါနီး အားကုန်ရုန်း၊ အားကုန်စိုက်တဲ့ ပုံစံမျိုးနဲ့ အချိန်မြန်မြန်နဲ့ တိုတိုနဲ့ ရောက်နိုင်အောင် အားကုန်စိုက် တွန်းရင် အချိန်တိုတိုအတွင်း အမြန်ဆုံးနည်းနဲ့ ပြည်သူတွေရဲ့ ဆန္ဒပြည့်မယ်လို့ ကျွန်တော်တို့ အပြည့်အဝယုံကြည်တယ်။ ဒီထက်ပိုပြီး ပန်းဝင်ခါနီး အားစိုက်တဲ့ ပုံစံမျိုး ထပ်အားစိုက်ပေးလိုက်တယ်ဆိုရင် ကျွန်တော်တို့ မလွဲမသွေ အမြန်ဆုံး တော်လှန်ရေးအောင်မြင်တဲ့ ပန်းတိုင်ရောက်ပြီလို့ အပြည့်ပြောလို့ရပါတယ်။ ဒါကြောင့် အားလုံးဝိုင်းဝန်းကြိုးစားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

မေး – မြန်မာ့အရေးမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဆောင်ရွက်ပေးမှု အားနည်းနေပေမဲ့လည်း မြန်မာပြည်သူလူထုက သံအမတ်ကြီးကိုပဲ ဆက်လက်ထောက်ခံ အားကိုးကြတာတွေ့ရတယ်။ သံအမတ်ကြီးကိုပဲ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့သံအမတ်ကြီးအဖြစ် ဆက်လက်လိုလားကြတယ်။ပြည်သူတွေကို သံအမတ်ကြီးအနေနဲ့ ဘာများသတင်းစကားပါးလိုပါလဲ။

ဖြေ – ရှေ့မှာ ပြောသွားတဲ့ ဥစ္စာတွေမှာ ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အမြဲတမ်းပြောတဲ့ ပြည်သူသာ အဓိကပါဆိုတဲ့ အတိုင်း ကျွန်တော်တို့ ပြည်သူ့အားနဲ့ နွေဦးတော်လှန်ရေး၊ ပြည်သူ့တော်လှန်ရေးကို အမြန်ဆုံး ဆုံးခန်းတိုင်ဖို့ ဆက်လက် အားဖြည့်ပေးကြပါတယ်။ ဆက်လက် အားစိုက်ပေးကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနားလည်မှုရှိနေကြဖို့၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားသမှုရှိအောင် ဆောင်ရွက်ပေးကြဖို့၊ အဲဒီကနေ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ တိုးလာပြီးတော့ စည်းလုံးညီညွတ်အားက ပိုပြီး အားကောင်းခိုင်မာလာမှာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီလို မျိုး အားတွေက တဆင့်၊ အားတွေ ကောင်းလာလေလေ၊ အားတွေ အရှိန်များလာလေလေ ကျိန်းသေတယ်၊ ကျွန်တော်တို့ တော်လှန်ရေးက အမြန်ဆုံးနည်းနဲ့ အောင်မြင်မှာဖြစ်တဲ့အတွက်ကြောင့် အဲဒီလို စိတ်ဓာတ်နဲ့ အားစိုက်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံလိုပါတယ်။​ တချိန်တည်းမှာလည်း စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ လူတိုင်းလူတိုင်းမှာ ရှိကြပါတယ်။ ဒီစိတ်ဖိစီးမှုတွေ ကိုယ်ကာယပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့အတွက် စိတ်ဓာတ်ခိုင်မာပေးကြပါ။ တတ်နိုင်သမျှ ကျန်းမာရေးလည်း ဂရုပြုပြီး ကျွန်တော်တို့ တော်လှန်ရေးအောင်မြင်တဲ့အထိ ပြတ်ပြတ်သားသားနဲ့ resilience ရှိရှိ ကျွန်တော်တို့ တော်လှန်ရေးကို အကုန်လုံးလက်တွဲဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်တဲ့အချိန်မှာ ပြည်သူတွေ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ မြန်မာပြည်မှာ ၊ ပြည်တွင်းမှာရှိတဲ့သူတွေရာ၊ ပြည်ပမှာရှိတဲ့ သူတွေရော မြန်မာပြည်မှာ အကုန်လုံးပြန်ဆုံမယ် မျှော်လင့်ပါတယ်။ ဒါ့ကြောင့် အိမ်ပြန်တဲ့လမ်းကို ကျွန်တော်တို့ အားလုံး ဦးတည်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့် မကြာမီ ကျွန်တော်တို့ရဲ့ မွေးရပ်မြေ၊ မိခင်မြေဖြစ်တဲ့ မြန်မာပြည်မှာ ကျွန်တော်တို့ ပြည်သူတွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်တော်တို့ အနာဂတ်တိုင်းပြည်ကို တည်ထောင်နိုင်တဲ့ အခြေအနေကိ မကြာမီ ရောက်မယ်လို့ အပြည့်ယုံကြည်ပါတယ်။ ကျွန်တော်တို့ အိမ်ပြန်တဲ့လမ်း အချောမွေ့ဆုံး၊ အမြန်ဆုံးဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

ပြီးပါပြီ ။

ရုပ်သံ​မေးမြန်းခန်းကို ​အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကို အရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် နောက်ထပ်အဆိုမူကြမ်း(resolution)တစ်ခုကို ဗြိတိန်က တင်သွင်းရန် စတင်ကြိုးစားနေကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက People’s Spring-လူထုနွေဦးသို့ ပြောသည်။

မေးမြန်းခန်း

“အိမ်ပြန်တဲ့လမ်းကို ကျွန်တော်တို့ အားလုံး ဦးတည်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့် မကြာမီ ကျွန်တော်တို့ရဲ့ မွေးရပ်မြေ၊ မိခင်မြေဖြစ်တဲ့ မြန်မာပြည်မှာ ကျွန်တော်တို့ ပြည်သူတွေအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျွန်တော်တို့ အနာဂတ်တိုင်းပြည်ကို တည်ထောင်နိုင်တဲ့ အခြေအနေကို မကြာမီ ရောက်မယ်လို့ အပြည့်ယုံကြည်ပါတယ်” အပိုင်း-၁ ကြည့်ရှုရန် Views: 227

မေးမြန်းခန်း

“တော်လှန်ရေးပန်းတိုင်က မဝေးတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုး မဝေးခင်ကာလတွေမှာ အခက်အခဲမျိုးစုံ၊ အကြောင်းကြောင်းမျိုးစုံနဲ့ ဖြစ်လာနိုင်တာတွေ ဒါတွေကို ပြည်သူသာ အဓိကပါ။ ပြည်သူ့အားနဲ့သာ ကျော်လွှားနိုင်မယ်လို့ အပြည့်အဝယုံကြည်တယ်” Views: 64

သတင်း

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။

Facebook