close
Connect with us

Hi, what are you looking for?

သတင်း

ရေဘေး​ကြောင့် ရှမ်းပြည်နယ်တွင် ဆုံးရှုံးမှုများ

လူသေဆုံးမှုသတင်းများ ပြင်ပမထွက်ရေး စစ်ကောင်စီဖိအားပေး​ ပိတ်ပင်နေ

က​လောမြို့ ​ရေကြီးပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ- CJ

မိထက်/People’s Spring

ကလောမြို့အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း၌ ရေဘေးကြောင့် လူသေဆုံးမှုနှင့်ထိခိုက်ဆုံးရှုံးမှု များပြား​သော်လည်း စစ်​ကောင်စီက ​သေဆုံးထိခိုက်​သောသတင်းများ ပြင်ပသို့ မပေါက်ကြားအောင်ထိန်းချုပ်အကြပ်ကိုင် နေကြောင်း ဒေသခံများကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့၊ အောင်ပန်းမြို့၊ ရွှေညောင်မြို့၊ ဟိုပုံးမြို့၊ အင်းလေးဒေသ နှင့် တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသများ၌ မကြုံဖူး​အောင်ဆိုးရွားသည့်ရေ ဘေးကြုံတွေ့ခဲ့ပြီး ထိခိုက်ပျက်စီးမှုအလွန်များပြားကြောင်း ဒေသခံများကပြောသည်။

” တော်တော် အခြေအနေဆိုးတယ်။ ကလောနဲ့ အောင်ပန်းမှာဆို စစ်တပ်က ဝင်နေပြီး သေဆုံးစာရင်းတွေ ပြင်ပမထွက်အောင် လုပ်နေတယ်။ ဘယ်သူမှလည်း မပြောရဲဘူး။ အခုရေမရှိတော့ပေမယ့် တမြို့လုံး နွံတွေချည်းပဲ” ဟု ကလောမြို့ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကလောမြို့တွင် စက်တင်ဘာလ ၁၁ ရက်မှစ၍ ရေဘေးကြုံတွေ့ခဲ့ပြီး ယနေ့( စက်တင်ဘာလ ၁၇ရက်) နံနက်အထိ စာရင်းများအရ နေအိမ် ၂၅၅ လုံး လုံးဝပြိုကျပြီး အိမ်ထောင်စုတစ်ထောင်ခန့်မှ လူဦးရေလေးထောင်ကျော်သည် အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု ဒေသခံအရပ်ဖက်အဖွဲ့အစည်းချို့ကပြောသည်။

“မြို့ထဲမှာတစ်နေရာကနေတစ်နေရာလည်းသွားလို့မရဘူး။ ရှင်းဖို့လင်းဖို့လည်းမလွယ်သေးဘူး။ အပျက်အစီးတွေကိုရှင်းဖို့ ပြင်ပက လုပ်အားပေးတွေအများကြီးလိုအပ်နေတယ်။ ဒါပေမဲ့ စစ်တပ်က အဝင်မခံမှာလည်း စိုးရိမ်စရာရှိနေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

တောင်ပေါ်မြိုများဖြစ်သည် အောင်ပန်းနှင့် ကလောမြို့တို့တွင် စက်တင်ဘာလ ၁၀ ရက်မှစ၍ နေရာကွက်မိုးကြီးပြီးနောက် စက်တင်ဘာလ ၁၁ ရက်နံနက်မှစ၍ တောင်ကျရေဆင်းကာ ဆိုးရွားသည့် ‌ရေဘေးကြုံရခြင်းဟု ဒေသခံများကပြောသည်။

” တိုက်တွေပြိုတယ်။ အိမ်တွေ အလုံးလိုက်မျောတယ်။သေတာ အခုအထိ သိရ‌သလောက် ၁၂၀ ထက် မနည်းဘူး။ ပျောက်နေသူတွေလည်း များတယ်” ဟု အောင်ပန်းမြို့ခံတစ်ဦးက People’s Spring သို့ပြောသည်။

ကလောမြို့ရေဘေးတွင်လည်း အပျက်အစီးအလွန်များပြားပြီး မြို့အဝင်နေရာနှင့် ရပ်ကွက် ၂၊၃၊၄၌ အလွန် ပျက်စီးကြောင်း ဒေသခံများကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရေဘေးစတင်ကြုံတွေ့ခဲ့သည့် စက်တင်ဘာလ ၁၁ရက်မှစ၍ ကလော၊ ပင်လောင်း၊ အောင်ပန်း၊ ဟိုပုံးမြို့တို့၌ ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်သွားပြီး ကျန်မြို့များလည်း ဆက်သွယ်ရေးခက်ခဲနေဆဲဖြစ်​ကြောင်း စက်တင်ဘာ ၁၃ ရက်တွင်​ပြောသည်။

စစ်​ကောင်စီက ဖုန်းနှင့်အင်တာနက်လိုင်းများကိုစစဖြတ်​တောက်ထားသဖြင့် ပြည်သူများ ​ရေကြီးနိုင်မှုကို မသိရှိသဖြင့် ဆုံးရှုံးမှုများခဲ့ခြင်းဖြစ်​၍ စစ်​ကောင်စီတွင်တာဝန်ရှိ​ကြောင်းပြည်သူတစ်ဦးက​ပြောသည်။​အောင်ပန်းမြို့မှ ပြည်သူများမှာ ဖုန်းနှင့်အင်တာနက်ရသဖြင့် က​​လောတွင်​ရေကြီးသည်ကိုပင် ၄ ၊၅ ရက်​နောက်ကျမှ သိခဲ့​ကြောင်း၎င်းကဆက်​ပြောသည်။

ရှမ်းပြည်နယ်ရေဘေးအတွင်း ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ ထိခိုက်မှုအလွန်များပြားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကို ကောက်ယူနိုင်ခြင်းမရှိသေးဟု ရှမ်းပြည်နယ်တောင်ပိုင်းမှ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့အချို့ကပြောသည်။

မြန်မာနိုင်ငံတဝန်းမြို့နယ်၅၆မြို့နယ်၌ ရေဘေးကြုံတွေ့ခဲ့ပြီး ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ဦးနှင့် ပျောက်ဆုံးနေသူ ၇၇ ဦး ရှိကြောင်း စက်တင်ဘာ ၁၇ ရက်ထုတ် စစ်​ကောင်စီဝါဒဖြန့်သတင်းစာများ၌ ထုတ်ပြန်ထားသည်။သို့​သော်စစ်ကောင်စီသည် ရေဘေးထိခိုက်ပျက်စီး​သေဆုံးမှုများ သတင်းထုတ်ပြန်ရာ၌ မြေပြင်အခြေအနေထက်များစွာလျှော့၍ ထုတ်ပြန်နေသည်ဟု အရပ်ဖက်အဖွဲ့အစည်းအချို့ကပြောသည်။

မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးရေလွှမ်းမိုးမှုတွင် ရေဘေးသင့်သူ ခြောက်သိန်းကျော်ရှိနိုင်ပြီး သေဆုံးသူ ရာနှင့်ချီရှိပြီး ပျောက်ဆုံး​နေသူအများပြားရှိနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) စက်တင်ဘာ ၁၆ ရက် နေ့တွင် ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဒေသခံပြည်သူများ ထောင်နှင့်ချီ၍ သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်ပါသည်။ ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ (၇) သိန်းခန့် ထိခိုက်နိုင်မည်ဟု ခန့်မှန်း ထားပြီး လူနေအိမ်များပြိုကျ ပျက်စီးခြင်း၊ ပိုင်ဆိုင်ပစ္စည်းများ ဆုံးရှုံးခြင်း၊ လမ်းတံတားနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ မွေးမြူရေးတိရိစ္ဆာန်များ သေကြေ ပျက်စီးခြင်းနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာန (MoHADM)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က စက်တင်ဘာ ၁၇ တွင်ပူးတွဲထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းသက်ရောက်မှုများကြောင့်စက်တင်ဘာလ ၂၀ရက်မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေပြင်းလည်းတိုက်ခိုက်နိုင်ကြောင်း MOHADM က သတတိပေးချက်ထုတ်ပြန်သည်။

သတင်း

လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို USAID မှတဆင့် ဆက်လက်ပေးအပ်ရန် အမေရိကန်ဆောင်ရွက်နေဟုဆို

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် ရေစီးဖြင့်မျောပါသေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းများအား ပြန်လည်တွေ့ရှိခဲ့သည်။

သတင်း

လူသားစာနာအကူအညီများ နိုင်ငံရေးနှင့်စစ်ရေးအမြတ်ထုတ်မခံရရေး အထူးသတိပြုဆောင်ရွက်ရန်လိုဟု အသိပေး