close
Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့ဟု USOပြော

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ရန်ကုန် – ပြည်လမ်းပေါ်ရှိ စစ်ကောင်စီ၏ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းအား ၄၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြအထူးစစ်ဆင်ရေး(USO)၏ သတင်းတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်ခံရသည့် ဗိုလ်သင်တန်းကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

သတိုး/People’s Spring

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ရန်ကုန် – ပြည်လမ်းပေါ်ရှိ စစ်ကောင်စီ၏ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းအား ၄၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြအထူးစစ်ဆင်ရေး(USO)၏ သတင်းတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

“စစ်ဆင်ရေးကတော့ ဒုတိယအကြိမ် ပြန်စတဲ့ ပထမမစ်ရှင်ပါ။ စခ ဗိုလ်သင်တန်းကျောင်းနဲ့ တပ်ကြပ်သင်တန်းကျောင်းထဲ ထိမှန်ခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်”ဟု အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (စက်တင်ဘာ ၁၇ရက်) ည ၇နာရီခွဲခန့်တွင် ဗိုလ်သင်တန်းကျောင်းအား ၄၀ မမ သုံးလုံးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအတိအကျမသိရသေးသော်လည်း စစ်ကောင်စီ၏ မီးတန်းယာဥ်နှင့်လူနာတင်ကားများ ဝင်သွားသည်ဟု ၎င်းက ဆိုသည်။

“ပြန်မြင်လာရပါမယ်။အလှူလည်းမခံတဲ့အတွက် ပြင်ဆင်မှုအပိုင်းလေးတွေ နှောက်နှေးသွားတဲ့အတွက်လည်း တော်လှန်ပြည်သူများကို တောင်းပန်ပါတယ်”ဟု USOအနေဖြင့် စစ်ဆင်ရေးများဆက်တိုက်လုပ်ဆောင်မည့်အကြောင်းကို အထက်ပါတာဝန်ခံက ပြောသည်။

USOသည် ယခင်ကမြို့ပြအထူးတပ်ဖွဲ့ (USF )အနေဖြင့် လှူပ်ရှားခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် မြို့ပြအထူးစစ်ဆင်ရေး(USO)ဟု ပြောင်းလဲလုပ်ဆောင်နေခြင်းဖြစ်သည်။

မြို့ပြအထူးစစ်ဆင်ရေး Urban Special Operation (USO)သည် ၂၀၂၄ ဇန်နဝါရီ ၂၃ရက်က မန္တလေးမြို့ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီလေတပ်စခန်းကို တာဝေးပစ် (၁၀၇) မမ ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၂၀၂၃အတွင်းကလည်း မှော်ဘီလေတပ်စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုန်း ငါးလုံးဖြင့် တိုက်ခိုက်မှု၊ စစ်ကောင်စီအဖွဲ့ဝင် ဏ္ဏမောင်လွင်၏သားဖြစ်သူ လင်းမင်းမောင်လွင် နေအိမ် ဗုံးပစ် တိုက်ခိုက်မှု၊ အင်းစိန်မြို့နယ်ရှိ ဦးပိုင်ကုန်ကားဝင်းအား (၄၀)မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအပြင် စစ်ကောင်စီပိုင် မြန်မာဘီယာစက်ရုံကိုလည်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထို့အပြင် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသော တော်လှန်ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များနိုင်ငံတကာသံရုံးများပေးပို့၍ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့စ်)ပိတ်ပင်မှုများပြုလုပ်နေသည့် စစ်ကောင်စီ၏ ဌာနဆိုင်ရာများအား စစ်ရေးပစ်မှတ်အနေဖြင့် တိုက်ခိုက်မည်ဟု မြို့ပြအထူးစစ်ဆင်ရေး(Urban Special Operation – U.S.O)က သတိပေးထားသည်။

အဆိုပါ ဗိုလ်သင်တန်းကျောင်းအား Operation Flame (OF)အဖွဲ့ကလည်း ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တိုက်ခိုက်မှုအတွင်း လက်နက်ကြီးများ ကျရောက်ပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)၏ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပျူစောထီးကျေးရွာသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီရေယာဥ်နှစ်စီးအား တိုက်ခိုက်ရာ တစ်စီးသိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ပြောသည်။

သတင်း

ဧရာဝတီမြစ်ကြောင်းအတိုင်းလေကြောင်းလုံခြုံရေးယူဆန်တက်နေသည့် စစ်ကောင်စီတပ်သင်္ဘော ငါးစင်းအား ရွှေကူမြို့နယ်အတွင်း KIA နှင့် PDF တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ယခုရက်ပိုင်းတိုက်ခိုက်မှုတွင် ၅၀ ဦးထက်မနည်းသေဆုံးသွားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား လက်နက်ကြီးများဖြင့် တစ်နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။