သုည/People’s Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၀)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Public Service Announcement
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုက ဦးဆောင်ကာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စာသားတွေကိုင်ဆောင်ပြီး လူထုဆန္ဒကို ထုတ်ဖော်ခဲ့ကြပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး စစ်ကောင်စီတပ်တွေ အခြေစိုက်ရာ လောင်းလုံးမြို့ပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီကောက်ယူနေတဲ့ သန်းခေါင်စာရင်းကို ငြင်းဆန်ကြဖို့နဲ့ ၂၀၂၅ မှာပြုလုပ်မယ်လို့ကြေညာထားတဲ့ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ “စစ်ကောင်စီ သန်းခေါင်စာရင်းကို ငြင်းဆန်ကြ၊ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြ” ဆိုတဲ့ခေါင်းစဥ်နဲ့ လုပ်ဆောင်ခဲ့တာပါ။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ DDMSC ၊ ရွှေဘိုလူထုသပိတ်





















































