close
Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်၌ စစ်ကြောင်းထိုးရန် စစ်တပ်က စစ်မျက်နှာများစွာမှ အင်အားစုဖွဲ့ပြင်ဆင်နေဟု ချင်းညီနောင်ပြော

အာဏာသိမ်းစစ်ကောင်စီကချင်းပြည်နယ်အတွင်းဆုံးရှုံးထားသည့် နယ်မြေများအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်အင်အားများ စုဖွဲ့ပြင်ဆင်နေသည်ကို ချင်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း၌ပါ တွေ့ရှိနေရကြောင်း ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ရှင်းပြပြီး စစ်ကောင်စီကို တန်ပြန်ရန် တော်လှန်ရေးအင်အားစုများအားလုံး ညီညွတ်ရေးလိုအပ်ကြောင်း ပြောကြားသည်။

ချင်ပြည်နယ်သို့ တက်လာသော စစ်ကောင်စီတပ်ယာဉ်များအား အဝေးက တွေ့ရစဉ်။ ဓာတ်ပုံ − Ĥkl Mindat

ဩဂုတ် ၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီကချင်းပြည်နယ်အတွင်းဆုံးရှုံးထားသည့် နယ်မြေများအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်အင်အားများ စုဖွဲ့ပြင်ဆင်နေသည်ကို ချင်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း၌ပါ တွေ့ရှိနေရကြောင်း ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ရှင်းပြပြီး စစ်ကောင်စီကို တန်ပြန်ရန် တော်လှန်ရေးအင်အားစုများအားလုံး ညီညွတ်ရေးလိုအပ်ကြောင်း ပြောကြားသည်။

စစ်ကောင်စီက ချင်းပြည်တောင်ပိုင်း ဆုံးရှုံးနယ်မြေများ ပြန်ရရေးအတွက် လောင်းရှည်၊ ဆိပ်ဖြူ၊ ပခုက္ကူမြို့တို့ဘက်မှ အင်အားအလုံးအရင်းဖြင့် ချင်းပြည်ဘက်ဦးတည် စစ်ရေးလှုပ်ရှားနေသည်ဟုဆိုသည်။

“အဓိကကတော့ လောင်းရှည် ကပစ (၂၅)ဘက်မှာ ရန်သူအင်အား ၈၀၀ လောက်ပေါ့။ နောက်ပြီးတာ့ ဆိပ်ဖြူဘက်က တက်လာတဲ့ ရန်သူအင်အား ၄၀၀ခန့် အဲဒါရှိတယ်။ နောက်ပြီးတော့ ပေါက်မြို့နယ်ရောက်ရှိတဲ့ ပခုက္ကူဘက်ကနေ တက်လာတဲ့ တပ်မ(၁၀၁)က တင့်ကား ၂စီးရယ် စစ်ကား အရေအတွက်က ၁၃၆ လောက်ရှိတယ်ထင်တယ် အဲဒါတွေက အကုန်လုံးက ကျနော်တို့ ခန့်မှန်းထားသလောက်ဆို ဆောဘက်ကနေ တဆင့် ချင်းပြည်နယ် တောင်ပိုင်းကို စစ်ဆင်ရေး မင်းတပ်၊ ကန်ပက်လက် မတူပီ ယောဒေသ အကုန်လုံးကို ပြန်လည်ပြီးတော့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေ ပြန်ထိန်းချုပ်နိုင်အောင် သူတို့ ကြိုးစားနေတဲ့ အခြေအနေတွေ ကျနော်တို့ တွေ့ရတယ်”ဟု ဆလိုင်းတင်မီက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ထိုးစစ်ပြင်ဆင်မှုဟု လည်း ဆလိုင်းတင်မီက ခန့်မှန်းသည်။

” ချင်းပြည်နယ် မြောက်ပိုင်းဘက်မှာဆိုရင်လည်းကလေး ခိုင်ကမ်းဆိုတာ ရှိတယ် အဲဒီ ခိုင်ကမ်းမှာ ဗျူဟာမှူးကိုယ်တိုင်ထိုင်ပြီး အင်အားတွေ စုနေတယ်။ အင်အား ၂၀၀ခန့် တပ်ရင်း ၂ရင်းလောက် ဒီဘက် ချင်းပြည်နယ်မြောက်ပိုင်းကို တက်လာဖို့ရှိတယ်။ ဟိုတုန်းက လွန်ခဲ့တဲ့ တလလောက်တုန်းက ယာဉ်တန်းတက်လာတယ် အဲဒါကို ကာကွယ်ရေးတပ်တွေက ပြန်ခုခံတဲ့အခါ ဆုတ်သွားတယ်။ အဲဒါဆုတ်သွားတဲ့ဟာ အင်အားပြန်ဖြည့်ပြီးမှ အခုပြန်တက်လာဖို့ ပြင်ဆင်နေတယ်။ အဲဒီလို ချင်းပြည်နယ် မြောက်ပိုင်းရော တောင်ပိုင်းရောရွေးကောက်ပွဲ လပ်နိုင်ဖို့ရန်နဲ့ အောင်မြင်နိုင်ဖို့ရန် နဲ့ ကျနော်တို့ တော်လှန်ရေး ထိန်းချုပ်ထားတဲ့နယ်မြေတွေကို သူတို့ ပြန်လည်စိုးမိုးဖို့ရန်အတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ သူတို့ ကြိုးစားနေတာ ကျနော်တို့ တွေ့နေရတယ်”ဟု ဆလိုင်းတင်မီက ပြောသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများအကြား ကွဲပြားခြားနားမှုများကို ခဏထားပြီး ဘုံရန်သူ မင်းအောင်လှိုင်တပ်ဖွဲ့ကို တိုက်ခိုက်ရာတွင် ယခုထက် ပိုစည်းလုံးရန်လိုအပ်သည်ဟု ၎င်းက တိုက်တွန်းသည်။

“အခုအချိန်မှာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံး ပူးပေါင်းပြီးမှ ကျနော်တို့ ညီညွတ်ဖို့လိုတယ်”ဟု ဆလိုင်းတင်မီက ပြောသည်။

ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးဖိအားများကို ယခုထက်မက ကြံ့ကြံ့ခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ နယ်မြေဒေသ လုံခြုံရေးအတွက် ယခုထက် ပိုပူးပေါင်းပေးရန် ၎င်းက တိုက်တွန်းသည်။

ချင်းညီနောင်နယ်မြေများ၌ တပ်သား အင်အားစုဆောင်းမှုရှိရာ ယင်းအပေါ် ပြည်သူများ ယခုထက် ပူးပေါင်းပါဝင်ပေးရန် ဆလိုင်းတင်မီက ပြောသည်။

စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများ ပြန်လည်စိုးမိုးနိုင်ရေး အစွမ်းကုန် ကြိုးစား တိုက်ခိုက်မည်ဖြစ်သကဲ့သို့ တော်လှန်ရေးအင်အားစုများ အနေဖြင့်လည်း နယ်မြေများ လက်မလွှတ်ရရေး ကာကွယ်ရန်လိုအပ်သည်ဟု ဆလိုင်းတင်မီက ဩဂုတ် ၁၉ရက်တွင် လူမှုကွန်ရက်တွင် ရေးသားထားသည်။

” ခံစစ်ပြင်ဆင်ထားဖိုလိုသလို တိုက်စစ်နဲ့မြိုသိမ်းပွဲများအတွက်လည်းပြင်ဆင်ထားဖိုလိုပါတယ်။ ပါပဲပြောပြောယခုအချိန်မှာ ဟိုဟာဒီဟာတွေခဏထားကြပြီး ချင်းပြည်ခြံစည်းရိုးလုံဖိုအဓိကထားပြီးရင်ဘက်ကျယ်ကျယ်နဲ့တော်လှန်ရေးခရီဆက်ကြပါစို့”ဟု ချင်းညီနောင်၏ စစ်ရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဆလိုင်းတင်မီက ရေးသားထားသည်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်များသည် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ကျင်ဒွေး၊ ဖလမ်းမြို့များကို သိမ်းပိုက်ထားသကဲ့သို့ ချင်းတော်လှန်ရေးအင်အားစု နောက်တခုဖြစ်သည့် ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်များကလည်း ရိဒ်ခေါ်ဒါ၊ တွန်းဇံ၊ ကျီခါး၊ ရေဇွာ အပါအဝင် စစ်ကောင်စီတပ်စခန်းများ၊ မြို့များကို တိုက်ခိုက်သိမ်းပိုက်ထားပြီးနယ်မြေ ဧရိယာများကို ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားပို့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် ကန့်ဒေါင့်ရွာစခန်း ပြန်သိမ်းပိုက်ရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းက တစိုးကျေးရွာကို သြဂုတ်လ ၁၅ ရက်ကစစ်ကြောင်းထိုးချိန်မှာ ပြည်သူ ငါး ဦးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်ထံကသိရပါတယ်။

သတင်း

စစ်ကောင်စီတပ်ဟာမန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းကိုပုသိမ်ကြီးမြို့နယ်နဲ့ပြင်ဦးလွင်မြို့နယ်အစပ်ကနေ တဆင့် စစ်ကြောင်းတွေ ထိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်ဟာ မြဝတီမြို့ကို ဖြတ်လေးဖြတ်လုပ်ပြီး အာရှလမ်းပိုင်းကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ​ရှေ့တိုးဖို့ကြိုးစာယနေပေမယ့် ရှေ့ကိုရွေ့မလာဘူးလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။