close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတရားမဝင်ရွေးကောက်ပွဲ မဲမပေးဘဲ သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက် အနေဖြင့် ပြုလုပ်သည့် တရားမဝင်ရွေးကောက်ပွဲကို ပြည်သူများက ဆန့်ကျင်သည့်အနေဖြင့် မဲမပေးဘဲ သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပ၌ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြနေစဥ်။

ဩဂုတ်-၂၃၊၂၀၂၅။ သတိုး/People’s Spring

စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက် အနေဖြင့် ပြုလုပ်သည့် တရားမဝင်ရွေးကောက်ပွဲကို ပြည်သူများက ဆန့်ကျင်သည့်အနေဖြင့် မဲမပေးဘဲ သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲဆိုသည်မှာ ဒင်းတို့အာဏာ သက်ဆိုးရှည်ရေး၊ ဒင်းတို့ ကျူးလွန်ခဲ့သမျှသော ရာဇဝတ်မှုမျိုးစုံကို ခဝါချနိုင်ရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရစေရေး၊ ဒင်းတို့ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေးအတွက် ရည်ရွယ်‌ဆောင်ရွက်သည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာ ဖြစ်သည်ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေးအင်အားစုက ထုတ်ပြန်ထားသည်။

အဆိုပါရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အကြပ်အတည်းအတွက် ‌ဖြေရှင်းနည်းမဟုတ်ပဲ နိုင်ငံရေးပြဿနာကို ပိုမို ရှုတ်ထွေးစေမည့် လုပ်ရပ်သာဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

Public Service Announcement

Public Service Announcement

“အတုအယောင် ရွေးကောက်ပွဲ . . . လူထုအားနဲ့ တိုက်ဖျက်ကြ၊ အရေးတော်ပုံ အောင်ရမည်။” ဟု ဒေါက်တာတေဇာစန်း ကလည်း တိုက်တွန်းထားသည်။

ထို့ပြင် အဆိုပါရွေးကောက်ပွဲကို စစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲ‌ရေးအတွက် အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှ ကျင်းပရန်စီစဉ်သည့်အပေါ်တွင်လည်း လက်ခံနိုင်စရာမရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် (Federal Democracy Charter) တွင် ပြဋ္ဌာန်းထားသော နိုင်ငံရေးလမ်းပြမြေပုံ (၁၂) ရပ်၊ NUG နှင့်တကွ တော်လှန်ရေးအင်အားစုများ စွဲကိုင်ထားသော “ဘုံနိုင်ငံရေး ရပ်တည်ချက်သဘောထား” တို့အပါအဝင် နိုင်ငံရေး တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောတူညီချက်နှင့် ဘုံရည်မှန်းချက်များကသာ လက်ရှိ မြန်မာ့နိုင်ငံရေး၏ ရှေ့ဆက်လုပ်ငန်းစဉ်ဖြစ်သလို အဖြေဖြစ်သည်ဟု လေးနက်စွာ ယုံကြည် သည်ဟု တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို “အတုအယောင် ရွေးကောက်ပွဲ၊ တရားမဝင် ရွေးကောက်ပွဲ၊ နိုင်ငံရေးထောင်ချောက်၊ လုပ်ပွဲ” ဟု သတ်မှတ်ထားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နှစ်ပေါင်း ၈၀ ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည့် မြန်မာ့နိုင်ငံရေး ပြဿနာများကို လက်ရှိ ပြည်သူအားလုံးပါဝင်ဆင်နွဲနေသော နွေဦးတော်လှန်ရေးကသာ အပြီးသတ် ဖြေရှင်းနိုင်မည့် အဆုံးသတ်တိုက်ပွဲဖြစ်မည်ဟု ယုံကြည်ကြောင်း တော်လှန်ရေးအင်အားစုများကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကတနိုင်ငံလုံးတွင် အများပြည်သူနေထိုင်သော နေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ အဆက်မပြတ်ကျူးလွန်နေခြင်းနှင့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန်ပြင်ဆင်နေ ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း တအာင်းပြည်ကောင်စီ(TLC)က ဩဂုတ် ၂၂ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်သည်။

သတင်း

စစ်အာဏာရှင်သက်ဆိုးရှည်မည့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်ကြရန် ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့ ဩဂုတ်၂၀ရက်တွင် ထုတ်ပြန်သည်။

သတင်း

စစ်​ကောင်စီသည်တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို ဟန်ပြပြုလုပ်ပြီး အာဏာတည်မြဲရေးနှင့် ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့၊ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေး ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပြီး တော်လှန်ရေး အင်အားစုများ အားလုံးအနေဖြင့် စုစည်းညီညွတ်စွာဖြင့် ပြည်သူနဲ့အတူရပ်တည်ရင်း စစ်ကောင်စီ၏ ထောင်ချောက်ကို ဆန့်ကျင်ကျော်လွှားကြရန် တိုက်တွန်းသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်မယ်လို့ ဒီနေ့ သတင်းထုတ်ပြန်လိုက်ပြီး အပိုင်း(၁)ကို လာမယ့် ဒီဇင်ဘာ ၂၈ရက်မှာ ကျင်းပမယ်လို့ ဖော်ပြပါတယ်။