ဩဂုတ်−၂၃၊၂၀၂၅၊မေ/People’s Spring
စစ်ကိုင်းတိုင်း၊မြင်းမူမြို့အနီးက မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်နေပြီး ခရီးသည်တင်ကားတွေပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်၂၃ ရက် ဒီနေ့မနက် ၇နာရီလောက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ စစ်ကိုင်းမြို့က တပ်မ(၃၃)ကို ကား၈စီးနဲ့ စစ်သားတွေ သွားခေါ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီယာဉ်တန်းဟာ အင်အားအပြည့်တင်လာပြီး မုံရွာမြို့ဘက်ကို ပြန်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်ကင်းပုံးတွေနဲ့ မြင်းမူမြို့အနီးမှာ ဒီနေ့ နေ့လည်၃နာရီဝန်းကျင်က တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement
“ခရီးသည်တင်ကားတွေကတော့ပိတ်မိတယ်နေတယ်ဗျ။ဒီ စစ်အင်အားတွေက နမခကနေပုလဲကိုသွားဖို့ ဖြစ်နိုင်သလို အရာ တော်မှာလည်း စစ်ကြောင်းအဖျက်ခံထားရတော့ အင်အားပို့ဖို့လည်း ဖြစ်နိုင်တယ် “လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲဒီလမ်းပိုင်းမှာ မနေ့ကလည်း ဒီစစ်ယာဉ်တန်းကိုလုံခြုံရေးပေးဖို့ချထားတဲ့ ကင်းပုံးတွေနဲ့ တော်လှန် ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာမို့ ခရီးသည်တဦးနဲ့ယာဉ်မောင်းတဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ကလည်း အဲဒီလမ်းပိုင်းမှာ ကင်းပုံးဝပ်ဖို့အတွက် ခရီးသည်တင်ကားတွေကို တားဆီးတာ တွေပြုလုပ်နေတယ်လို့ သိရပါတယ်။
