close
Connect with us

Hi, what are you looking for?

သတင်း

မူးယစ်ဆေးဝါးနှင့်ပတ်သက်ကြောင်း စစ်ကောင်စီ စွပ်စွဲချက် နိုင်ငံရေးဂုဏ်သိက္ခာကျစေလိုသည့် လုပ်ရပ်ဟု SSPP ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံမူးယစ်/ရဲတပ်ဖွဲမှ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) နှင့် အဖွဲဝင်အရာရှိများအပေါ် မူးယစ်ဆေးဝါးများနှင့်ပတ်သက်မှုရှိကြောင်းထုတ်ပြန်ခြင်းသည်မဟုတ်မမှန်ဘဲ နိုင်ငံရေးဂုဏ်သိက္ခာကျစေလိုသည့်လုပ်ရပ်ဖြစ်သည်ဟု SSPP ကယ​နေ့ညတွင်ထုတ်ပြန်သည်။

SSPPတပ်ဖွဲ့ဝင်များနှင့် SSPP ၏ထုတ်ပြန်ချက်။ဓါတ်ပုံ-AAPP

ဩဂုတ်-၂၃၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံမူးယစ်/ရဲတပ်ဖွဲမှ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) နှင့် အဖွဲဝင်အရာရှိများအပေါ် မူးယစ်ဆေးဝါးများနှင့်ပတ်သက်မှုရှိကြောင်းထုတ်ပြန်ခြင်းသည်မဟုတ်မမှန်ဘဲ နိုင်ငံရေးဂုဏ်သိက္ခာကျစေလိုသည့်လုပ်ရပ်ဖြစ်သည်ဟု SSPP ကယ​နေ့ညတွင်ထုတ်ပြန်သည်။

ဩဂုတ်လအတွင်း ကျပ်ဘီလီယံ ၂၅၀ ကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးဖမ်းဆီးရမိသည်ဟုစစ်ကောင်စီ က သတင်းထုတ်ပြန်ရာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဗိုလ်မှူးအဆင့် စိုင်းစုဆိုသူက အဓိက စီမံပြီး AA ဗိုလ်မှူးဖြစ်သူက မူးယစ်ဆေးဝါးများ ရက္ခိုင်ပြည်နယ်သို ဖြတ်သန်းစဉ် ဖြတ်သန်းခ ငွေကြေား ကောက်ခံခဲ့ဟု စစ်ကောင်စီကစွပ်စွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်/ရဲတပ်ဖွဲမှစွပ်စွဲရေးသား ထုတ်ပြန်ထားသည့် မူယစ်ဆေးဝါးပတ်သက်သူ ဗိုလ်မှူးစိုင်းစုဆိုသူမှာ SSPP အဖွဲ့အစည်းတွင်မရှိကြောင်း၊ SSPPအဖွဲ့၌ဗိုလ်မှူးကြီးစိုင်းဆုဆိုသူသာရှိပြီး ဗိုလ်မှူးကြီးစိုင်းဆုသည်လက်ရှိမိမိတိုအဖွဲ့အစည်း၏ အတွင်းရေးမှူးတာဝန်ထမ်းဆောင်လျက်ရှိနေပြီး နိုင် ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာ ညှိနှိုင်းရေး အထူးတာဝန်လုပ်ငန်းများကိုသာ လုပ်ကိုင်ဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေးဝါးများနှင့်ပါဝင် ပတ်သက်ရောင်းဝယ်ဖောက်ကားနေခြင်းမျိုး လုံးဝ(လုံးဝ) မရှိကြောင်း SSPPကသြဂုတ် ၂၃ရက် ထုတ်ပြန်ချက်တွင်​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ၏ မူးယစ်/ရဲတပ်ဖွဲထုတ်ပြန်ချက်သည် SSPP/SSA အဖွဲအစည်းအပေါ် နိုင်ငံရေးအရ ဂုဏ်သိက္ခာကျစေလိုခြင်းနှင့် နာမည်ပျက်ပြီးအဖွဲအစည်းအတွင်း စည်းလုံးညီ ညွတ်မှုကိုထိခိုက်ပျက်ပြားစေလိုခြင်း၊ SSPPကထိန်းသိမ်းဆောင်ရွက်နေသောငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်ပျက်ပြားစေခြင်းသာဖြစ်သည့်အတွက်လိုရာဆွဲထည့်ရေးသားတိုက်ခိုက်ထုတ်ပြန်ခြင်းသာဖြစ်ကြောင်း ဖော်ပြထားသည်။

SSPPသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည့် အဖွဲ့အစည်းဖြစ်ပြီးအာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ခြင်းမရှိသည့် အဖွဲ့ဖြစ်သည်။

စစ်ကောင်စီသည် SSPP ကဲ့သို့ပင် အာရက္ခတပ်တော်(AA)ကိုလည်း စွပ်စွဲထားရာ စစ်ကောင်စီသည် မရိုးနိုင်သည့် လုပ်ကြံ ဝါဒဖြန့်တိုက်ခိုက်မှု လုပ်ဆောင်နေခြင်းဖြစ်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယ​​နေ့ပြောကြားသည်။

“ဒီဟာကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ မရိုးနိုင်တဲ့မတရား လုပ်ကြံစွပ်စွဲ နိုင်ငံရေးအောက်လုံးတွေနဲ့ အောက်တန်းကျတဲ့ဝါဒဖြန့်တိုက်ခိုက်မှုတွေပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ မြန်မာပြည်မှာ မူးယစ်ဆေးဝါး၊လောင်းကစား၊ ကျားဖြန့်၊ လူကုန်ကူးမှု စတဲ့မကောင်းမှုဒုစရိုက်လုပ်ငန်းဟူသမျှကို မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်း
ဖက် ဖက်ဆစ်စစ်ရာဇဝတ်ဂိုဏ်းကဦးဆောင်ထိန်းချုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဥပမာပြရမယ်ဆိုလိုရှိရင် မကြာခင်ကပဲခူးဖက်မှာသူတို့အချင်း ချင်းစားခွက်လုရာကနေမူးယစ်ဆေးဝါးပမာဏ အများကြီးနဲ့ လက်ပူးလက်ကျဖမ်းမိတဲ့ သူတိုစစ်ကောင်စီအရာရှိတွေက သက်သေပါပဲ” ဟုဦးခိုင်သုခက ပြောသည်။

ULA/AA အနေဖြင့် လူ့အဖွဲအစည်းကို အန္တရာယ်ပြုမည့် မူးယစ်ဆေးဝါး ဟူသမျှကို ပြင်းထန်စွာ ဆန့်ကျင်သည်ဟုပြောသည်။

“လုံးဝပါတ်သက်မှုမရှိပါဘူး။မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ နိုင်ငံတကာအဖွဲအစည်းနဲ့ မဆိုပူးပေါင်းဆောင်ရွက်သွားဖိုလည်း ကျနော်တိုအဆင်သင့်ရှိပါတယ်လိုပြောလိုပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြိုနယ် နှင့်ကွမ်းခြံကုန်း မြိုနယ်တိုတွင် ပြည်ပသို သယ်ဆောင်ရောင်းဝယ်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲအား ငွေကျပ် ၂၅၇ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈သိန်း၊ စိတ်ပြောင်းဆေးဝါး ကတ်တမင်း ၁၈၉၉ ကီလို နှင့် အိုက်စ် ၅၆၁၄ ကီလိုနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိကြောင်းစစ်ကောင်စီကဆို
သည်။

ဆက်စပ်သတင်းများ