close
Connect with us

Hi, what are you looking for?

သတင်း

လားရှိူးမြို့လယ်တွင်ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီးကားလု

စစ်ကောင်စီထိန်းချုပ်ထားသည့် လားရှိူးမြို့လယ်တွင် ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ဖောက်ခြိမ်းခြောက်ပြီး ကားလုယက်မှုယနေ့(သြဂုတ် ၂၃ရက်) နေ့လယ်ပိုင်း၌ ဖြစ်ပွားခဲ့သည်။

​သေနတ်ပစ်​ဖောက်ခြိမ်း​ခြောက်၍ကားလုယက်​နေသည့် CCTVမှတ်တမ်းမြင်ကွင်း။ ရုပ်သံ-Naw Phaw ၊Lasho Media

ဩဂုတ်−၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကောင်စီထိန်းချုပ်ထားသည့် လားရှိူးမြို့လယ်တွင် ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ဖောက်ခြိမ်းခြောက်ပြီး ကားလုယက်မှုယနေ့(သြဂုတ် ၂၃ရက်) နေ့လယ်ပိုင်း၌ ဖြစ်ပွားခဲ့သည်။

လားရှိုးမြို့၊ ရပ်ကွက်(၅)တွင် အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် အိမ်စီးကားမှာလမ်း​ဘေး၌ ရပ်ထားစဥ်ဆိုင်ကယ်ဖြင့်လာသော အမျိုးသားနှစ်ဦးက​ရောက်လာပြီး တစ်ဦးက​သေနတ်ဖြင့်ခြိမ်း​​ခြောက်ကာ လုယက်သွားခြင်းဖြစ်သည်။ ထိုအမျိုးသားကလုယက်​နေချိန်တွင် ကျန်အမျိုးသားကဆိုင်ကယ်​ပေါ်မှ​စောင့်​နေခဲ့သည်ကို CCTV မှတ်တမ်းတွင်​တွေ့ရသည်။

“လွယ်လွယ်လေးရယ် လုယူသွားတာ။ ဒီဟာက CCTV ရလို့သိတာ။ဖြစ်နေတာခဏခဏ” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါလုယက်မှုတွင် သေနတ်ပစ်ခတ်သံနှစ်ချက် ကြားရသည်။ လုယက်ခံရသည့်အမျိုးသမီးက ကား​နောက်​ပြေးလိုက်၍ အော်ဟစ်အကူအညီတောင်းသော်လည်း ဘေးပတ်ဝန်းကျင်း၌ လူများရှိ​သော်လည်း ကူညီပေးမည်သူမရှိခဲ့ပေ။

၁၀၂၇ စစ်ဆင်​ရေးဒုတိယလှိုင်းတွင် MNDAAနှင့်ပူး​ပေါင်းတပ်များက ၂၀၂၄ သြဂုတ်လဆန်း၌ ရမခ အပါအဝင်လားရှိုးမြိူ့ကိုသိမ်းယူနိုင်ခဲ့သည်။ သို့​သော် တရုတ်က MNDAA ကိုပြင်းထန်စွာဖိအား​ပေးပြီး ကြားဝင်စွက်ဖက်သဖြင့် လားရှိုးမြို့ကို စစ်ကောင်စီက တရုတ်အကူအညီဖြင့် ပြီးခဲ့သည့် ဧပြီလတွင် ကျည်တစ်ချက်မ​ဖောက်ရဘဲပြန်လည်ရရှိခဲ့သည်။

လားရှိုးမြို့ကို စစ်ကောင်စီကပြန်လည်ထိန်းချုပ်ပြီးနောက် လုယက်မှုများ၊ ခိုးမှုများ၊ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေသည်။လေကြောင်းအန္တရာယ်မစိုးရိမ်ရတော့သည်မှလွဲ၍ တရားဥပဒေစိုးမိုးမှုမရှိတော့ကြောင်း လားရှိုးမြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ၊ ချမ်အေးသာစံမြို့နယ်မှာ ဒီနေ့ ( သြဂုတ် ၂၂ ရက် ) မနက်အစောပိုင်းကားနဲ့ လူငါးဦးအဖွဲ့က ဆိုင်ကယ်ဆီပြတ်လို့တွန်းလာတဲ့ အမျိုးသားကိုအုပ်စုဖွဲ့ရိုက်နှက်ပြီး ဆိုင်ကယ်နဲ့ ဖုန်း လုယက်သွားတယ်လို့ သိရပါတယ်။

သတင်း

MNDAA နှင့် စစ်ကောင်စီ လားရှိုးမြို့၌ သြဂုတ် ၁၄ ရက်​နေ့တွေ့ဆုံဆွေးနွေးမှု အဆင်မပြေဖြစ်ပြီးနောက်ရှမ်းပြည်နယ်မြောက်ပိုင်းအား လေကြောင်းတိုက်ခိုက်နိုင်သည့်သတင်းများ ထွက်ပေါ်နေပြီး ကွတ်ခိုင်၊ နမ့်ဖက်ကာမြို့တို့တွင် စာသင်ကျောင်းများ ပိတ်လိုက်ပြီး ကျောင်းသားများကို ပြန်လွှတ်နေကြောင်း​ဒေသခံအချို့က​ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၇ ) ကနေအိမ် တစ်အိမ်မှာ သားအဖလေးဦး သေဆုံးနေမှုဖြစ်ပွားခဲ့တ​ယ်လို့ သိရပါတယ်။

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။