close
Connect with us

Hi, what are you looking for?

သတင်း

မိုင်းငေါ့မှ ဘုန်းကြီး​ကျောင်းကိုစစ်ကောင်စီဗုံးကြဲ၊ကလေး၁ဦးသေဆုံးပြီးသံဃာတော်အပါ ၇ ဦးဒဏ်ရာရ

TNLA ထိန်းချုပ်ဒေသဖြစ်​သောမိုင်းငေါ့မြို့နယ်ခွဲမှ ဘုန်းကြီးကျောင်းကိုစစ်ကောင်စီက ယနေ့ည‌နေတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ ကလေးငယ် ၁ဦးသေဆုံးပြီး သံဃာတော်သုံးပါးအပါအဝင် ၇ဦးဒဏ်ရာရရှိခဲ့သည်။

ဘုန်းကြီး​ကျောင်းကို ဗုံးကြဲခံရပြီး​နောက်​​တွေ့ရစဥ်။ဓါတ်ပုံ-TNLA

သြဂုတ်-၂၃၊၂၀၂၅။ဇော်ရမ်းသံဃာတော်သုံးပါး/People’s Spring

TNLA ထိန်းချုပ်ဒေသဖြစ်​သောမိုင်းငေါ့မြို့နယ်ခွဲမှ ဘုန်းကြီးကျောင်းကိုစစ်ကောင်စီက ယနေ့ည‌နေတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ ကလေးငယ် ၁ဦးသေဆုံးပြီး သံဃာတော်သုံးပါးအပါအဝင် ၇ဦးဒဏ်ရာရရှိခဲ့သည်။

မိုင်းငေါ့မြို့နယ်ခွဲ၊ကွန်စလမ်းကျေးရွာဘုန်းကြီးကျောင်းကိုသြဂုတ်၂၃ ရက်ညနေ ၃ နာရီ ၄၀ မိနစ်အချိန်၌ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံးကြဲချခဲ့သဖြင့်ကလေးငယ် (၁)ဦးသေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး ၊သံမဏေ (၁)ပါး၊ အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၂)ဦးဒဏ်ရာရရှိခဲ့သည်ဟု TNLA ကသတင်းထုတ်ပြန်သည်။

ထိုအပြင်ဘုန်းကြီးကျောင်းအတွင်းရှိဘုရားခန်း (၁)ခန်း၊ ဆွမ်းစားဆောင် (၁)ဆောင်၊ ဇရပ် (၂)ခု၊ ကျေးရွာဆေးပေးခန်း (၁)ခန်းနှင့် နေအိမ် (၁၂)အိမ်တို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မိုင်းငေါ့မြို့နယ်ခွဲသည်ကျောက်မဲမြို့နယ်တွင်ပါဝင်သည်။လက်ရှိတွင်စစ်ကောင်စီသည် ကျောက်မဲမြို့ကိုဦးတည်၍ စစ်ကြောင်းထိုးရန်ကြိုးစားနေပြီး နောင်ပိန်ရွာ၌တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။ နောင်ပိန်ရွာကိုလည်း သြဂုတ်လ၁၉ရက်နေ့မှစတင်၍ စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးပြီး လေကြောင်းမှဗုံးကြဲ၍ အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။

မိုင်းငေါ့မြို့နယ်ခွဲကိုဇူလိုင်လ ၁၅ရက်နေ့လယ်ပိုင်းတွင်လည်း စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ဒေသခံပြည်သူများ​လေကြောင်းအန္တရာယ်သတိပြုရန်နှင့်စစ်ရေးသတိရှိကြရန် TNLA က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်နဲ့အုတ်ဖိုမြို့နယ်အစပ်ကကျေးရွာတွေကို စစ်ကောင်စီတပ်က ညအချိန် လက်နက်ကြီးတွေနဲ့ပစ်တာ၊ ဒရုန်းအသုံးပြု ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက People's Spring ကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းမှ ဗုံးကြဲစဉ် ထိခိုက်သေဆုံးခဲ့သော အရပ်သားများအား တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့ဝင်များဟုဆိုကာ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးသမားများက ရေးသားနေပြီး အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ရေး ဆက်လက်လှုံ့ဆော်နေသည်။

သတင်း

တရုတ်အစိုးရ ဖိအားကြုံနေရသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေသည့် တအာင်းတပ်မတော်(TNLA) အပါအဝင် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ကို ၀တပ်ဖွဲ့(UWSA) ခေါ်ယူတွေ့ဆုံပြီး လက်နက်ခဲယမ်းနှင့် ငွေကြေး ပံ့ပိုးပေးတော့မည်မဟုတ်ကြောင်း UWSA၏ စစ်ရေးဆုံးဖြတ်ချက်ကို ပြောဆိုခဲ့သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း မြို့အချို့တွင် ဒေသခံ ပြည်သူများအား စစ်ကောင်စီက မလာမနေရ ခေါ်ယူပြီး ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော်(TNLA)တို့ကို ဆန္ဒပြခိုင်းသည့် လုပ်ရပ်ကို အားမပေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ယနေ့ ဩဂုတ်၁၈ရက်တွင် ထုတ်ပြန်သည်။